ထားဝယ်ပညာရေးအင်စတီကျု ဆရာ၊ ဆရာမများခေါ်မည်
Dawei Watch
June 25, 2025ထားဝယ်ခရိုင်တွင် ပြည်သူ့အခြေပြုပညာရေးလုပ်ငန်းများဆောင်ရွက်နေသည့် “ထားဝယ်ပညာရေးအင်စတီကျု” (Tavoy Education Institute – TEI) က ဒေသတွင်းပညာရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်နိုင်ရန် ဆရာ၊ ဆရာမနှင့် စေတနာ့ဝန်ထမ်းများ ခေါ်ယူမည်ဖြစ်ကြောင်း အဆိုပါအင်စတီကျုထံမှ သိရသည်။ ဆရာအတတ်သင်ပညာတတ်မြောက်ထားပြီးဖြစ်သည့် CDM ပညာရေးဝန်ထမ်းများနှင့် ပညာရေးကို စိတ်ပါဝင်စား၍ ကူညီလိုသူများအား မည်သူမဆို ခေါ်ယူမည်ဖြစ်ကြောင်း TEI ၏ အဖွဲ့ဝင် ဆရာကျောင်းက ပြောသည်။ “ဒေသနဲ့ပြည်သူရဲ့ ပညာရေးလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မယ့် မည်သူမဆို ကျွန်တော်တို့ ဖိတ်ခေါ်ပါတယ်။ တကယ် လာချင်တယ်ဆိုရင် လုံခြုံရေးအစီအမံ၊ နေထိုင်စားသောက်မှုတွေအတွက် ကျွန်တော်တို့ဘက်က လုံးဝအာမခံပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်လာမယ့်တစ်ဦးချင်းကိုတော့ ရှင်းပြပေးလို့ အဆင်ပြေပါမယ်” ဟု ၎င်းက ဆိုသည်။ စိတ်ပါဝင်စား၍ ဆက်သွယ်လိုပါက TEI ၏ Email လိပ်စာနှင့် […]


