ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုပ်သံသတင်း

ထားဝယ်မြို့ရဲ့ သင်္ကြန်အကျနေ့

diz_admin

April 14, 2023

သင်္ကြန်အကျနေ့ရောက်လာပေမယ့် ထားဝယ်မြို့ထဲမှာတော့ ရေကစားသူမတွေ့ရသလို ငွေကုန်ကြေးကျခံပြီး ဆောက်ထားတဲ့ မဏ္ဍပ်တွေကလည်း ခြောက်ကပ်နေပါတယ်။ ဗဟိုမဏ္ဍပ်မှာတော့ စစ်ကောင်စီတပ်၊ ရဲ၊ ယာဉ်ထိန်းရဲတို့က လုံခြုံရေးယူပြီး သီချင်းဆိုနေတာရှိပေမယ့် ကြည့်ရူတဲ့သူကတော့ ဆယ်ဂဏန်းလောက်ပဲ ရှိတာတွေ့ရပါတယ်။

နခံတောရွာလယ်ကျောင်းဆရာတော် ဦးဝါယမ၏ အန္တိမ အဂ္ဂိဈာပနအခမ်းအနား

diz_admin

April 7, 2023

ဧပြီလ ၁ ရက် မနက် ၈ နာရီတွင် ဘဝနတ်ထံပျံလွန်တော်မူသွားသည့် လောင်းလုံးမြို့နယ် နခံတောရွာလယ်ကျောင်းဆရာတော် ဦးဝါယမ၏ အန္တိမ အဂ္ဂိဈာပန အခမ်းအနားကို ရိုက်ကူးပူဇော်တင်ဆက်လိုက်ပါသည်။

နခံတောရွာလယ်ကျောင်းဆရာတော် ဦးဝါယမ၏ အန္တိမ အဂ္ဂိဈာပန မနက်ဖြန်ကျင်းပမည်

diz_admin

April 6, 2023

ဧပြီလ ၁ ရက်နေ့က ဘဝနတ်ထံပျံလွန်တော်မူသွားသည့် လောင်းလုံးမြို့နယ် နခံတောရွာလယ်ကျောင်းဆရာတော် ဦးဝါယမ၏ အန္တိမ အဂ္ဂိဈာပနကို မနက်ဖြန် (ဧပြီ ၇) တွင် ကျင်းပမည်ဖြစ်သည်။

လယ်ယာနှင့် ဥယျာဉ်ခြံမြေများတွင် ဆားကြမ်းစမ်းသပ်အသုံးပြုသူများလာ

diz_admin

March 7, 2023

ဓာတ်မြေဩဇာစျေးတက်လာ၍ဆိုကာ ထားဝယ်ခရိုင်တွင် လယ်မြေများ၊ ကွမ်းသီးခြံ၊ သီဟိုဋ်ခြံများတွင် ဆားကြမ်းကို အသုံးပြုမှုများရှိလာနေသည်။ စိုက်ပျိုးရေးပညာရှင်ကမူ အချဉ်ဓာတ်အငန်ဓာတ် တိုင်းပြီးမှသာ ထည့်သင့်ပြီး သူများထည့်တိုင်းလိုက်ထည့်ပါက ကောင်းကျိုးထက် ဆိုးကျိုးသာဖြစ်နိုင်ဟု အကြံပြုထားသည်။

ထိုင်းနိုင်ငံမှာ စျေးရောင်းလို့ မြန်မာတွေ အရေးယူခံရတာ ဘာကြောင့်လဲ

diz_admin

February 15, 2023

ထိုင်းလူမျိုးတွေသာ လုပ်ခွင့်ရှိတဲ့ လုပ်ငန်းတွေကို ရွှေ့ပြောင်းလုပ်သားတွေ လုပ်ကိုင်နေမှုအတွက် ထိထိရောက်ရောက် အ‌ရေးယူမယ်လို့ ထိုင်းအစိုးကထုတ်ပြန်ထားပါတယ်။ ဒီအလုပ်တွေထဲမှာ မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေ အများဆုံးလုပ်ကိုင်နေတဲ့ ကုန်ပစ္စည်းရောင်းဝယ်တဲ့လုပ်ငန်း ၊ ဆံသလုပ်ငန်း ၊ ပစ္စည်းပို့လုပ်ငန်းနဲ့ အနှိပ်ခန်းတွေလည်းပါဝင်ပါတယ်။

