ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဒေသသတင်း

ရန်ကုန်-မြိတ် ယာဥ်လိုင်းမှ Express ကားတစ်စီး မတော်တဆမှုဖြစ်ပြီး ယာဥ်မောင်း ဒဏ်ရာရ

Dawei Watch

September 22, 2025

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် မုဒုံမြို့အကြားရှိ သာယာကုန်းတိုးဂိတ်အနီးတွင် စက်တင်ဘာလ ၂၁ ရက် ည ၇ နာရီဝန်းကျင်ခန့်က မှန်လုံကားတစ်စီး မတော်တဆဖြစ်ပြီး ယာဥ်မောင်းဒဏ်ရာရသွားကြောင်း ကူညီဆောင်ရွက်ပေးခဲ့သူများထံမှ သိရသည်။ ယင်းကားမှာ ရန်ကုန်-ထားဝယ်-မြိတ် ခရီးသည်တင်ယာဥ်လိုင်း ပြေးဆွဲနေသည့် Angel ယာဥ်လိုင်းမှ ကားဖြစ်ကြောင်း၊ စက်ချို့ယွင်းနေသဖြင့် ခရီးသည်နှင့်ကုန်များကို အခြားကားတစ်စီးကို ပြောင်းတင်ပြီးနောက် ထားဝယ်မြို့ မှ ရန်ကုန်မြို့ဘက်သို့ ဦးတည်မောင်းနှင်လာစဥ် မတော်တဆမှု ဖြစ်ခဲ့ကြောင်း အဆိုပါယာဥ်လိုင်းထံမှသိရသည်။ ” ကားက စက်ချို့ယွင်းမှုရှိလို့ ပစ္စည်းတွေ အခြားကားတစ်စီးနဲ့ ပြောင်းချိန်းပြီး ပြန်ပြင်ဖို့ ရန်ကုန်ဘက်ကို ထိန်းမောင်းလာရင်းနဲ့ ဖြစ်တာပေါ့နော်။ ကားပေါ်မှာ ခရီးသည်တွေမပါဘူး။ ပထမ တိုးဂိတ်က လမ်းလယ်ကြောကို တိုက်သေးတယ်။ ပြီးမှ လမ်းဘေးဆွဲချပြီး ဘေးက အဆောက်အဦး တစ်ခုကို တိုက်မိသွားတယ် […]

အလုံပိတ်ကားများဖြင့် စစ်အာဏာရှင်တပ်သားများကို မလွှဲတောင်ဘက်သို့ အင်အားဖြည့်နေ

Dawei Watch

September 16, 2025

ရေး-ထားဝယ်ကားလမ်းရှိ မလွှဲတောင်အနီးသို့ စစ်အာဏာရှင်တပ်က စစ်အင်အားထပ်ဖြည့်နေကြောင်း တော်လှန်ရေးအင်အားစုများနှင့် မြင်တွေ့ခဲ့သည့် ဒေသခံများထံမှသိရသည်။ စက်တင်ဘာလ ၁၅ ရက် ညနေပိုင်းတွင် မလွှဲတောင်-ကလိန်အောင်အဆင်းဘက်ခြမ်း၌ ကပ်လျက်တည်ရှိသည့် အလယ်စခန်းရွာအနီးရှိ ကျောက်ကဒင်ရွာသို့ ဆယ့်နှစ်ဘီးတပ်ကား သုံးစီးဖြင့် စစ်အာဏာရှင်တပ်သားများ ရောက်ရှိလာကြောင်း မျက်မြင်တွေ့ရသည့် ဒေသခံများကပြောသည်။ ” အခုမနက် (စက်တင်ဘာလ ၁၆ ရက်) အထိ ကျောက်ကဒင်မှာ ဆက်ရှိနေသေးတယ်။ ညနေပိုင်းမှာ ကုန်ကားတွေနဲ့အလုံပိတ်ပြီးရောက်လာတာ။ ကားပေါ်ကဆင်းလာမှ စစ်သားတွေမှန်းသိတာ။ ရာဖူး ၊ သာယာမွန် ၊ မိုင် ၆၀ ရွာတွေတော့ လူပြန်နေနေကြတယ်။ အခု ကျောက်ကဒင်တို့ ကျွဲတလင်း(ရွာ)တို့ ကျတော့ထပ်ထွက်ပြေးနေကြတာပေါ့ ” ဟု ယင်းလမ်းပိုင်းရှိ ကျေးရွာတစ်ခုမှ ဒေသခံတစ်ဦး ကပြောသည်။ စစ်အာဏာရှင်တပ်က အင်အားတိုးချဲ့နေသော်လည်း ယနေ့ စက်တင်ဘာလ […]

