ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဒေသသတင်း

ရန်ကုန်-မြိတ်ကားလမ်းတွင် ဖမ်းဆီး စစ်သားစုဆောင်းခံရသူနှစ်ဦး ဘက်ပြောင်းခိုလှုံ

Dawei Watch

April 23, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ရွာအခြေစိုက် အမှတ် ၁၀၆ စစ်ကောင်စီခြေလျင်တပ်ရင်းက စစ်မှုထမ်းသင်တန်းဆင်း တပ်သားနှစ်ဦး ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ထံ ဘက်ပြောင်းခိုလှုံကြောင်း YPDF က ထုတ်ပြန်သည်။ ထွက်ပြေးခိုလှုံလာသူနှစ်ဦးမှာ ဧရာဝတီတိုင်းက ကိုဝေရဲဖြိုးနှင့် ပဲခူးတိုင်းအနောက်ခြမ်းက ကိုရဲနိုင်ကျော်တို့ဖြစ်ကြပြီး အသက် ၂၂နှစ်အရွယ်များဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။ ၎င်းတို့နှစ်ဦးစလုံးသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလက ရန်ကုန်-မြိတ် ကားလမ်းပေါ်တွင် ခရီးသွားနေစဉ် ဖမ်းဆီးခံရပြီး စစ်သားစုခံခဲ့ရကြောင်း ကာယကံရှင်များ၏ ပြောပြချက်ကို ကိုးကားပြီး YPDF က ဧပြီလ ၂၂ရက်တွင် ထုတ်ပြန်ထားသည်။ ကိုဝေရဲဖြိုးသည် ထိုင်းနိုင်ငံတွင် ငါးဖမ်းလှေ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပြီး ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာစဥ် မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဖမ်းဆီးခံရကာ ဧရာဝတီအခြေစိုက် ရွှေမြင်တင် […]

စစ်ကောင်စီက ဗုံးအလုံးတစ်ရာကျော်ကြဲပြီး ခုခံခဲ့သော်လည်း ထီးထဗျူဟာစခန်းကို စွန့်လွှတ်ခဲ့ရ

Dawei Watch

April 22, 2025

ထိုင်း-မြန်မာနယ်စပ်အနီးရှိ ထီးထဗျူဟာစခန်းကို တော်လှန်ရေးတပ်များက ဝိုင်းဝန်းတိုက်ခိုက်ချိန် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးအလုံးရေတစ်ရာကျော် အထိကြဲချပြီး ခုခံတိုက်ခိုက်ခဲ့ကြောင်း Dawei Watch ၏ စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။ ထိုင်းနယ်စပ်နှင့် မိုင်အနည်းငယ်သာကွာဝေးသည့် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်၏ အမှတ် ၁ စစ်ဗျူဟာစခန်းကို KNUတပ်မဟာ ၄ လက်အောက်ခံ KNLA တပ်ရင်းများ၊ KNDO တပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် အခြားတော်လှန်ရေးတပ်များက ဧပြီလ ၁၉ ရက်နေ့တွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဗျူဟာစခန်းကုန်းကို တော်လှန်ရေးတပ်များက ဧပြီလ ၁၂ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၁၃ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု ဗုံးကြဲခုခံခဲ့ရာ စခန်းစွန့်လွှတ်လိုက်ရသည့် ဧပြီလ ၁၉ ရက်နေ့အထိ ဗုံးအလုံးရေတစ်ရာကျော် ကြဲချခဲ့သည်။ ၈ ရက်ကြာမြင့်ခဲ့သည့် ဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း […]