ရက် ၂၀ ကြာလာပေမဲ့ ဆိုင်ကယ်စီးခွင့်မရသေးတဲ့ ကံပေါက်

diz_admin

February 12, 2023

ကံပေါက်ကျေးရွာအုပ်စုထဲက ရပ်ကွက်ဆယ်ခုကို ဆိုင်ကယ်စီးခွင့်ကန်သတ်ခံထား အခုဆိုရင် ရက် ၂၀ လောက်ရှိလာပါပြီ။ ဒါကြောင့် ဒေသခံတွေဟာ ရွာထဲသွားလာဖို့ ကျပ်သိန်းချီ‌အကုန်ခံပြီး စက်ဘီးတွေဝယ်ယူနေရပါတယ်။

အိမ်ပြန်ခွင့်ရဖို့ အစာငတ်ခံဆန္ဒပြနေကြတဲ့ ထိုင်းလဝကစခန်းထဲက မြန်မာတွေ

diz_admin

January 29, 2023

ပြစ်ဒဏ်ကျခံပြီးပေမယ့် မြန်မာနိုင်ငံသို့ ပြန်ခွင့်မရသေးဘဲ ဆက်လက်ထိန်းသိမ်းခံရပြီး အခန်းကျဉ်းကျဉ်းလေးထဲမှာ ပြွတ်သိပ်ထိုးပြီး ထိန်းသိမ်းခံနေရပါတယ်။ဒီလိုအခြေအနေမှာ အနေဆင်းရဲ အစားဆင်းရဲ ဒုက္ခကြီးစွာကြုံနေရသလို ဆေးကုခွင့်တောင်မရကြဘဲ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု များစွာနဲ့လည်း ကြုံနေရပါတယ်။ ငွေပေးနိုင်မှ အိမ်ပြန်ခွင့်ရမယ့် အခြေအနေဖြစ်နေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံသားတွေ အစာငတ်ခံဆန္ဒပြတာ အခုဆို နှစ်ရက်ရှိလာပါပြီ။ တောင်းဆိုချက် မရမချင်း အစာငတ်ဆန္ဒပြမယ်လို့လည်း ဆိုထားပါတယ်။ လဝက စခန်းထဲ ထိန်းသိမ်းခံထားရတဲ့ မြန်မာတွေ အခြေအနေ ဘယ်လို ရှိပါသလဲဆိုတာ ထိန်းသိမ်းခံမြန်မာတွေ ကိုယ်တိုင်ရင်ဖွင့်ပြောဆိုထားပါတယ်။

ပုဂေါ်ဇွန်းရွာတွင် ဆီအုန်းခြံမီးလောင်

diz_admin

January 25, 2023

ရေဖြူမြို့နယ် ပုဂေါဇွန်းရွာအပြင်ဘက်က ဆီအုန်းခြံ ဒီနေ့နံနက် ၁၁ နာရီလောက်က စပြီးမီးလောင်နေတာပါ။ ခြံထဲက နေအိမ်တွေလည်း မီးလောင်ခဲ့ပါတယ်။ နေ့လယ် ၁၂ နာရီဝန်းကျင်အထိ နေအိမ်သုံးလုံးနဲ့ မွေးမြူရေးခြံတစ်ခု မီးလောင်သွားပါပြီ။ဆီအုန်းတော တစ်ဝိုက်မှာ မွေးမြူရေးခြံအချို့အပါအဝင် နေအိမ်ငယ် အလုံးငါးဆယ်ထက်မနည်း ရှိနေပါတယ်။ ရေဖြူမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ဒေသခံပရဟိတအသင်းအဖွဲ့တွေနဲ့ ရွာသူရွာသားတွေ ပူပေါင်း ငြှိမ်းသတ်နေကြပါတယ်။ နေ့လယ် ၁ နာရီအထိ မီးလောင်နေဆဲပဲ ရှိပါသေးတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။