ထောက်ပို့ထီ ကော်မတီဝင်တစ်ဦး ထိုင်းနယ်စပ်တွင် ဖမ်းဆီးခံရ

Dawei Watch

September 16, 2025

တော်လှန်ရေးအင်အားစုများ စီစဥ်သည့် ထောက်ပို့ထီ၏ ကော်မတီဝင်တစ်ဦးဖြစ်သည့် မမင်မင်ခင်သည် စက်တင်ဘာလ ဒုတိယအပတ်က ထိုင်းနယ်စပ်တစ်နေရာတွင် ဖမ်းဆီးခံထားရသည်ဟု သတင်းကြားရကြောင်း ထောက်ပို့ထီအဖွဲ့က သတင်းထုတ်ပြန်သည်။ မမင်မင်ခင်သည် ခရီးသွားလာနေစဉ် စက်တင်ဘာလ ၁၀ ရက်တွင် အဆက်အသွယ်ပြတ်သွားခြင်းဖြစ်ပြီး ယင်းနောက် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်ဟု ၎င်း၏ မိတ်ဆွေတစ်ဦးက အကြောင်းကြားလာကြောင်း ထောက်ပို့ထီ ကော်မတီဝင်တစ်ဦးက ပြောသည်။ ဖမ်းဆီးခံရသည့် နောက်ဆက်တွဲအခြေအနေကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ပြီး စက်တင်ဘာလ ၁၅ ရက်အထိ အဆက်အသွယ် ပြန်မရသေးကြောင်း ၎င်းက ဆိုသည်။ မမင်မင်ခင် ဖမ်းဆီးခံရပြီးနောက် ၎င်းပါဝင်ထားသည့် သက်ဆိုင်ရာ ချိတ်ဆက်ရသည့် ကွန်ရက်များက ဖယ်ရှားထားပြီး ဖြစ်သဖြင့် ထီထိုးသူများ၏ လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်ဖွယ် မရှိတော့ကြောင်း အထက်ပါကော်မတီဝင်က ပြောဆိုသည်။ ထောက်ပို့ထီသည် ပြီးခဲ့သည့် သြဂုတ်လတွင် […]

တနင်္သာရီတိုင်းတွင် ဒူးရင်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့ စဖွဲ့

Dawei Watch

September 9, 2025

တနင်္သာရီတိုင်းတွင် ဒူးရင်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့ကို တိုင်းအတွင်း၊ တိုင်းပြင်ပရှိ ဒူးရင်း လုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသူများဖြင့် ဖွဲ့စည်းကြောင်း ယင်းအစုအဖွဲ့တွင် ပါဝင်သည့် ဒူးရင်းလုပ်ငန်းရှင်များ ထံမှ သိရသည်။ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက ဦးဆောင်ပြီး ယင်းအစုအဖွဲ့ကို စက်တင်ဘာလ ၆ ရက်တွင် စုစည်းပေးခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ စက်တင်ဘာလ ၃ ရက်တွင် တနင်္သာရီတိုင်း အတွင်းရှိ ဒူးရင်းလုပ်ငန်းရှင်များအား စတင် ကမ်းလှမ်းခဲ့ပြီး စက်တင်ဘာလ ၅ ရက်တွင် ခရိုင်အဆင့် အစုအဖွဲ့များ စဖွဲ့ကာ စက်တင်ဘာလ ၆ ရက်တွင် တိုင်းအဆင့် စုဖွဲ့ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။ ယင်းသို့စုဖွဲ့နိုင်ရန် ဆွေးနွေးပွဲသို့ တိုင်းအတွင်းရှိ မြို့နယ်အသီးသီးက ဒူးရင်းတောင်သူများအပြင် […]

