တစ်ပတ်အတွင်း တနင်္သာရီသတင်း (နိုဝင်ဘာလ ၂၁ ရက်ကနေ ၂၇ ရက်နေ့အထိ)
diz_admin
November 27, 2022တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါတနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
ကမ္ဘာ့ဖလားပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် ဒီနေ့မှာ ယှဉ်ပြိုင်မယ့် ကမ္ဘာ့ဖလားပွဲစဉ်တွေထဲမှာလည်း အကြိတ်အနယ်ပွဲကောင်းတွေက ပါဝင်လို့နေပါတယ်။ အုပ်စုအဖွင့်ပွဲစဉ်တုန်းက ပြင်သစ်ကို ဂိုးပြတ်အရေးနိမ့်ခဲ့ရတဲ့ ဩစတြေးလျဟာ တူနီးရှားနဲ့ ကစားရဖို့ ရှိနေပါတယ်။ အဲ့ဒီပွဲစဉ်ကို မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲမှာ ယှဉ်ပြိုင်ကစားစေမှာပါ။ ဒီပွဲစဉ် ပြီးသွားရင်တော့ အာဂျင်တီးနားကို အနိုင်ယူပြလိုက်လို့ နာမည်ကြီးနေတဲ့ ဆော်ဒီအာရေဗျက ပိုလန်ကို ရင်ဆိုင်မယ့်ပွဲစဉ်ရောက်ရှိလာပါလိမ့်မယ်။ ည ၁၀ နာရီခွဲအချိန်မှာတော့ လက်ရှိချန်ပီယံ ပြင်သစ်နဲ့ ခြေတက်နေတဲ့ ဒိန်းမတ်တို့ အားပြိုင်မယ့်ပွဲစဉ် ရောက်ရှိလာမှာပါ။ နိုဝင်ဘာလ ၂၇ ရက်နေ့ဆီကို ကူးပြောင်းပြီးတဲ့နောက် မနက် ၁ နာရီခွဲအချိန်ရောက်ရင် အာဂျင်တီးနားရဲ့ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့်ပွဲစဉ် ကစားရပါလိမ့်မယ်။ ဒီတစ်ပွဲမှာ အာဂျင်တီးနားရင်ဆိုင်ရမယ့်ပြိုင်ဘက်က မက္ကဆီကို ပါပဲ။
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ နိုဝင်ဘာ ၁၉ ရက်နေ့ကနေ နိုဝင်ဘာ ၂၅ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
Dawei Watch ရဲ့ ‘တနင်္သာရီသတင်း’ အသံလွှင့်အစီအစဉ်ကို စတင်လိုက်ပါပြီ။ မြန်မာနိုင်ငံတောင်ပိုင်း ဒေသဖြစ်တဲ့ တနင်္သာရီတိုင်းက သတင်းအကြောင်းအရာတွေကို စုစည်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Dawei Watch Podcast အစီအစဉ်မှာတော့ နေ့စဉ်သတင်းတွေ၊ အပတ်စဉ်သတင်းတွေ၊ အားကစားသုံးသပ်ချက်တွေအပြင် ဓလေ့ သမိုင်း အစီအစဉ်တွေကို ရယူနားဆင်နိုင်မှာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ဝေဖန်အကြံပြုချက်တွေကိုလည်း ဖိတ်ခေါ်ပါရစေ။ ဒီအစီစဉ်လေးကို လူများများသိရှိဖို့ မျှဝေပေးကြပါလည်း တိုက်တွန်းအပ်ပါတယ်။ အောက်ဖော်ပြပါ လင့်တွေကနေ နားဆင်နိုင်ပါပြီ။
ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် ဒီနေ့မှာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အုပ်စုဒုတိယပွဲစဉ်တွေ စတင်ပါပြီ။ ပွဲစဉ်တွေကလည်း မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲအချိန်ကတည်းက စတင်မှာဖြစ်လို့ တဝကြီး ကြည့်ရှုခံစားခွင့်ကို ရရှိဦးမှာပါ။ ညနေ ၄ နာရီခွဲမှာတော့ ဝေလနဲ့ အီရန်တို့ရဲ့ပွဲစဉ် စတင်ယှဉ်ပြိုင်မှာဖြစ်ပြီး ည ၇ နာရီခွဲအချိန်ရောက်ရင်တော့ အိမ်ရှင်ကာတာနဲ့ ဆီနီဂေါတို့ရဲ့ပွဲစဉ်ကို ရှုစားရမှာပါ။ ည ၁၀ နာရီခွဲအချိန်ကိုရောက်ရင် နယ်သာလန်နဲ့ အီကွေဒေါတို့ပွဲစဉ်ကို ကစားစေမှာပဲဖြစ်ပါတယ်။ နောက်တစ်နေ့ဆီကို ကူးပြောင်းသွားတဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့ မနက် ၁ နာရီခွဲမှာတော့ အင်္ဂလန်နဲ့ အမေရိကန်တို့ရဲ့ပွဲစဉ် ရောက်ရှိလာမှာပါ။ ကမ္ဘာ့ဖလားဟာ တဖြည်းဖြည်းချင်း ဇာတ်ရှိန်မြင့်တက်လာခဲ့ပြီလည်း ဖြစ်ပါတယ်။
