ဧပြီလ ၁၇ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
diz_admin
April 17, 2023Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါDawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
ထားဝယ် သင်္ကြန်အတက်နေ့ ထားဝယ်သင်္ကြန်နောက်ဆုံးနေ့ သင်္ကြန်အတက်နေ့မှာလည်း မဏ္ဍပ်တွေမှာပဲ ရေကစားသူတွေနဲ့ ဖျော်ဖြေရေးအစီအစဉ်တွေကို လာရောက်ကြည့်ရှုသူတွေရှိခဲ့ပါတယ်။ မြို့ထဲမှာတော့ ရေကစားတဲ့သူ အနည်းငယ်ပဲ ရှိခဲ့ပါတယ်။ ထားဝယ်-လောင်းလုံး ဆက်သွယ်ထားတဲ့ ကမြောကင်းတံတားမှာ ဒီမနက်ကနေ မွန်းလွဲပိုင်းအထိ စစ်ဆေးမှုတွေ တင်းကျပ်ခဲ့ပါတယ်။
မြို့စား မင်းနဲလှ သာဂရမြို့မှ ပြောင်းရွှေ့ပြီး ထားဝယ်မြစ်အရှေ့ဘက်ခြမ်းမှာ ထားဝယ်မြို့ကို သာယာဝတီဆိုတဲ့ မြို့အမည်နဲ့ တည်ခဲ့တာပါ။ ထားဝယ်မြို့ကို သာယာဝတီဆိုတဲ့ အမည်နဲ့ ဘာကြောင့် တည်ခဲ့တာပါလဲ။ အဲဒီကနေ ထားဝယ်ဆိုတဲ့အမည်နဲ့ ဘယ်လိုရှင်သန်လာခဲ့တာလဲဆိုတဲ့အကြောင်း တင်ဆက်ပေးထားပါတယ်။ Dawei Watch မီဒီယာရဲ့ ‘ဓလေ့သမိုင်း’ အစီအစဉ်မှာ တနင်္သာရီတိုင်းက သမိုင်းဝင်အကြောင်းအရာတွေနဲ့ ဓလေ့တွေအကြောင်းကို အပတ်စဉ်ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပါတယ်။
ခမ်းဇတ်ဆိုတာ ကြမ်းမှကြမ်း၊ ရမ်းမှရမ်းဆိုတဲ့ ဖိုက်တာကြီးပါ။ ကိုယ်ခံပညာစုံတိုက်ခိုက်ရေးလောကထဲမှာ အထိုးအကြိတ်၊ အသတ်အပုတ် အရမ်းကောင်းတဲ့ ဆွီဒင်သားကြီး ဖြစ်ပါတယ်။ အခု ခမ်းဇတ် မျက်ရည်တွေ ကျဆင်းနေပါတယ်။ ကလေးငယ်ကောင်မလေးတစ်ယောက်ရဲ့ပြောစကားတွေကြောင့် ခမ်းဇတ် မျက်ရည်တွေ ကျဆင်းလို့နေပါတယ်။ ကလေးမလေးက ချေချင်းညှာစစ်ပွဲမှာ မိဘတွေ ကွယ်လွန်သွားခဲ့လို့ မောင်နှမနှစ်ယောက်တည်း ဘဝကို ဖြတ်သန်းနေရသူပါ။ သူတို့ မောင်နှမနှစ်ယောက်ဟာ အနိုင်ကျင့်တာတွေကိုလည်း မကြာခဏ ခံစားရလေ့ရှိပါတယ်။ ဒါကြောင့် ကလေးမလေးက ခမ်းဇတ်နဲ့ဆုံခွင့်ရချိန်မှာ စကားတစ်ခွန်းပဲ ပြောခဲ့ပါတယ်။ “သမီးတို့ အနိုင်ကျင့်မခံရအောင် သမီးရဲ့အစ်ကို ကို သိုင်းသင်ပေးပါလားဟင်” ဆိုတာက ခမ်းဇတ်ကို ကလေးမလေး ပြောခဲ့တဲ့စကားပါပဲ။ ဒီစကားကို ကြားရချိန် ခမ်းဇတ်ဘာကြောင့် မျက်ရည်ကျရတာပါလဲ။
သင်္ကြန်အကြတ်နေ့မှာလည်း ထားဝယ်မြို့ထဲရေကစားသူမရှိ သို့သော် ရေကစားမဏ္ဍပ်တွေမှာတော့ ရေကစားသူ၊ ဖျော်ဖြေရေးအစီအစဉ်လာကြည့်သူတွေ ရှိခဲ့ပါတယ်။
Dawei Watch ပရိသတ်တွေကို အပတ်စဉ် တင်ဆက်ပေးနေကျဖြစ်တဲ့ ရင်ခုန်ခံစားအကောင်းဆုံးဘောလုံးပွဲစဉ်များ အစီအစဉ်ကနေပြီး ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေ ဝင်ရောက်လာပြီဖြစ်လို့ အသင်းကြီးတွေ ပွဲပန်းနေတာကို သတိပြုရပါလိမ့်မယ်။ အခုပွဲစဉ်တွေပြီးရင် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွေ ပြန်လည်ဝင်ရောက်လာမှာဖြစ်လို့ အသင်းကြီးတွေက အလှည့်ကျ လူထုတ်တာမျိုးတွေကို ဆောင်ရွက်ရတော့မှာပါ။ ဒီတစ်ပတ်ရဲ့အားပြိုင်မှုပြင်းထန်မယ့် ပွဲစဉ်တွေထဲက ပရိသတ်စိတ်ဝင်စားမှုမြင့်တက်နေတဲ့ပွဲစဉ်တွေကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် တင်ဆက် သုံးသပ်ပေးလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ အထင်ရှားဆုံး ကမ်းခြေတစ်ခုဖြစ်တဲ့ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်က မောင်းမကန်ကမ်းခြေမှာလည်း သင်္ကြန်အကျနေ့ဖြစ်ပေမယ့် လာရောက်လည်ပတ်သူ နည်းပါးနေပါတယ်။
သင်္ကြန်အကျနေ့ရောက်လာပေမယ့် ထားဝယ်မြို့ထဲမှာတော့ ရေကစားသူမတွေ့ရသလို ငွေကုန်ကြေးကျခံပြီး ဆောက်ထားတဲ့ မဏ္ဍပ်တွေကလည်း ခြောက်ကပ်နေပါတယ်။ ဗဟိုမဏ္ဍပ်မှာတော့ စစ်ကောင်စီတပ်၊ ရဲ၊ ယာဉ်ထိန်းရဲတို့က လုံခြုံရေးယူပြီး သီချင်းဆိုနေတာရှိပေမယ့် ကြည့်ရူတဲ့သူကတော့ ဆယ်ဂဏန်းလောက်ပဲ ရှိတာတွေ့ရပါတယ်။