မွန်၊ ကရင်၊ ထားဝယ် စစ်ရေးမဟာမိတ်အဖြစ် တပ်ဖွဲ့ တပ်ရင်း ခြောက်ခုပူးပေါင်း

Dawei Watch

April 21, 2025

မွန်၊ ကရင်၊ ထားဝယ် စစ်ရေးမဟာမိတ်အဖြစ် အဆိုပါဒေသတို့တွင် စစ်ရေးလှုပ်ရှားနေသည့် တပ်ရင်း၊ တပ်ဖွဲ့ ခြောက်ခု ပူးပေါင်းရန် သဘောတူကြောင်း ဧပြီလ ၂၁ရက်တွင် ယင်းစစ်ရေးမဟာမိတ်တွင်ပါဝင်သည့် ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။ စစ်ရေး မဟာမိတ်အဖြစ်ပူးပေါင်းသည့် တပ်ဖွဲ့များမှာ ဒေါနစစ်ကြောင်း ၃ (တပ်ခွဲ ၄ ၊ ၆၊ ၇) ၊ ကေအဲန်ယူ တပ်မဟာ ၆ ၏ တပ်ရင်း ၂၇ ၊ မွန်ပြည်သစ်ပါတီ (AD) ၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ABSDF တပ်ရင်း – ၁ ၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) တို့ ဖြစ်သည်။ မြန်မာနှစ်ဆန်းတစ်ရက် ဧပြီလ ၁၇ ရက်တွင် အဆိုပါ […]

ထီးထစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဗျူဟာမှူးအပါအဝင် တစ်ရာခန့်သေဆုံး၊ လက်နက်ခဲယမ်းများရရှိ

Dawei Watch

April 20, 2025

ထီးခီးနယ်စပ်စခန်းအနီးက ထီးထဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် ဗျူဟာမှူးအပါအဝင် တပ်သားတစ်ရာခန့်သေဆုံးပြီး လက်နက်ခဲယမ်း မျိုးစုံသိမ်းဆည်းရရှိကြောင်း ကရင်အမျိုးအသားအစည်းအရုံး-KNU တပ်မဟာ(၄)ထံက သိရသည်။ ဧပြီလ ၁၂ ရက်မွန်းလွဲ ၂ နာရီတွင် ထီးထဗျူဟာစခန်းကုန်းကို စတင်တိုက်ခိုက်ပြီး စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပြင်းပြင်းထန်ထန် ခုခံနေသည့်ကြားက ထီးထစခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်၏ ထီးထစခန်းကုန်းကို ပိတ်ဆို့တိုက်ခိုက်နေချိန်တွင် ဗျူဟာမှူးနှင့် တပ်သားများကို လက်နက်ချအညံ့ခံပြီး ပူးပေါင်းရန် ညှိနှိုင်းပြောဆိုသော်လည်း လက်မခံခဲ့ကြောင်း KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ စခန်းကိုသိမ်းပိုက်ရရှိချိန်တွင် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် စစ်ဗျူဟာ(၁)၏ ဗျူဟာမှူးနှင့် တပ်သားအချို့ကို အရှင်ဖမ်းမိခဲ့သည်ဟု KNU တပ်မဟာ(၄)၏ စစ်ရေးမှတ်တမ်းတွင် ဖော်ပြထားသည်။ ဖမ်းဆီးရမိသည့် […]

စစ်ကောင်စီက အပြင်းအထန်ခုခံနေသည့် ထီးထစခန်းကို တော်လှန်ရေးတပ်များသိမ်းပိုက်

Dawei Watch

April 19, 2025

ထိုင်း-မြန်မာနယ်စပ်တွင် စစ်ကောင်စီက အခိုင်အမာအထိုင်ချထားသည့် ဗျူဟာစခန်းတစ်ခုဖြစ်သော ထီးထစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ယနေ့(ဧပြီလ ၁၉)တွင် သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှသိရသည်။ စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ရှိသည့် ထီးထဗျူဟာစခန်းကုန်းကို ရရှိရန် တော်လှန်ရေးတပ်များက ယခုလ ၁၂ ရက်နေ့မှစကာ ပိတ်ဆိုတိုက်ခိုက်နေခြင်းဖြစ်ပြီး တစ်ပတ်အကြာ ယနေ့ညနေ ၄ နာရီကျော်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားနှင့် သိမ်းပိုက်ရာတွင် ပါဝင်သည့် စစ်ရေးသတင်းရင်းမြစ်များကဆိုသည်။ စတင်တိုက်ခိုက်ပြီး ၅ ရက်အကြာတွင် ထီးထစခန်းက လက်နက်ကြီးကုန်းကိုရရှိခဲ့ပြီး ယနေ့တွင် ထီးထဗျူဟာ စခန်းကုန်းသုံးခုလုံးကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ပူးပေါင်းတပ်တွင်ပါဝင်သည့် စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။ ထီးထဗျူဟာစခန်းကုန်းတိုက်ပွဲတွင် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်(ကရခ)စစ်ဗျူဟာ(၁) ဗျူဟာမှူးကို အသေရရှိထားသည်ဟု ၎င်းထံမှ ထပ်မံသိရှိရသည်။ “(အသေဖမ်းမိတာက)ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် ကရခ […]

