ထီးခီးနယ်စပ်ဒေသတွင် ကုန်စိမ်းကားများ ဝင်ရောက်ရောင်းချရန် ထိုင်းဘက်ကခွင့်ပြု
Dawei Watch
July 8, 2025ထားဝယ်မြို့နယ်ရှိ ထိုင်း-မြန်မာ ထီးခီးနယ်စပ်ဒေသသို့ ကုန်စိမ်းကားများ ဝင်ရောက်ရောင်းချရန် ထိုင်းဘက်က ခွင့်ပြုထားကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်ထံမှ သိရသည်။ နှစ်နိုင်ငံ ကုန်စည်တင်ပို့ရောင်းချမှုနှင့် လူအဝင်အထွက်ကို တရားဝင်ခွင့် မပြုသေးသော်လည်း ထိုင်းနိုင်ငံဘက်ခြမ်း ဖူနန်ရွမ်ရွာနှင့် ထီးခီးကျေးရွာနှစ်ရွာကို ကုန်စိမ်းကားများ ဝင်ထွက် ကုန်သွယ်ရောင်းချမှုကိုမူ ဇူလိုင်လ ၅ရက်က စတင်ကာ ထိုင်းဘက်က ခွင့်ပြုထားကြောင်း KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ “ဘာလို့လဲဆိုတော့ အဲဒီထီးခီးဒေသမှာရှိတဲ့လူထုတွေက အစစအရာရာ စားဝတ်နေရေးက အစားအစာတွေကို ထိုင်းဘက်ကို မှီခိုနေရတာကြောင့်ပေါ့နော်၊ သူတို့က လူမှုရေးရှုဒေါင့်အနေနဲ့ ခွင့်ပြုပေးတာ။ လူ အဝင်အထွက်တော့ မရဘူး။ ဒီနယ်စပ် ဖွင့်ဖို့ကတော့ ကျွန်တော်တို့ကြိုးပမ်းတာတော့ မဟုတ်ဘူး။ ထိုင်းနိုင်ငံရဲ့ သူ့ရဲ့ ရွာနီးချင်းက လူမှုရေးအနေနဲ့ သူတို့မူဝါဒ […]


