မြိတ်-ထားဝယ်ကားလမ်း ပိတ်ထား
Dawei Watch
October 22, 2025စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးပြီးနောက် မြိတ်-ထားဝယ် ကားလမ်း အသွားအပြန် နှစ်ဖက်စလုံးကို ပိတ်ထားကြောင်း ယာဉ်လိုင်းလုပ်ငန်းလုပ်ကိုင်သူအချို့နှင့် ဒေသခံအချို့ထံမှ သိရသည်။ စစ်အာဏာရှင်တပ်က မြိတ်-ထားဝယ်ကားလမ်းတစ်လျှောက်ရှိ ဆင်ကူးရွာ၊ ဆင်ကျန်း၊ ကျွဲစပ်၊ ချောက်ချောင်းကျေးရွာတို့ကို စစ်ကြောင်းထိုးလာသဖြင့် အောက်တိုဘာလ ၂၁ ရက်တွင် တော်လှန်ရေးအင်အားစုများက လမ်းပိတ်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ ၂၂ ရက်တွင်တွင် မြိတ်-ထားဝယ်ကားလမ်း အသွားအပြန် (အတက် အဆင်း) နှစ်ဖက်စလုံးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ဆေးရေးဂိတ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ဆေးရေးဂိတ်တို့က လမ်းပိတ်ထားကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ အောက်တိုဘာလ ၂၂ ရက် နံနက်ပိုင်းတွင် မြိတ်-ထားဝယ် အတက်အဆင်းကားများ သွားလာခွင့်ရခဲ့သော်လည်း မွန်းလွဲပိုင်းတွင် သွားလာခွင့် မရတော့ကြောင်း ဒေသခံအချို့က ဆိုသည်။ […]


