ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုပ်သံ

ဘောက်ဆင်းဒေး(Boxing Day)နေ့အတွက် အကောင်းဆုံးပွဲစဉ် ၄ ပွဲကို ရွေးချယ်ခြင်း

diz_admin

December 26, 2022

ကမ္ဘာ့ဖလားပြိုင်ပွဲကြီးပြီးသွားလို့ တစ်ပတ်ကြာမြင့်အပြီးမှာပဲ လိဂ်ပြိုင်ပွဲတချို့က တက်သုတ်ရိုက် ဝင်ရောက်လာပါတယ်။ မနေ့က ခရစ္စမတ်နေ့မှာ မိသားစုနဲ့ပျော်ရွှင်ခွင့်ရခဲ့တဲ့ ကစားသမားတွေဟာ ဒီနေ့မှာတော့ Boxing Day နေ့ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားရတော့မှာပါ။ Boxing Day ဆိုတာက လက်ဝှေ့ထိုးတာကို ရည်ညွှန်းတာ မဟုတ်ရပါဘူး။ ခရစ္စမတ်နေ့မှာ လက်ဆောင်အဖြစ် ရရှိတဲ့ လက်ဆောင်သေတ္တာလေးတွေကို ဖွင့်ဖောက်ရင်ခုန်တဲ့နေ့အဖြစ် သတ်မှတ်ထားလို့ ဒီဇင်ဘာလ ၂၆ ရက်နေ့ကို ဘောက်ဆင်းဒေးလို့ ခေါ်ဝေါ်သမုတ်ကြတာပါ။ ဒီနေ့ညမှာ ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ ပရီးမီးယားလိဂ်က ဘောက်ဆင်းဒေးနေ့ပွဲစဉ်တွေနဲ့အတူ ပြန်လာပါတော့မယ်။ ဘောက်ဆင်းဒေးနေ့မှာ နယ်မြေအနီးဆုံးအသင်းတွေကို ထိပ်တိုက်ပေးတွေ့ပြီး ခရီးဝေးဝေး မသွားရအောင် စီမံပေးထားတာကလည်း ပရီးမီးယားလိဂ်ရဲ့ထူးခြားချက်တစ်ခုပါပဲ။ ဘောက်ဆင်းဒေး ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက အကောင်းဆုံးဖြစ်နိုင်ခြေရှိတဲ့ ပွဲစဉ် ၄ ပွဲကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ […]

ကော့သောင်းက ဘုရားဌာန်

Dawei Watch

December 25, 2022

သဘာဝကျောက်ဂူတွေကို စိတ်ဝင်စားသူတွေအတွက် မဖြစ်မနေသွားသင့်တဲ့ ဘုရားဌာန်တောင်က မြန်မာနိုင်ငံတောင်ဘက်စွန်းက ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်မှာ ရှိနေတာပါ။ ဘုရားဌာန်တောင်က ကျောက်ဂူတွေမှာ ခေတ်လက်ရာ အမျိုးမျိုးရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေကိုလည်း လေ့လာဖူးမျှော်နိုင်ပါသေးတယ်။ ဒါကြောင့် ရှေးဟောင်းသမိုင်း အထောက်အထားတွေ တွေ့မြင့်နိုင်တဲ့ ကော့သောင်းက ဘုရားဌာန်ဒေသ အကြောင်း တင်ဆက်လိုက်ရပါတယ်။

တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဒီဇင်ဘာလ ၁၉ ရက်ကနေ ၂၅ ရက်နေ့အထိ)

diz_admin

December 25, 2022

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

မက်ဆီ၊ အမ်ဘတ်ပေတို့နဲ့ တစ်ခေတ်တည်း ရှင်သန်ခဲ့သူအဖြစ် အမေ့ခံကျွန်တော့်ကို သတိရပေးပါ

diz_admin

December 24, 2022

တစ်နေ့နေ့ တစ်ချိန်ချိန်ရောက်လို့ အာဂျင်တီးနားက ပြင်သစ်ကို အနိုင်ယူသွားခဲ့တဲ့ သမိုင်းဝင် ကမ္ဘာ့ဖလားဗိုလ်လုပွဲအကြောင်းကို ပြောဖြစ်ခဲ့ရင်ပဲဖြစ်ဖြစ်၊ မက်ဆီနဲ့ အမ်ဘတ်ပေ ဆိုတဲ့ အမည်နာမတွေကို ရေရွတ်မိခဲ့ရင်ပဲဖြစ်ဖြစ် အဲ့ဒီလို ကစားသမားတွေ ထွန်းတောက်ခဲ့တဲ့ ခေတ်ကြီးထဲမှာ ဒီမာရီယာ ဆိုတဲ့ အမေ့လျော့ခံ သူရဲကောင်းတစ်ယောက်လည်း ရှိနေခဲ့ဖူးတယ်ဆိုတာကို သတိရစေချင်ပါတယ်။ ဒီမာရီယာရဲ့နာမည်က အိန်ဂျယ်လ် ဒီမာရီယာပါ။ အိန်ဂျယ်ဆိုတာက နတ်သားလို့ အဓိပ္ပါယ်ရပါတယ်။ မက်ဆီကို ရာဇဝင်တွင်တဲ့သူရဲကောင်းတစ်ယောက်ဖြစ်ဖို့ နောက်ကွယ်ကနေ နတ်သားတစ်ပါးက ကူညီပေးခဲ့တယ်ဆိုရင် အဲ့ဒီအိန်ဂျယ်နတ်သားဟာ ဒီမာရီယာပါပဲ။ အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလားချန်ပီယံဖြစ်ရေးမှာ နတ်သားတစ်ပါးက ကူညီခဲ့တယ်ဆိုရင်လည်း အဲ့ဒီနတ်သားဟာ အိန်ဂျယ် ဒီမာရီယာ ဖြစ်နေမှာပါပဲ။

