ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဒေသသတင်း

တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ ၁၂၀၀ ကျော်အောင်ပြီး ၂၀၀ ကျော် ဂုဏ်ထူးရရှိ

Dawei Watch

June 11, 2024

တနင်္သာရီတိုင်းတွင် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၂၆၃၅ ဦးရှိသည့်အနက် ၁၂၀၆ ဦး အောင်မြင်ပြီး ဂုဏ်ထူးပါသူ ၂၀၄ ဦးရှိကြောင်း တိုင်းပညာရေးမှူးရုံးထံက သိရသည်။ အောင်ချက်ရာခိုင်နှုန်းမှာ ၄၈ ဒသမ ၃၈ ရာခိုင်နှန်းရှိကြောင်း အထက်ပါဌာန၏ စာရင်းများအရ သိရသည်။ အောင်မြင်သူများမှာ ထားဝယ်စာစစ်ဌာနတွင် ၁၇၉ ၊ ရေဖြူတွင် ၃၆ ၊ လောင်းလုံးတွင် ၆ ၊ သရက်ချောင်းတွင် ၆ ၊ မြိတ်တွင် ၆၂၁၊ ကျွန်းစုတွင် ၁၄၃ ၊ ပုလောတွင် ၉၁၊ တနင်္သာရီတွင် ၆၊ ကော့သောင်းတွင် ၆၈၊ ဘုတ်ပြင်းတွင် ၅၀ ဦးရှီကြောင်း တိုင်းပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။ ယင်းအထဲတွင် ၆ ဘာသာ […]

ကျပ်ငွေတန်ဖိုး ထိုးကျနေပြီး ဘတ်လဲနှုန်းအချိန်နှင့်အမျှ ပြောင်းနေ၊ ရွှေအရောင်းပိတ်

Dawei Watch

May 29, 2024

အာဏာသိမ်းပြီးနောက်ပိုင်း ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျလာပြီး ယခုရက်ပိုင်းအတွင်း ဘတ်နှင့် ကျပ်ငွေလဲလှယ်နှုန်း ထားမှာ အချိန်နှင့်အမျှ အပြောင်းအလဲဖြစ်နေကာ ဘတ်လဲလိုသူများလာသဖြင့် လဲရခက်လာကြောင်း စျေးကွက်အတွင်းမှ သိရသည်။ ယင်းသို့ပင် အခေါက်ရွှေဈေးလည်း စံချိန်တင်မြင့်လာ၍ အရောင်းရပ်ထားကြကြောင်း ဈေးကွက်အတွင်းမှသိရသည်။ ထိုင်းဘတ်ငွေဈေးမှာ တောက်လျှောက်တက်နေပြီး မေလ ၂၈ ရက်နေ့ နံနက်ပိုင်း ဈေးဖွင့်ချိန်က တစ်ဘတ်လျှင် ၁၁၉ ကျပ် ဝန်းကျင်ရှိခဲ့သည်။ မြန်မာငွေ တစ်သိန်းလျှင် ၈၄၀ ဘတ် ပေါက်ဈေးရှိနေခြင်းဖြစ်သည်။ ထို့နောက် နေ့လယ်ပိုင်းတွင် စျေးဆက်တက်လာပြီး မြန်မာငွေတစ်သိန်းလျှင် ၈၁၈ ကျပ် ဈေးပေါက်ခဲ့ကာ နာရီပိုင်း အကြာတွင်ပင် ၈ ကျပ်ထပ်တက်လာကာ ၈၁၀ ကျပ်ဖြစ်သွားပြန်သည်။ ယင်းကဲ့သို့ ငွေဈေးနှုန်း အတက်အကျမြန်နေသည့်အတွက် ပေါက်ဈေးကို ကြိုတင်ခန့်မှန်းရန်ပင် အခက်တွေ့နေကြောင်း ထားဝယ်ဒေသရှိ ငွေလွှဲလုပ်ငန်းရှင်တစ်ဦးက […]

