ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုပ်သံ

ဩဂုတ်လ ၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

August 5, 2026

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ -လောင်းလုံးမြို့နယ် စမ်းလှမ်းရွာဓားပြတိုက်မူ ကျူးလွန်သူလေးဦးကို ဖမ်းမိပြီးငွေကြေးလက်ခံသူ ဖမ်းမမိသေးတဲ့ သတင်း -မြိတ်-ကော့သောင်းလမ်းမှာ တံတားငယ်တစ်စီးပျက်စီးလို့ သွားလာရေးခက်နေတဲ့အခြေအနေ -တနင်္သာရီမြို့နယ် လမိုင်းကော့ရွာကို စစ်အာဏာရှင်တပ် ဗုံးကြဲတဲ့သတင်း -ထိုင်းအရှေ့ပိုင်းမှာ တရားမဝင်လုပ်ကိုင်နေတဲ့ မြန်မာ ၂၀ နီးပါး ဖမ်းဆီးခံရတဲ့အကြောင်း -လောင်းလုံးမှာ စစ်ကြောင်းဝင်ပြီးနောက် ပျောက်ဆုံးနေတဲ့ အမျိုးသားနှစ်ဦးအတွက် မိသားစုက သပိတ်သွတ်လိုက်တဲ့သတင်း စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

ဩဂုတ်လ ၄ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

August 4, 2026

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ · ထားဝယ်မြို့မှာ ဆိုင်ဝန်ထမ်းသုံးဦး စစ်မှုထမ်းစုဆောင်းခံရတဲ့ အကြောင်း · ပုလောမှာ စစ်အာဏာရှင်တပ် ဒရုန်းဗုံးချလို့ ဒေသခံအမျိုးသားတစ်ဦးသေဆုံးတဲ့သတင်း · မောင်းမကန်ရွာ ဒေသခံရှစ်ဦးကို စစ်အာဏာရှင်တပ် ဖမ်းတဲ့အကြောင်း · လောင်းလုံးမှာ သားက ဓားနဲ့ခုတ်လို့ မိခင်ဖြစ်သူ ဒဏ်ရာရတဲ့သတင်း · ဒေါနအရှေ့ခြမ်းတိုက်ပွဲမှာ စစ်အာဏာရှင်တပ်စစ်ကြောင်း အထိနာတဲ့ အခြေအနေ · မဲဆောက်မှာ ဆယ်နှစ်ခံကတ် အလွဲသုံးစားလုပ်သူတွေကို ဖမ်းတဲ့အထဲ မြန်မာ ၁၂ ဦးပါနေတဲ့ အကြောင်း စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

ထားဝယ်မှာ ဆိုင်ဝန်ထမ်းသုံးဦး စစ်မှုထမ်းစုဆောင်းခံရ

Dawei Watch

August 4, 2026

စစ်မှုထမ်းစုဆောင်းခံရသူသုံးဦးက ထားဝယ်မြို့ခံတွေမဟုတ်ဘဲ အခြားနေရာက အလုပ်လာလုပ်နေသူတွေ ဖြစ်ပါတယ်။

ဒေါနအရှေ့ခြမ်းတိုက်ပွဲမှာ စစ်အာဏာရှင်တပ်စစ်ကြောင်း အထိနာ

Dawei Watch

August 4, 2026

ဗိုလ်မှူးအဆင့်ရှိ စစ်ကြောင်းမှူးအပါအဝင် စစ်ကြောင်းတစ်ခုလုံးနီးပါး ပျက်စီးသွားတယ်လို့ ဆိုပါတယ်။