တိုက်ပွဲကြောင့် ပိတ်မိနေသည့် ကုန်စိမ်းများ ထားဝယ်သို့ လှေဖြင့်ကဲ့နေရ

Dawei Watch

September 5, 2025

တိုက်ပွဲကြောင့် ပိတ်မိနေသည့် ရန်ကုန်-မော်လမြိုင်- ထားဝယ်သွား အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး လမ်းပိုင်းပေါ်ရှိ ကုန်ကားများပေါ်မှာ ကုန်စိမ်းများကို လှေဖြင့် ထားဝယ်မြို့သို့ ကဲ့(ဖြည်းဖြည်းချင်းသယ်ယူ)နေရကြောင်း သိရသည်။ မွန်ပြည်နယ်ရေးမြို့မှတစ်ဆင့် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်တိုက်နယ်သို့ သယ်ကြရပြီး ယင်းမှတစ်ဆင့် ထားဝယ်မြို့ သို့ အဆင့်ဆင့်သယ်ယူရကြောင်း ကုန်စိမ်းသည်အချို့ထံမှ သိရသည်။ စက်တင်ဘာလ ၃ ရက်နေ့က ထိုလမ်းကြောင်းအတိုင်း ကျပ်သိန်းငါးရာကျော်ခန့်တန်ဖိုးရှိ ကုန်စိမ်းများ ထားဝယ်မြို့ ကမ်းနားဈေးသို့ ရောက်ရှိလာကြောင်းဆိုသည်။ “ကုန်ကားနှစ်စီးစာ လှေနဲ့ရောက်လာတယ်။ တစ်စီးကို (ကျပ်) သိန်း ၂၅၀ လောက်တော့ရှိမယ်” ဟု ကမ်းနားလမ်းရှိ ဈေးသည်တစ်ဦးကပြောသည်။ ကြက်ဥမှလွဲပြီး ဂေါ်ဖီထုတ်၊ ခရမ်းချဉ်သီး၊ ခရမ်းသီး အစရှိသည့် ကုန်စိမ်းများရောက်လာခြင်းဖြစ်ပြီး အလုအယက်ဝယ်ယူကြသဖြင့် ခဏအတွင်း ကုန်သွားကြောင်းလည်း ၎င်းကဆိုသည်။ နောက်ထပ်လည်း […]

တနင်္သာရီတိုင်းတွင် လေယာဉ်လက်မှတ် ဝယ်ရခက်ခဲနေ

Dawei Watch

September 3, 2025

တနင်္သာရီတိုင်းမှ ရန်ကုန်မြို့သို့ အသွား၊ အပြန် ခရီးစဉ်အတွက် လေယာဉ်လက်မှတ်‌ ဝယ်ယူရခက်‌ခဲနေကြောင်း ခရီးသည်အချို့နှင့် လေယာဉ်လက်မှတ်အရောင်းဌာအချို့ထံမှ သိရသည်။ ရန်ကုန်-မော်လမြိုင်- ထားဝယ်- မြိတ်- ကော့သောင်းသွား အမှတ် ၈ ပြည်ထောင်စုကားလမ်းမ‌ကြီးတွင် တိုက်ပွဲဖြစ်ပွားနေသဖြင့် လမ်းပိတ်လျက်ရှိသည်။ အဆိုပါပြည်ထောင်စုလမ်းပိုင်း မလွှဲတောင်နှင့် ကလိန်အောင်မြို့ကြားရှိ လမ်းပိုင်းတွင် တိုက်ပွဲကြောင့် ခရီးသည်ကားနှင့် ကုန်တင်ကားများပိတ်မိနေကြသည်မှာ ၁၀ ရက်ခန့်ရှိနေပြီသည်။ အလားတူ ထားဝယ်-မြိတ်-ကော့သောင်း ကားလမ်းပိုင်းဖြစ်သည့် ပုလောမြို့နယ် မကျည်းကုန်းရွာအနီးတွင် လမ်းပိတ်နေကြောင်း ခရီးသည်ကားလိုင်းအချို့ထံမှ သိရသည်။ ယင်းကဲ့သို့ လမ်းပိတ်နေသဖြင့် ခရီးသွားရမည့်သူများမှာ လေကြောင်းလိုင်းဖြင့် သွားလာသူများလာပြီး လေယာဉ်လက်မှတ်လည်း ဝယ်ရခက်လာကြောင်း ခရီးသည်အချို့က ပြောသည်။ ထားဝယ်နှင့် မြိတ်မြို့ရှိ လေယာဉ်လက်မှတ်အရောင်းဌာနအချို့အား မေးမြန်းချက်အရ တနင်္သာရီတိုင်းမှ ရန်ကုန်မြို့သို့ အသွားအပြန် ခရီးစဉ်လက်မှတ်များမှာ စက်တင်ဘာလ ၁၅ […]

စစ်အာဏာရှင်တပ်ပိတ်ဆို့မှုကြောင့် တနင်္သာရီ ကျေးရွာအချို့တွင် ဓာတ်မြေဩဇာ ပိဿာချိန်ဖြင့်သာ ဝယ်သုံးရ