ကွမ်းသီးနုရာသီအဖွင့်ဈေး ယမန်နှစ်ထက် စျေးထက်ဝက်ကျ

Dawei Watch

April 14, 2025

ဘုတ်ပြင်း၊တနင်္သာရီနှင့် မြိတ်မြို့နယ်တို့တွင် ကွမ်းသီးနုရာသီအဖွင့်ဈေးမှာ ယမန်နှစ်ထက် ထက်ဝက်ခန့် ကျဆင်းလာကြောင်း ကွမ်းသီး‌တောင်သူများနှင့် ကွမ်းသီးနုအဝယ်ဒိုင်အချို့ထံမှသိရသည်။ ယမန်နှစ်က ရာသီဖွင့်ချိန်က ကွမ်းသီးနုတစ်ပိဿာလျှင် တစ်သောင်းနှစ်ထောင်ကျပ်အထိ ဈေးရှိရာက ယခုနှစ်တွင် ကျပ်လေးထောင်ကျော်သာ ပေါက်ဈေးရှိနေကြောင်း ကွမ်းသီနုအဝယ်ဒိုင်အချို့ထံမှ သိရသည်။ ယခုနှစ်တွင် တရုတ်နိုင်ငံအပါအဝင် ပြည်ပဝယ်လက်မရှိသလောက် နည်းပါးသွားသဖြင့် ဈေးနှုန်းလည်းကျဆင်းသွားကြောင်း မြိတ်မြို့ရှိ ကွမ်းသီးနုအဝယ်ဒိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။ “မနှစ်က တရုတ်ဘက်က အဝယ်လိုက်တာများတဲ့အတွက် ကွမ်းသီးနုဈေး တော်တော်ကောင်းသွားတယ် ။ဒီနှစ်ကျတော့ ထင်သလိုမဖြစ်မလာဘူး။ ဈေးသိပ်မခေါ်ရဲကြဘူးဖြစ်နေတယ်။ နိုင်ငံခြားဝယ်လက်တွေလည်း သိပ်မရှိဘူးကြားတယ်”ဟု ၎င်းက ပြောသည်။ ကွမ်းသီးပင်များမှာ ဧပြီလတွင် ကွမ်းသီးနုစထွက်ပြီး ဇွန်လခန့်တွင် ကွမ်းသီးနုပေါများလေ့ရှိကာ အောက်တိုဘာလခန့်တွင် ကွမ်းသီးရင့်မှည့်လာလေ့ရှိသည်။ ပြီးခဲ့သည့်နှစ် ကွမ်းသီးနုရာသီက ဈေးကောင်းရသဖြင့် ဒေသခံတောင်သူများ အဆင်ပြေခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ်နေ ကွမ်းသီးစိုက်တောင်သူတစ်ဦးက ဆိုသည်။ “အနုဈေး ပိုကောင်းလာမယ်မျှော်လင့်ထားတာ။‌ […]

