ရန်ကုန်-ထားဝယ်လမ်းတွင် မိုင်းခွဲဖျက်ဆီးခံရသည့် ကရင်လေးဆိပ်တံတား မြေဖို့ပြီး ဖြတ်သန်းခွင့်ပြု
Dawei Watch
July 17, 2024ရန်ကုန်-ထားဝယ်လမ်းပိုင်း သထုံနှင့် ဘီးလင်းမြို့နယ်ကြားတွင် မိုင်းခွဲဖျက်ဆီးခံရသည့် ကရင်လေးဆိပ်တံတားနေရာကို ယနေ့ ဇူလိုင်လ ၁၇ ရက် နေ့လယ်ပိုင်းတွင် မြေဖို့ပြီး ကားများကို ဖြတ်သန်းခွင့်ပြုနေပြီဖြစ်ကြောင်း ခရီးသွားများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ ကရင်လေးဆိပ်တံတားမှာ ဇူလိုင်လ ၁၆ ရက် ညတွင် မိုင်းခွဲဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။ “ကားကြီး၊ ကားသေး အားလုံးဖြတ်လို့ရတယ်။ လမ်းပိုင်းတာဝန်ရှိတဲ့ ရွှေသံလွင်ကုမ္ပဏီကပဲ မြေဖို့ပြီး လာပြင်သွားတယ်။ တံတား အငယ်ပဲဆိုတော့ ဘေလီမထိုးလိုက်ရဘူး” ဟု ဒေသခံအခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပြိုကျသွားသည့် တံတား၏ တစ်ခြမ်းကို မြေပြန်ဖို့၍ အသွား အပြန် တစ်လှည့်စီဖြင့် ကားများကို ဖြတ်သန်းခွင့်ပြုထားခြင်း ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသည့် ခရီးသွားတစ်ဦးက ဆိုသည်။ “ကျွန်တော်တို့ဖြတ်လာတာကတော့ ၁၂ နာရီထိုးလောက်က ဖြတ်လာတယ်။ တံတားတခြမ်းမြေဖို့ပြီး […]