ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုပ်သံသတင်း

ပုဂေါ်ဇွန်းရွာတွင် ဆီအုန်းခြံမီးလောင်

diz_admin

January 25, 2023

ရေဖြူမြို့နယ် ပုဂေါဇွန်းရွာအပြင်ဘက်က ဆီအုန်းခြံ ဒီနေ့နံနက် ၁၁ နာရီလောက်က စပြီးမီးလောင်နေတာပါ။ ခြံထဲက နေအိမ်တွေလည်း မီးလောင်ခဲ့ပါတယ်။ နေ့လယ် ၁၂ နာရီဝန်းကျင်အထိ နေအိမ်သုံးလုံးနဲ့ မွေးမြူရေးခြံတစ်ခု မီးလောင်သွားပါပြီ။ဆီအုန်းတော တစ်ဝိုက်မှာ မွေးမြူရေးခြံအချို့အပါအဝင် နေအိမ်ငယ် အလုံးငါးဆယ်ထက်မနည်း ရှိနေပါတယ်။ ရေဖြူမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ဒေသခံပရဟိတအသင်းအဖွဲ့တွေနဲ့ ရွာသူရွာသားတွေ ပူပေါင်း ငြှိမ်းသတ်နေကြပါတယ်။ နေ့လယ် ၁ နာရီအထိ မီးလောင်နေဆဲပဲ ရှိပါသေးတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

ပိတ်လှောင်ခံထားရတဲ့ မြန်မာ ၇ ဦး ဘယ်လိုကယ်တင်ခဲ့ရလဲ

diz_admin

January 21, 2023

မြန်မာနိုင်ငံသား ၇ ဦးကို ဘန်ကောက်က အခန်းကျဉ်းလေးထဲမှာ ပိတ်လှောင်ထားခဲ့တဲ့ ဖြစ်စဉ်ကို သိရှိခဲ့ပြီးနောက်မှာတော့ ကယ်တင်ဖို့အတွက် ကြိုးစားခဲ့ကြပါတယ်။ ပိတ်လှောင်ထားတဲ့ မြန်မာ ၇ ဦးကို ကယ်တင်နိုင်ဖို့ ဘယ်လိုတွေလုပ်ဆောင်ခဲ့ရလဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။

မှော်ဘီမြို့နယ်ရှိ Grand Royal အရက်ချက်စက်ရုံမီးလောင်

diz_admin

January 13, 2023

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာအုပ်စု၊ အမှတ်(၄)လမ်းမကြီးရှိ Grand Royal အရက်ချက်စက်ရုံမှာ ယနေ့ညနေ ၃ နာရီ မိနစ် ၃၀ ခန့်မှစတင်ကာ မီးလောင်မှုဖြစ်ပွားနေပြီး ည ၈ နာရီကျော်သည်အထိ လောင်ကျွမ်းနေဆဲဖြစ်သည်။ ရုပ်သံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

မြိတ်မြို့မှ စွန့်ဦးတီထွင်သူရဲ့ လက်ရာသစ် အုန်းဆံမျှင်အလှပန်းအိုး

diz_admin

January 12, 2023

မြိတ်မြို့ ဘလောက်စုရပ်ကွက်နေ ဦးသန်းဇော်ဦးက ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေစပြီး အုန်းဆံမျှင်ကနေ အလှပန်းအိုးကို တီထွင်ထုတ်လုပ်နေတာပါ။ ဦးသန်းဇော်ဦးဟာ ၂၀၁၇ တုန်းကလည်း တစ်ခါသုံးထမင်းဘူး၊ တစ်ခါသုံး ပန်းကန်တွေကို ကွမ်းသီးဖတ် (ဒေသအခေါ် ဘုတ်ဖတ်)ကို အသုံးပြုပြီးတော့ ထုတ်လုပ်ခဲ့တာကြောင့် စွန့်ဦးတီထွင်သူအဖြစ် လူသိများသူတစ်ဦးပါ။ သူ့ရဲ့ ဆန်းသစ်မှု တစ်ခုဖြစ်တဲ့ အုန်းဆံမျှင်အလှပန်းအိုးတွေ အကြောင်းကို မေးမြန်းတင်ဆက်လိုက်ပါတယ်။

ဟင်းချိုတောရွာမှာ ဘာတွေဖြစ်ခဲ့တာလဲ

diz_admin

January 11, 2023

ဟင်းချိုတောကျေးရွာမှာ ဒီနေ့မနက်အစောပိုင်းက လက်နက်ကိုင် လူတစ်စုဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့တာ၊ သေနတ်နဲ့ပစ်ခတ်တာ၊ ဒေသခံတွေကို စစ်ဆေးတာတွေ လုပ်ခဲ့ကြပါတယ်။ ဒီလိုအကြမ်းဖက်လုပ်ရပ်ကို လုပ်ခဲ့တဲ့သူတွေက လက်မောင်းမှာ အဖြူရောင်လက်ပတ်တွေ ပတ်ထားခဲ့ပါတယ်။ ဒေသခံတွေကတော့ ပျူစောထီးတွေ ဖြစ်တယ်လို့ အခိုင်အမာပြောဆိုနေကြပါတယ်ဟင်းချိုတောရွာမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ဒေသခံတစ်ဦးနဲ့ မေးမြန်းဖော်ပြလိုက်ပါတယ်။

ဝကုန်းရွာကအိမ်တွေ မီးရှို့ခံရ

diz_admin

January 8, 2023

ထားဝယ်မြို့နယ်၊ ဝကုန်းရွာမှာ ဒီနေ့မနက်က နေအိမ်တွေမီးရှို့ခံနေရပါတယ်။ ဒီနေ့ညနေ ၃ နာရီအထိ ရရှိတဲ့စာရင်းအရ နေအိမ် ၁၅ လုံးမီးလောင်သွားပါတယ်။

ပုလောမြို့နယ်က နေအိမ်တွေ မီးရှို့ခံရ

diz_admin

January 6, 2023

ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်အကြား စစ်‌ရေးပြင်းထန်နေပါတယ်။ တိုက်ပွဲတွေနဲ့အတူ ဒေသခံတွေရဲ့ နေအိမ်တွေလည်း မီးရှို့ဖျက်ဆီးခံနေရတာပါ။ ပုလောမြို့နယ်ထဲက နေအိမ် ၇၀ လောက် မီးရှို့ခံရပြီး နေအိမ်အချို့ ဖျက်ဆီးခံရတဲ့အကြောင်း တင်ဆက်လိုက်ပါတယ်။

ကိုယ့်ကိုယ်ကိုသတ်သေတာတွေ ဆက်တိုက်ဖြစ်နေတာ ဘာကြောင့်ပါလဲ..

diz_admin

January 6, 2023

အာဏာသိမ်းပြီးနောက်ပိုင်း ကိုယ့်ကိုယ်ကိုသတ်သေတာတွေ ခပ်စိပ်စိပ်ဖြစ်လာနေပါတယ်။ တနင်္သာရီတိုင်းထဲမှာလည်း ဒီလိုသတ်သေတဲ့ ဖြစ်စဉ်တွေ ပိုများလာနေပါပြီ။ ကိုယ့်ကိုယ်ကိုသတ်သေသူတွေထဲမှာ အသက်ငယ်ရွယ်သူတွေပါသလိုပဲ အသက်ကြီးသူတွေလည်း ပါဝင်နေပါတယ်။ လူတွေဘာကြောင့် ဒီလိုမျိုး သတ်သေဖို့အထိ ဖြစ်လာရတာလဲ။ ဘယ်လိုအကြောင်းအရင်းတွေက တွန်းပို့နေတာလဲ။