ထားဝယ်နှင့် မြိတ် လျှပ်စစ်မီတာခ ဆက်တိုက်တက်၊ မြိတ်တွင်တစ်ယူနစ် ကျပ် ၁၂၀၀ကျော်ရှိလာ

Dawei Watch

May 29, 2024

တနင်္သာရီတိုင်း ထားဝယ်ခရိုင်နှင့် မြိတ်မြို့နယ်တို့တွင် လျှပ်စစ်မီတာခ ဆက်တိုက် စျေးတက်နေကြောင်း လျှပ်စစ်မီးသုံးစွဲသူများက ပြောသည်။ ယင်း‌ဒေသအား နှစ်ခုအား Petro & Trans ကုမ္ပဏီတစ်ခုတည်းက လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးပေးနေသည်။ ထားဝယ်ခရိုင်အတွက် သဘာဝဓာတ်ငွေ့သုံး ကံပေါက်ဒေသအထိုင် မီးစက်နှင့် မြို့နယ်အလိုက် ဒီဇယ်သုံး အရန်အကူမီးစက် များဖြင့် မီးပေးကာ မြိတ်မြို့နယ်တွင် ဒီဇယ်သုံး မီးစက်ဖြင့် မီးပေးနေခြင်းဖြစ်သည်။ ထားဝယ်ခရိုင်၌ ဖေဖော်ဝါရီလအတွက် လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ၄၁၈ ကျပ်၊ မတ်လအတွက် ၄၂၅ ကျပ်နှင့် ဧပြီလအတွက် ၄၄၀ ကျပ်အထိ စျေးတက်လာကြောင်း လျှပ်စစ်သုံးစွဲသူများထံမှ သိရသည်။ “ထားဝယ်ခရိုင် လျှပ်စစ်မီတာဈေးက အာဏာသိမ်းပြီးကတည်းက မငြိမ်ဘူး။ အခု ၄လပိုင်းအတွက် တစ်ယူနစ် ၄၄၀ က အမြင့်ဆုံးပဲ။ အဲဒီမတိုင်ခင် မနှစ်က […]

မိုင်းခွဲခံထားရသည့် မစောတံတား မြေသားလမ်းလွှဲ မိုးရွာသွန်းမှုကြောင့် ကားများပိတ်မိ

Dawei Watch

May 28, 2024

ရန်ကုန်-မော်လမြိုင် -ထားဝယ်ကားလမ်းပေါ်ရှိ မစောတံတား မိုင်းခွဲခံရပြီးနောက် မြေသားလမ်းလွှဲမှ ဖြတ်သန်းသွားလာနေကြရာ မိုးရွာသွန်းခြင်းကြောင့် လမ်းပျက်စီးပြီး ကားများဖြတ်သန်းသွားလာ၍ မရဘဲ ပိတ်ဆို့နေကြောင်း ကားမောင်းသူများနှင့် ခရီးသွားတို့က ပြောသည်။ မွန်၊ ကရင်၊ တနင်္သာရီနှင့် ရန်ကုန်တို့ကို ဆက်သွယ်သွားလာ အသုံးပြုနေရသည့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ မစောတံတားသည် မေလ ၂၃ရက် နံနက်အစောပိုင်းက မိုင်းခွဲခံရပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားခဲ့သည်။ ယင်းနောက် ကားများဖြတ်သန်းသွားလာနိုင်ရန်အတွက် တံတားဘေးတွင် ယာယီမြေသားလမ်းဖော်ပြီး မေလ ၂၇ ရက်မှစကာ ကားကြီး၊ ကားငယ်များ ဖြတ်သန်းသွားလာနိုင်သော်လည်း ယခုရက်ပိုင်းတွင် မိုးရွာသွန်းသည့်အတွက် ကားများဖြတ်သန်းသွားလာရန် အခက်အခဲကြုံတွေ့နေကြရသည်။ ယနေ့ မေလ ၂၈ ရက် နံနက်ပိုင်းတွင် ကုန်တင်ကားတစ်စီး မြေသားလမ်းတွင် နစ်သွားသည့်အတွက် ကားများ ဖြတ်သန်းသွားလာ၍ မရဘဲ ပိတ်မိနေကြောင်း […]

