နယ်စပ်မြို့ မောတောင်ကို စစ်အာဏာရှင်တပ်လေယာဉ်ဖြင့် ဗုံးကြဲ၊ နာရီစင်နှင့် စျေးမီးလောင်
Dawei Watch
November 12, 2025ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် နာရီစင်နှင့် စျေးမီးလောင်ကြောင်း ဒေသခံများနှင့် စစ်ရှောင်များထံမှ သိရသည်။ ယနေ့ နိုဝင်ဘာလ ၁၂ရက် နံနက် ၉နာရီခွဲဝန်းကျင်တွင် စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဥ်ဖြင့် မောတောင်မြို့ကို ဗုံးကြဲခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ “မြို့အတွင်းမှာ ပိတ်မိနေတဲ့သူတွေလည်းရှိတယ်။ အရေအတွက်တော့ မသိရသေးဘူး။ သူတို့လည်း လေကြောင်း လာကြဲတုန်းက ထိခိုက်မှုရှိတယ်လို့ ကြားရတယ်။ မွန်ကျောင်းလည်း မီးလောင်သွားပြီလို့ သိရတယ်။ မိနစ် သုံးဆယ် လောက်ကြာတယ် လာကြဲသွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဗုံးလာကြဲသည်ကို ထိုင်းနိုင်ငံဘက်က မြင်နေရပြီး လက်နက်ကြီးသံများလည်း အဆက်မပြတ်ကြားနေရကြောင်း ထိုင်း-မြန်မာနယ်စပ်တွင်ရှိသည့် မြန်မာ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ မောတောင်မြို့တွင် တော်လှန်ရေးတပ်နှင့် စစ်အာဏာရှင်တပ်တို့ […]


