တနင်္သာရီတိုင်းသို့ ပြေးဆွဲသည့် အဝေးပြေးယာဥ်လိုင်းများ သင်္ကြန်ကာလ ရပ်နားမည်
Dawei Watch
April 11, 2024ရန်ကုန်မှ တနင်္သာရီတိုင်း ထားဝယ်၊ မြိတ်မြို့များသို့ ပြေးဆွဲနေသည့် အဝေးပြေးယာဥ်လိုင်းအားလုံး နှစ်သစ်ကူးမဟာသင်္ကြန်ကာလအတွင်း ရပ်နားထားမည်ဖြစ်ကြောင်း ယာဥ်လိုင်းများထံက သိရသည်။ သင်္ကြန်အကြိုရက် ဧပြီ ၁၃ ရက်မှ နှစ်ဆန်းနှစ်ရက် ဧပြီ ၁၈ ရက်အထိ ပြေးဆွဲမှု ရပ်နားမည်ဖြစ်ကြောင်း ရန်ကုန်-မြိတ်ပြေးဆွဲနေသည့် အဝေးပြေးယာဥ်လိုင်းဂိတ်တစ်ခု၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ အဝေးပြေးကားလက်မှတ်ရောင်းသည့်အမျိုးသမီးတစ်ဦးကလည်း “ရန်ကုန်ကနေ မြိတ်ဆင်းတဲ့ ယာဥ်လိုင်းအားလုံးပိတ်တယ်“ ဟု ပြောသည်။ သင်္ကြန်ကာလတွင် ပိတ်ရက်မရှိပြေးဆွဲမည့်ယာဥ်လိုင်း ခြောက်လိုင်းနှင့် အရန်ယာဥ်များ ပြင်ဆင်ထား ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC တွဲဖက်အတွင်းရေးမှူးက ပြောဆိုထားသည်။ သို့သော် ယင်းသို့ ပြေးဆွဲရန် စီစဉ်ထားရာတွင် တနင်္သာရီတိုင်းသို့ ပြေးဆွဲမည့်အစီအစဉ် မပါဝင်ကြောင်း ယနေ့ ဧပြီလ ၁၁ ရက်က YRTC အဝေးပြေးဌာနသို့ တယ်လီဖုန်းဖြင့်ဆက်သွယ်မေးရာတွင် […]


