ဥယျာဥ်ခြံနှင့် တောထဲ စစ်ရှောင်နေသည့် မောတောင်ဒေသခံရှစ်ရာကျော် အမိုးကာ၊ စားနပ်ရိက္ခာနှင့် စောင်များလိုအပ်
Dawei Watch
November 19, 2025ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့သိမ်းတိုက်ပွဲတွင် ထွက်ပြေးတိမ်းရှောင်ပြီး ဥယျာဉ်ခြံများနှင့် တောထဲတွင် နေထိုင် နေကြသည့် စစ်ဘေးရှောင် ရှစ်ရာကျော် အမိုးကာ၊ စားနပ်ရိက္ခာနှင့် စောင်များ လိုအပ်နေကြောင်း စစ်ဘေးရှောင်နှင့် စစ်ဘေးရှောင်အရေးကူညီနေသူများထံမှ သိရသည်။ အဆိုပါ စစ်ရှောင် ရှစ်ရာကျော်တွင် အသက်ကြီးရွယ်အိုများ၊ ကလေးများ၊ အမျိုးသမီးနှင့် သံဃာများ အများစုဖြစ်ကြောင်း စစ်ဘေးရှောင်ကူညီနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။ “တောထဲမှာ ရှောင်နေရတော့ ပင်ပန်းကြတယ်။ သက်ကြီးရွယ်အိုတွေ၊ သားငယ်တွေ (ကလေး) များတော့ တဲတွေကို ဆောက်ရ ပင်ပန်းတယ်။ အချို့ဆိုရင် မီးဖွားထားတဲ့ သူတွေလည်း ပါလာကြတယ်။ အမိုးကာတွေက လုံလောက်မှု မရှိသေး ဘူး။ စောင်တွေလည်း လိုနေတယ်” ဟု ၎င်းက ဆိုသည်။ စစ်ဘေးရှောင် အများစုတွင် စားနပ်ရိက္ခာအပြင် ချက်ပြုတ်စားသောက်ရန်အတွက် အိုး၊ […]


