နောက်နှစ်ရက်အတွင်း တနင်္သာရီတိုင်းတွင် မိုးထစ်ချုန်းရွာနိုင်ဟု မိုးဇလပြော
Dawei Watch
April 9, 2024တနင်္သာရီတိုင်းတွင် ယနေ့ ညနေမှ နောက်နှစ်ရက်အတွင်း နေရာကျဲကျဲမှ နေရာကွက်ကြား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ ယနေ့ နံနက် ၁၀နာရီခွဲ အချိန်တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် တိမ်အနည်းငယ်ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အတင့်သင့်မှ တိမ်ထူထပ်နေကြောင်း ဖော်ပြသည်။ ထို့ကြောင့် တနင်္သာရီတိုင်း အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် ယနေ့ညနေမှ နောက်နှစ်ရက်အတွင်း နေရာကျဲကျဲမှ နေရာကွက်ကြား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်းမှာ ၈၀ ဖြစ်မည်ဖြစ်ကြောင်း မိုးဇလက ဆိုသည်။ ထို့အပြင် မိုးလေဝသ ကျွမ်းကျွင်သူ ဦးဝင်းနိုင်ကလည်း ပြည်နယ်တိုင်းအချို့တွင် သင်္ကြန်မိုးအနည်းငယ်ရွာနိုင်ခြေရှိကြောင်း ယနေ့မွန်းလွဲ ၁ နာရီက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးထားသည်။ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ဘက်က ဝင်ရောက်လာသည့် လေအေးစီးကြောင်းနှင့် မြန်မာနိုင်ငံပေါ်တွင်ဖြစ်နေသည့် အပူလေဖိအားနည်းရပ်ဝန်းတို့ကြောင့် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းက လေအေးစီးကြောင်းက […]