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

diz_admin

December 24, 2022

ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဒီဇင်ဘာ ၁၇ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

‘တနင်္သာရီသတင်း’ အသံလွှင့်အစီအစဉ် (ဒီဇင်ဘာလ ၂၃)

diz_admin

December 23, 2022

Dawei Watch ရဲ့ ‘တနင်္သာရီသတင်း’ အသံလွှင့်အစီအစဉ်ကို စတင်လိုက်ပါပြီ။ မြန်မာနိုင်ငံတောင်ပိုင်း ဒေသဖြစ်တဲ့ တနင်္သာရီတိုင်းက သတင်းအကြောင်းအရာတွေကို စုစည်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Dawei Watch Podcast အစီအစဉ်မှာတော့ နေ့စဉ်သတင်းတွေ၊ အပတ်စဉ်သတင်းတွေ၊ အားကစားသုံးသပ်ချက်တွေအပြင် ဓလေ့ သမိုင်း အစီအစဉ်တွေကို ရယူနားဆင်နိုင်မှာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ဝေဖန်အကြံပြုချက်တွေကိုလည်း ဖိတ်ခေါ်ပါရစေ။

အိမ်လွမ်းဝေဒနာ၊ ပြီးတော့ မိုင်ပေါင်း ၅၀၀

diz_admin

December 23, 2022

ယခုအက်ဆေးလေးမှာ ၂၀၁၉ ဒီဇင်ဘာလ ၁၁ ရက်နေ့က Dawei Watch မီဒီယာတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က တနင်္သာရီရိုးမထဲတွင် တည်ရှိနေသည့် ရွာတစ်ရွာ၏ ခရစ္စမတ် ပျော်ပွဲရွှင်ပွဲလေးကို အခြေတည်ကာ ရေးဖွဲ့ထားခြင်းဖြစ်သည်။ယခုတော့ အာဏာသိမ်းဖြစ်စဉ် နောက်ဆက်တွဲဂယက်ကြောင့် အိမ်နှင့်ဝေးကွာနေရသူ အများအပြားရှိနေသည်။ ဝေးကွာနေသည့် မိသားစုဝင်များ ပြန်လည်ဆုံတွေ့ပြီး ခရစ္စမတ်ပွဲလေး ကျင်းပနေကြသော ယခုလိုအချိန်တွင် မြန်မာနိုင်ငံသား အများစုမှာတော့ အဝေးတစ်နေရာတွင် အိမ်ပြန်ချင်စိတ်ကို မြိုသိပ်ရင်း ယုံကြည်ရာခရီး နှင်နေကြရပေသည်။ အိမ်လွမ်းနေရသူများအတွက် ဒီအက်ဆေးလေးကို အသံဆောင်းပါးအဖြစ် အသက်သွင်းပြီး ပြန်လည်တင်ဆက်လိုက်ရပါသည်။

‘တနင်္သာရီသတင်း’ အသံလွှင့်အစီအစဉ် (ဒီဇင်ဘာလ ၂၂)

diz_admin

December 22, 2022

Dawei Watch ရဲ့ ‘တနင်္သာရီသတင်း’ အသံလွှင့်အစီအစဉ်ကို စတင်လိုက်ပါပြီ။ မြန်မာနိုင်ငံတောင်ပိုင်း ဒေသဖြစ်တဲ့ တနင်္သာရီတိုင်းက သတင်းအကြောင်းအရာတွေကို စုစည်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Dawei Watch Podcast အစီအစဉ်မှာတော့ နေ့စဉ်သတင်းတွေ၊ အပတ်စဉ်သတင်းတွေ၊ အားကစားသုံးသပ်ချက်တွေအပြင် ဓလေ့ သမိုင်း အစီအစဉ်တွေကို ရယူနားဆင်နိုင်မှာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ဝေဖန်အကြံပြုချက်တွေကိုလည်း ဖိတ်ခေါ်ပါရစေ။