တနင်္သာရီတိုင်းတွင် မေလဒုတိယအပတ်အတွင်း နေ့စဉ်ရက်ဆက်မိုးရွာနိုင်

Dawei Watch

May 11, 2024

တနင်္သာရီတိုင်းတွင် မေလ ၁၁ ရက်မှ ‌၂၀ ရက်အတွင်း နေ့တိုင်းနီးပါး မိုးရွာနိုင်ခြေရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်သည်။ ယင်းကာလအတွင်း မိုးရွာနိုင်ခြေမှာ ၆ ရက်မှ ၉ ရက်အထိ ရှိကြောင်း မိုးဇလက ခန့်မှန်းထားသည်။ ဘင်္ဂလားပင်လယ်အော်အပါအဝင် ၎င်းနှင့်ဆက်စပ်နေသော ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတို့တွင် လေဖိအားနည်းတစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်အဖြစ် ရောက်နိုင်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ ထိုမုန်တိုင်းငယ်အရှိန်ကြောင့် တနင်္သာရီတိုင်းအပါအဝင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်ပြည်နယ်အရှေ့ပိုင်း၊ ကချင်ပြည်နယ်တို့တွင် ပုံမှန်မိုးရွာနေကျအတိုင်း ရွာသွန်းနိုင်ကြောင်း ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံ မိုးလေဝသဌာန ခန့်မှန်းချက်အရ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းသို့ မေလ ၂၁ ရက်ဝန်းကျင်တွင် မုတ်သုံစတင်ဝင်ရောက်နိုင်ကြောင်း ဖော်ပြထားသည်။ မေလ ၂၆ ရက်နောက်ပိုင်းတွင် တနင်္သာရီတိုင်းတွင် မုတ်သုံမိုးများရွာသွန်းတော့မည်ဖြစ်ကြောင်း မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်က ရေးသားထားသည်။ […]

စုပေါင်းခေါင်းဆောင်မှု အကြပ်အတည်းအပေါ် စကားဝိုင်း ဆွေးနွေးပွဲလုပ်မည်

Dawei Watch

May 6, 2024

စုပေါင်းခေါင်းဆောင်မှု အကြပ်အတည်းအပေါ် ရှုထောင့်ပေါင်းစုံက ချဉ်းကပ်ဆွေးနွေးမည့် စကားဝိုင်းကို မေလ ၇ ရက်ညတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ထုဆစ်မျှော်ရည် တနင်္သာရီ အစီအစဉ်၏ တတိယအကြိမ်မြောက် စကားဝိုင်းဆွေးနွေးပွဲဖြစ်ပြီး မေလ ၇ ရက်ည ၇ နာရီတွင် Dawei Watch သတင်းဌာနအပြင် အခြားသတင်းဌာနများကလည်း တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သည်။ ယင်းအစီအစဉ်တွင် “စုပေါင်း ခေါင်းဆောင်မှုအကြပ်အတည်း ဘယ်လိုဖောက်ထွက်ကြမလဲ” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြမည်ဖြစ်သည်။ NUCC အပါအဝင် တနင်္သာရီဒေသနှင့် အခြားသော ဖက်ဒရယ်ယူနစ်အသီးသီးက စုပေါင်းခေါင်းဆောင်မှုကို အခြေပြုပြီးနိုင်ငံရေး တော်လှန်ရေး ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရာတွင် မလိုအပ်ဘဲ နှောင့်နှေး ကြန့်ကြာ မှုများရှိနေကြောင်း စကားဝိုင်းကို ဦးဆောင်ကျင်းပသည့် MAGGA Initiativeအဖွဲ့ တာဝန်ရှိသူ မယ်ဆုက ပြောသည်။ ထိုကြောင့် ဖက်ဒရယ်စနစ် သွားသည့်အချိန်တွင် […]

