အရပ်သားခြောက်ဦး သတ်ဖြတ်ခံရမှု စုံစမ်းစိစစ်နေကြောင်း KTLA တုံ့ပြန်
Dawei Watch
October 21, 2024ထားဝယ်ဒေသအတွင်း လှုပ်ရှားနေသည့် ကော်သူးလေတပ်မတော် (KTLA) လက်အောက်ခံတပ်ဖွဲ့ဝင်များက အရပ်သား ပြည်သူခြောက်ဦးထက်မနည်းကို စစ်ကောင်စီသတင်းပေးဟု စွပ်စွဲကာသတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲမှုများကို စုံစမ်းစိစစ်နေကြောင်း KTLA က တုံ့ပြန်ပြောဆိုလိုက်သည်။ Dawei Watch ၏ မေးမြန်းမှုကို Facebook စာမျက်နှာမှ တစ်ဆင့် ထိုသို့ တုံ့ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်က ကလိန်အောင်မြို့နယ်ခွဲ၊ ကျောက်လုံးကြီးကျေးရွာမှ အလုပ်သွားရန်ထွက်လာသည့် ရွှေ့ ပြောင်းအလုပ်သမားသုံးဦးကို KTLA၊ ဆာကဆောတပ်မဟာ၊ တပ်ရင်း (၂)၊တပ်ခွဲ (၅) ၏တပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ် ခဲ့ကြောင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(ထားဝယ်ခရိုင်) က အောက်တိုဘာလ ၁၅ရက်တွင် ထုတ်ပြန်သည်။ အဆိုပါဖြစ်စဉ်တွင် သတ်ဖြတ်ခံရသူတို့မှာ အသက် ၅၂ နှစ်အရွယ် ဦးကျော်အေး၊ အသက် ၃၈နှစ်အရွယ် ကိုလှမြင့်နှင့် […]