Dawei Watch

September 1, 2025

စစ်အာဏာရှင်တပ်က ဓာတ်မြေဩဇာသယ်ယူခွင့် ပိတ်ပင်ထားသဖြင့် တနင်္သာရီမြို့နယ်ရှိ ကျေးရွာအချို့တွင် ဓာတ်မြေဩဇာ အိတ်အလိုက် ဝယ်ယူ၍မရဘဲ ပိဿာချိန်ဖြင့်သာ ဝယ်ယူသုံးစွဲနေရကြောင်း လယ်သမားများနှင့် ကုန်စုံဆိုင်ပိုင်ရှင်အချို့ထံမှ သိရသည်။ ပြီးခဲ့သည့် မတ်လကစတင်ကာ တနင်္သာရီမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေများကို စစ်အာဏာရှင်တပ်က ကုန်စည်တင်သွင်းခွင့် ပိတ်ပင်ထားရာ ဓာတ်မြေဩဇာလည်း ပါဝင်သည်။ ထို့ကြောင့် အဆိုပါဒေသရှိ စပါးခင်းများတွင် အသုံးပြုမည့် ပုလဲဓာတ်မြေဩဇာကို ဝယ်ယူရန်ခက်ခဲနေပြီး ပိဿာချိန်ဖြင့်သာ ဝယ်နေရကြောင်း အနောက်မော်တုန်းကျေးရွာအုပ်စုနေ လယ်သမားတစ်ဦးက ဆိုသည်။ “ဆိုင်တွေမှာက ပိဿာလိုက်ပဲ ရောင်းတယ်။ စျေးကတော့ သိပ်မတက်ပေမယ့် ပိဿာချင်း ဝယ်သုံးနေရတယ်” ဟု ၎င်းက ပြောသည်။ အနောက်မော်တုန်းကျေးရွာအုပ်စုရှိ ကျေးရွာ ၁၀ ရွာကျော်အပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာ ၂၀ ခန့်တွင် ယင်းကဲ့သို့ ဝယ်ယူနေခြင်းဖြစ်ကြောင်း ဒေသခံအချို့က […]

စစ်မှုထမ်းအကြောင်းပြငွေတောင်းမှု တိုင်ကြားမှုမရှိ၍ အရေးမယူနိုင်ဟု တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးဆို

Dawei Watch

August 29, 2025

စစ်အာဏာရှင်တပ်၏ စစ်မှုထမ်းစနစ်အတွက် အဓမ္မငွေကြေးကောက်ခံမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေသည့် တနင်္သာရီတိုင်းတွင် တိုင်ကြားလာသူမရှိသေးကြောင်း တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောဆိုသည်။ တိုင်းအတွင်းရှိ မြိတ်နှင့်ထားဝယ်ခရိုင်အတွင်းရှိရပ်ကွက်၊ ကျေးရွာအများစုတွင် စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးများက စစ်မှုထမ်းအကြောင်းပြကာ ဒေသခံများထံမှ ငွေကြေးအဓမ္မ တောင်းခံမှုများ အများအပြားရှိနေသည်။ ထိုသို့တောင်းခံရာတွင်လည်း လစဉ်ကြေးအနေဖြင့် ငွေကျပ်သောင်းကဏန်း လတိုင်းထည့်ဝင်နေရသည့် ရပ်ကွက်၊ ကျေးရွာများရှိသလို လူငယ်များကိုဖမ်းဆီးပြီးမှ ကျပ်သိန်းဆယ်ကဏန်းမှ သိန်းရာကဏန်းအထိ တောင်းယူနေသည့် ဖြစ်စဉ်များလည်းရှိသည်။ ငွေကြေးအဓမ္မတောင်းခံနေမှုများ ရှိသည်ဆိုသော်လည်း လက်ရှိအချိန်အထိ သတင်းပို့တိုင်ကြားလာသူ မရှိသေးကြောင်း တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တာဝန်ရှိသူက ဆိုသည်။ “ရှင်းရှင်းပြောရင်ဗျာ အဂတိလိုက်စားမှုတို့ ဘာတို့ဆိုတာ အားလုံးကို ထိထိရောက်ရောက် အရေးယူချင်တာလေ။ အဲလိုဖြစ်လာမယ်ဆိုရင် တိုင်ကြားစာတို့ ဘာတို့ဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့ကတော့ ဥပဒေအတိုင်းပဲ ဆောင်ရွက်သွားမှာခင်ဗျား”ဟု ၎င်းကပြောသည်။ အဓမ္မငွေကြေးတောင်းခံပါက တိုင်ကြားနိုင်သည်ဟု စစ်အာဏာရှင်တပ်က […]