ပုလောတွင် လူငယ်များကို KNU အဓမ္မစစ်မှုထမ်းခေါ်

Dawei Watch

April 8, 2025

မြိတ်ခရိုင်၊ ပုလောမြို့နယ်က ကျေးရွာ ၁၂ ရွာထက်မနည်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်ဖွဲ့က လူငယ်လူရွယ်များကို စစ်မှုထမ်းခေါ်ယူနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးလှုပ်ရှားမှုတွင်ပါဝင်သူအချို့က ပြောသည်။ KNU စိုးမိုးနယ်မြေများအတွင်းရှိ ကျေးရွာများတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား လူငယ်လူရွယ်များကို ကရင်အမျိုးသား ကာကွယ်ရေးတပ်-KNDO တပ်ရင်း (၇) က တပ်သားသစ်ခေါ်ယူစုဆောင်းနေကြောင်း ၎င်းတို့က ဆိုသည်။ စစ်မှုထမ်းတပ်သားစုဆောင်းခံရသည့်ကျေးရွာများတွင် ထမင်းမစား၊ ဆယ်အိမ်စု၊ လက္ကူး၊ တပို၊ ကဒဲ၊ ကဗျာ၊ လက်ပံပြင်၊ ဒူးရင်းပင်ရှောင်၊ ဇာဒီဝင်း၊ မဒေါ၊ ရေလျမ်း၊ သာယာကုန်းစသည့် ကျေးရွာများပါဝင်ကြောင်း ၎င်းတိုထံမှ သိရသည်။ တစ်ရွာလျှင် စစ်မှုထမ်းတပ်သားသစ်ငါးဦးနှုန်းပေးရန် ဒေသခံများနှင့် တွေ့ဆုံသည့် အစည်းအဝေးတွင် ပြောဆိုထားပြီး စစ်မှုထမ်းမည့်သူကို မဲနှိုက်ရွေးချယ်ကြောင်း […]

မိုးရွာသွန်းမှုကြောင့် တနင်္သာရီက စစ်ရှောင်များ အမိုးအကာနှင့် စားနပ်ရိက္ခာလိုအပ်

Dawei Watch

April 4, 2025

မတ်လကုန်ပိုင်းမှစကာ မိုးအဆက်မပြတ်ရွာသွန်းနေသဖြင့် တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်များ အမိုးအကာနှင့် စားနပ်ရိက္ခာလိုအပ်နေကြောင်း စစ်ရှောင်နေရသူများနှင့် စစ်ရှောင်ကူညီနေသူအချို့ထံမှ သိရသည်။ မတ်လ၂၉ရက်မှစကာ မိုးအဆက်မပြတ်ရွာသွန်းနေသဖြင့် ရက်ရှည်စစ်ဘေးရှောင်နေရသည့် သိန်ခွန်းရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများက စစ်ဘေးနေရသူများမှာ အမိုးအကာနှင့် စားနပ်ရိက္ခာများ ပို၍လိုအပ်လာခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်ကူညီပေးနေသည့် အသက်၂၇နှစ်အရွယ်အမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါ စစ်ရှောင်များမှာ တောတောင်အတွင်းနေထိုင်ကြရပြီး အမိုးအကာအလုံအလောက်မရှိသဖြင့် အဝတ်အစားနှင့် ရိက္ခာကဲ့သို့ ပစ္စည်းများကို အမိုးအကာအောက်ထားပြီး လူကအမိုးအကာအပြင်ဘက်တွင် နေရသူများလည်း ရှိနေကြောင်း ၎င်းက ဆိုသည်။ “တာလပတ်ကတော့ လူတိုင်းမှာမရှိဘူး။ တချို့ကျတော့ ထန်းခက်တွေ အမိုးလုပ်ပြီးနေနေကြတယ်။ သူတို့မှာပါလာကြတဲ့ တာလပတ်တွေကလည်း အချို့ဆို ဆွေးနေတာတွေ ပေါက်ပြဲတာတွေရှိတယ်။ မိုးရွာတော့ မိုးယိုတာပေါ့” ဟု အထက်ပါစစ်ရှောင်နေသူက ပြောဆိုသည်။ စစ်ဘေးရှောင်များတွင် ယာယီတဲထိုးပြီး နေရသူများသည့်အတွက် နေထိုင်ရန် အဆင်မပြေသလို […]