ထားဝယ်နှင့် မြိတ် လျှပ်စစ်မီတာခ ဆက်တိုက်တက်၊ မြိတ်တွင်တစ်ယူနစ် ကျပ် ၁၂၀၀ကျော်ရှိလာ
Dawei Watch
May 29, 2024တနင်္သာရီတိုင်း ထားဝယ်ခရိုင်နှင့် မြိတ်မြို့နယ်တို့တွင် လျှပ်စစ်မီတာခ ဆက်တိုက် စျေးတက်နေကြောင်း လျှပ်စစ်မီးသုံးစွဲသူများက ပြောသည်။ ယင်းဒေသအား နှစ်ခုအား Petro & Trans ကုမ္ပဏီတစ်ခုတည်းက လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးပေးနေသည်။ ထားဝယ်ခရိုင်အတွက် သဘာဝဓာတ်ငွေ့သုံး ကံပေါက်ဒေသအထိုင် မီးစက်နှင့် မြို့နယ်အလိုက် ဒီဇယ်သုံး အရန်အကူမီးစက် များဖြင့် မီးပေးကာ မြိတ်မြို့နယ်တွင် ဒီဇယ်သုံး မီးစက်ဖြင့် မီးပေးနေခြင်းဖြစ်သည်။ ထားဝယ်ခရိုင်၌ ဖေဖော်ဝါရီလအတွက် လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ၄၁၈ ကျပ်၊ မတ်လအတွက် ၄၂၅ ကျပ်နှင့် ဧပြီလအတွက် ၄၄၀ ကျပ်အထိ စျေးတက်လာကြောင်း လျှပ်စစ်သုံးစွဲသူများထံမှ သိရသည်။ “ထားဝယ်ခရိုင် လျှပ်စစ်မီတာဈေးက အာဏာသိမ်းပြီးကတည်းက မငြိမ်ဘူး။ အခု ၄လပိုင်းအတွက် တစ်ယူနစ် ၄၄၀ က အမြင့်ဆုံးပဲ။ အဲဒီမတိုင်ခင် မနှစ်က […]