Dawei Watch ရဲ့ ‘တနင်္သာရီသတင်း’ အသံလွှင့်အစီအစဉ်ကို စတင်လိုက်ပါပြီ။ မြန်မာနိုင်ငံတောင်ပိုင်း ဒေသဖြစ်တဲ့ တနင်္သာရီတိုင်းက သတင်းအကြောင်းအရာတွေကို စုစည်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Dawei Watch Podcast အစီအစဉ်မှာတော့ နေ့စဉ်သတင်းတွေ၊ အပတ်စဉ်သတင်းတွေ၊ အားကစားသုံးသပ်ချက်တွေအပြင် ဓလေ့ သမိုင်း အစီအစဉ်တွေကို ရယူနားဆင်နိုင်မှာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ဝေဖန်အကြံပြုချက်တွေကိုလည်း ဖိတ်ခေါ်ပါရစေ။ ဒီအစီစဉ်လေးကို လူများများသိရှိဖို့ မျှဝေပေးကြပါလည်း တိုက်တွန်းအပ်ပါတယ်။ အောက်ဖော်ပြပါ လင့်တွေကနေ နားဆင်နိုင်ပါပြီ။
ကမ္ဘာ့ဖလားပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် ဒီနေ့မှာလည်း ကမ္ဘာ့ဖလားပွဲစဉ်တွေကို တဝကြီး ကြည့်ရှုခံစားရဦးမှာပါ။မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲအချိန်ကတည်းက ဆွစ်ဇာလန်နဲ့ ကင်မရွန်းပွဲစဉ်ကို စတင်ရှုစားရပါလိမ့်မယ်။ ည ၇ နာရီခွဲအချိန်ကိုရောက်ရင်တော့ ဥရုဂွေးနဲ့ တောင်ကိုရီးယားတို့ အားပြိုင်မယ့် ပွဲကောင်းတစ်ပွဲက အသင့်စောင့်ကြိုနေပါတယ်။ ညနက်ပိုင်း ပွဲစဉ်နှစ်ပွဲကတော့ ပရိသတ်တွေ စောင့်မျှော်နေတဲ့ ပွဲကြီးပွဲကောင်းတွေပါ။ ည ၁၀ နာရီခွဲ ပွဲစဉ်က စီရော်နယ်ဒို ဦးဆောင်လာမယ့် ပေါ်တူဂီနဲ့ အာဖရိကမှာ ခြေစွာနေတဲ့ ဂါနာတို့ အားပြိုင်မယ့်ပွဲစဉ်ပါ။ နောက်တစ်နေ့ မနက်ဆီကို အချိန်ကူးပြောင်းသွားတဲ့ မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲမှာ အားပြိုင်မှာကတော့ နာမည်ကြီး ဘရာဇီးနဲ့ ဆားဘီးယားတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ ဒီနေ့မှာ ဘယ်အသင်းတွေ ရလဒ်ကောင်း ရရှိနိုင်လေမလဲဆိုတာ ရင်ခုန်လိုက်ကြရအောင်လား။
ဂလေဇာတွေကို မန်ယူဆီ ဘယ်သူ ခေါ်သွင်းလာသလဲဆိုတာကနေ ဒီအကြောင်းကို အစပြုရပါလိမ့်မယ်။ မန်ယူကို ဂလေဇာမိသားစု ဝယ်ယူဖြစ်အောင် နောက်ကွယ်က ကြိုးကိုင်စီမံခဲ့သူ လက်မည်းကြီးရှိပါတယ်။ အဲ့ဒါကတော့ မန်ယူပရိသတ်တွေ အရမ်းချစ်ကြတဲ့ ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ပါပဲ။ အဲ့ဒီကာလတုန်းက ဘုတ်အဖွဲ့စနစ်နဲ့လည်ပတ်နေခဲ့တဲ့ မန်ယူအသင်းတာဝန်ရှိသူတွေဟာ မန်ယူကို ဂလေဇာမိသားစုဆီ သိပ်ပြီး မရောင်းချင်ခဲ့ပါဘူး။ ဒါပေမဲ့ နည်းပြကြီး ဖာဂူဆန်ရဲ့အကြံပေးမှုတွေအတိုင်း တစ်ဆင့်ချင်းအလိုက် စိတ်ရှည်ရှည်နဲ့ ဆောင်ရွက်လိုက်အပြီးမှာတော့ ဂလေဇာမိသားစုက မန်ယူကို အောင်မြင်စွာနဲ့ ပိုင်ဆိုင်ခွင့်ရသွားခဲ့ပါတယ်။ အခုအချိန်မှာ ဂလေဇာမိသားစုက မန်ယူကို ဘာကြောင့် ရောင်းထုတ်ချင်လာသလဲဆိုတော့ စီးပွားရေးသမားပီပီ စွန့်ချိန်တန်လို့ စွန့်လာတဲ့သဘောပါပဲ။ ရိုးရိုးရှင်းရှင်းနဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် မန်ယူအတွက် ထပ်တိုးရင်းနှီးမြှုပ်နှံမှုတွေကို ဂလေဇာမိသားစုဘက်က မလုပ်ချင်တော့တာကြောင့်ပဲဖြစ်ပါတယ်။