တနင်္သာရီတိုင်းတွင် မေလဒုတိယအပတ်အတွင်း နေ့စဉ်ရက်ဆက်မိုးရွာနိုင်
Dawei Watch
May 11, 2024တနင်္သာရီတိုင်းတွင် မေလ ၁၁ ရက်မှ ၂၀ ရက်အတွင်း နေ့တိုင်းနီးပါး မိုးရွာနိုင်ခြေရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်သည်။ ယင်းကာလအတွင်း မိုးရွာနိုင်ခြေမှာ ၆ ရက်မှ ၉ ရက်အထိ ရှိကြောင်း မိုးဇလက ခန့်မှန်းထားသည်။ ဘင်္ဂလားပင်လယ်အော်အပါအဝင် ၎င်းနှင့်ဆက်စပ်နေသော ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတို့တွင် လေဖိအားနည်းတစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်အဖြစ် ရောက်နိုင်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ ထိုမုန်တိုင်းငယ်အရှိန်ကြောင့် တနင်္သာရီတိုင်းအပါအဝင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်ပြည်နယ်အရှေ့ပိုင်း၊ ကချင်ပြည်နယ်တို့တွင် ပုံမှန်မိုးရွာနေကျအတိုင်း ရွာသွန်းနိုင်ကြောင်း ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံ မိုးလေဝသဌာန ခန့်မှန်းချက်အရ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းသို့ မေလ ၂၁ ရက်ဝန်းကျင်တွင် မုတ်သုံစတင်ဝင်ရောက်နိုင်ကြောင်း ဖော်ပြထားသည်။ မေလ ၂၆ ရက်နောက်ပိုင်းတွင် တနင်္သာရီတိုင်းတွင် မုတ်သုံမိုးများရွာသွန်းတော့မည်ဖြစ်ကြောင်း မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်က ရေးသားထားသည်။ […]