Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
· ထားဝယ်မြို့မှာ ဆိုင်ဝန်ထမ်းသုံးဦး စစ်မှုထမ်းစုဆောင်းခံရတဲ့ အကြောင်း
· ပုလောမှာ စစ်အာဏာရှင်တပ် ဒရုန်းဗုံးချလို့ ဒေသခံအမျိုးသားတစ်ဦးသေဆုံးတဲ့သတင်း
· မောင်းမကန်ရွာ ဒေသခံရှစ်ဦးကို စစ်အာဏာရှင်တပ် ဖမ်းတဲ့အကြောင်း
· လောင်းလုံးမှာ သားက ဓားနဲ့ခုတ်လို့ မိခင်ဖြစ်သူ ဒဏ်ရာရတဲ့သတင်း
· ဒေါနအရှေ့ခြမ်းတိုက်ပွဲမှာ စစ်အာဏာရှင်တပ်စစ်ကြောင်း အထိနာတဲ့ အခြေအနေ
· မဲဆောက်မှာ ဆယ်နှစ်ခံကတ် အလွဲသုံးစားလုပ်သူတွေကို ဖမ်းတဲ့အထဲ မြန်မာ ၁၂ ဦးပါနေတဲ့ အကြောင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။






