ထိုင်း-မြန်မာ ထီးခီးနယ်စပ်တွင် KTLA နှင့် KNLA တပ်တို့ ပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေဆုံး
Dawei Watch
July 24, 2025ထိုင်း-မြန်မာနယ်စပ် ငရံ့နီစခန်းအနီးတွင် ကော်သူးလေတပ်မတော်-KTLA ဆာကဆောတပ်မနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA တို့ ဇူလိုင်လ ၁၉ ရက်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး KNLA တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄)ထံက သိရသည်။ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီစခန်းများကို KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ဆက်တိုက်သိမ်းပိုက်ထားပြီးနောက် စစ်ကောင်စီတပ်များ ပြန်လည်ထိန်းချုပ်မှုမရစေရန် ထီးခီးလမ်းတစ်လျှောက် လုံခြုံရေးချထားသည်ဟု KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ လုံခြုံရေးချထားစဉ် ဗိုလ်အယ်ခွီး(ခ)ဗိုလ်ကော်လဖိုးဦးဆောင်သည့် KTLA ဆာကဆောတပ်မက ယင်းလမ်းပိုင်းကို မည်သူမှဖြတ်သန်းသွားလာခွင့်မပြုကြောင်း စာထုတ်ခဲ့သည်ဟု ၎င်းက ဆိုသည်။ ယင်းသို့ စာထုတ်ပြီး လုံခြုံရေးယူထားသည့် KNU/KNLA တပ်ဖွဲ့ကို KTLA တပ်ဖွဲ့က ခြုံခိုတိုက်ခိုက်မှုနှစ်ကြိမ်ခန့် လုပ်ဆောင်သဖြင့် ဇူလိုင်လ ၁၉ ရက်တွင် KNU/KNLA တပ်များက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ […]


