ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုပ်သံသတင်း

နဘုလယ် ကျွဲမင်းခြေရာ ရေထွက်ဟုဆိုကာ ရေလာခပ်သူများပြား

diz_admin

September 8, 2021

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် နဘုလယ်ဒေသရှိ စက္ကပါလ ကျွဲမင်းရုပ်တု၏ လက်မှ တစ်ဆင့် ရေထွက်နေသည်ဟုဆိုကာ လာရောက်ခပ်ယူသူများနေကြောင်း ဒေသခံများထံမှသိရသည်။ စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက ယင်းကျွဲမင်းရုပ်တု၏ ရှေ့လက်နှစ်ချောင်း၏ ညဖက်လက်ကနေ ရေထွက်တာ တွေ့ရပြီးနောက် ဒေသခံများသည် ပလတ်စတစ်ဘူးများဖြင့် ရေယူရန် ရောက်လာကြသည်ဟု ဒေသခံတစ်ဦးကပြောသည်။ “ရေကတော့ တစ်နာရီ ခြောက်ဘူးလောက် ထွက်တယ်။ လူတွေက သတင်းကြားတာနဲ့ အများကြီးပဲ ရောက်လာတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါကျွဲမင်းခြေရာသည် ရေဖြူမြို့နယ် ပရဒတ်ကျေးရွာတွင် တည်ရှိပြီး ထားဝယ်မြို့မှ မိုင် ၂၀ ကျော် ခန့် ကွာဝေးသည်။ နဘုလယ်ဒေသ ခြေတော်ရာဘုရားနှင့် ကျွဲမင်းရုပ်တုတို့မှာ ထားဝယ်ဒေသတွင် ထင်ရှားသည်။

ပုလောမြို့နယ် ပိန္နဲတောင်ရွာအနီး နှစ်ဘက်ပစ်ခတ်မှု

diz_admin

September 7, 2021

KNU တပ်မဟာ ၄ တပ်ရင်း ၇ တပ်ခွဲ ၂ ထိန်းချုပ်ဒေသ ပုလောမြို့နယ် ပိန္နဲတောင်ရွာအနီး ယနေနံနက်ပိုင်းက နှစ်ဘက်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ပုလောမြို့ အရှေ့ဘက် ခြောက်မိုင်ခန့်အကွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နံနက် ၈ နာရီကျော်တွင် စစ်တပ်ဘက်က ပြန်ဆုတ်သွားပြီးနောက် ၁၀ နာရီခန့်တွင် နောက်တစ်ကြိမ်ပြန်တက်လာပြီး ပစ်ခတ်မှု ထပ်မံဖြစ်ပွားနေကြောင်း ဒေသခံအချို့ထံကနေ သိရပါတယ်။

မိုးစက်ကြားက အမျိုးသမီးထုသပိတ်

diz_admin

September 3, 2021

လောင်းလုံးမြို့နယ်ထဲမှ အမျိုးသမီးတွေပူးပေါင်းကာ စက်တင်ဘာ ၃ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။

လောင်းလုံးသပိတ်

diz_admin

August 30, 2021

လောင်းလုံးမြို့နယ်ရှိ အမျိုးသမီး‌တွေ၊ လူငယ်တွေနဲ့ အခြေခံပညာကျောင်းသူ ကျောင်းသားတွေ ပူးပေါင်းပြီး ဩဂုတ်လ ၃၀ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

လောင်းလုံးအမျိုးသမီးထုသပိတ်

diz_admin

August 28, 2021

လောင်းလုံးမြို့နယ်အတွင်းရှိ အမျိုးသမီးတွေဦးဆောင်ကာ သြဂုတ်လ ၂၈ရက်တွင် ‘နှင်းဆီရောင် အမျိုးသမီးထု လှုပ်ရှားမှု’ ခေါင်းစဥ်ဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

လောင်းလုံးမြို့နယ်သပိတ်

diz_admin

August 27, 2021

လောင်းလုံးမြို့နယ်ရှိ အမျိုးသမီးတွေ၊ လူငယ်‌တွေနဲ့ အခြေခံပညာ ကျောင်းသူ‌ကျောင်းသားတွေ ပူးပေါင်းပြီး ဩဂုတ်လ ၂၇ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး  ချီတက်ဆန္ဒပြခဲ့ပါတယ်။