တနင်္သာရီတိုင်းတွင် မနက်ဖြန် မိုးရွာမည်

Dawei Watch

May 2, 2024

တနင်္သာရီတိုင်းအပါအဝင် နေပြည်တော်၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ် စသည့် ဒေသ ၅ ခုတွင် မနက်ဖြန် မေလ ၃ ရက်၌ နေရာကွက်ကျား မိုးရွာသွန်းမည်ဖြစ်ပြီး ရွာရန်ရာနှုန်း ၈ဝ ရှိသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ထုတ်ပြန်သည်။ ယင်းဒေသ ၅ ခုအပြင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် ၊ စစ်ကိုင်းတိုင်း နှင့် မန္တလေးတိုင်းတို့တွင်လည်း နေရာအနှံ့အပြားနီးပါး မိုးရွာမည်ဟု မိုးဇလကဆိုသည်။ မိုးရွာသွန်းမှုနှင့်အတူ မိုးတိမ်တောင်ဖြစ်ပေါ်ပြီးနေရာရွေ့လျားရာတစ်လျှောက်တွင် လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်း ၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်ပြင်ဆင်ထားရန် မိုးဇလကသတိပေးထားသည်။ ယနေ့ မေ ၂ ရက်တွင် ထားဝယ်မြို့နှင့်အနီးတဝိုက်တွင် တိမ်အသင့်အတင့်ရှိကာ မြိတ်မြို့ပတ်ဝန်းကျင်တွင်မူ မနက်ပိုင်းတွင် မိုးတိမ်ထူထပ်၍ ညနေပိုင်းတွင် […]

တနင်္သာရီတိုင်းတွင် နှစ်ဆန်းတစ်ရက်မှစပြီး ခုနစ်ရက်ကြာ မိုးရွာနိုင်ခြေရှိဟု မိုးဇလထုတ်ပြန်

Dawei Watch

April 16, 2024

မနက်ဖြန် ကျရောက်သည့် မြန်မာနှစ်ဆန်းတစ်ရက်မှစတင်ပြီး ခုနစ်ရက်ကြာ တနင်္သာရီတိုင်းတွင် နေရာကွက်ကျား မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်နှင့် အရှေ့ဘက်မှ ရွေ့လျားလာသော တိမ်တိုက်များ‌ကြောင့် အပူပျံတက်တိမ် အားကောင်းခြင်းကြောင့် တိုင်းနှင့်ပြည်နယ်အားလုံးနီးပါးတွင် မိုးရွာသွန်းနိုင်ကြောင်း မိုးဇလထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တိုင်းနှင့် ပြည်နယ်များအနက် တနင်္သာရီတိုင်းတွင် ဧပြီလ ၁၇ ရက်မှ ၂၃ ရက်နေ့အထိ ခုနစ် ရက်ဆက်တိုက် နေရာကွက်ကြား မိုးရွာနိုင်ကြောင်း ထုန်ပြန်ချက်တွင်ဖော်ပြထားသည်။ တိုင်းအတွင်းရှိ ဒေသခံများမှာ ဧပြီလအတွင်း ရာသီဥတုအလွန်ပူပြင်းသဖြင့် မိုးကိုမျှော်လင့်နေကြကြောင်း ဒေသခံတို့ထံမှ သိရသည်။ ထားဝယ်မြို့တွင်မူ ရာသီဥတုပူပြင်းသည့်ကြားထဲ မကြာခဏ လျှပ်စစ်မီးပြတ်တောက်မှုများဖြစ်ပေါ်နေသဖြင့် မြို့ခံတို့က ဝေဖန်နေကြသည်။