ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဒေသသတင်း

ဗောဓိ နယ်စပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိုင်းဘက်သို့ထွက်ပြေးဟု KNU ပြော

Dawei Watch

June 10, 2025

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်၏ ဗောဓိစခန်း စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား အင်အား ၃၀ကျော် ထိုင်းဘက်သို့ ထွက်ပြေးကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ ဗောဓိစခန်း (အမိုနယ်စပ်-ပွိုင့် ၂၅၆၆) ကို ဇွန်လ ၈ ရက်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး သုံးရက်ခန့်အကြာ ယနေ့ ဇွန် ၁၀ ရက် နေ့လယ်ပိုင်းတွင် စခန်းကို အပြီးသတ်သိမ်းယူနိုင်ခဲ့ကြောင်း KNU တပ်မဟာ (၄) က သတင်းထုတ်ပြန်သည်။ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား အလောင်းနှစ်လောင်းခန့်သာ တွေ့ရပြီး ကျန်တပ်ဖွဲ့ဝင်များမှာ ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးကြောင်း ပဒိုစောအယ်နားက ဆိုသည်။ “လက်နက်ခဲယမ်းကတော့ အနည်းငယ်ပဲရတယ်။ ကျွန်တော်တို့ဘက်က သေဆုံးမှုမရှိဘူး။ ဒါပေမဲ့ မိုင်းနင်းမိတာ ဒဏ်ရာ ရတာတော့ သုံးလေးယောက်ရှိတယ်။ […]

စစ်မှုထမ်းသင်တန်းဆင်းသုံးဦး ထားဝယ်နှင့် ရေးတွင် ဘက်ပြောင်းခိုလှုံ

Dawei Watch

June 10, 2025

စစ်ကောင်စီ စစ်မှုထမ်းသင်တန်းဆင်းသုံးဦးသည် ဇွန်လဆန်းတွင် ရေးမြို့နယ်နှင့် ထားဝယ်ခရိုင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များထံ ဘက်ပြောင်းခိုလှုံကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ စစ်မှုထမ်း အပတ်စဥ် ၇ သင်တန်းဆင်း နှစ်ဦးနှင့် အပတ်စဥ် ၈ သင်တန်းဆင်းတစ်ဦးတို့ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ရေးမြို့နယ် အခြေစိုက် ခလရ ၂၉၉ စစ်ကောင်စီတပ်ရင်းတွင် တာဝန်ကျနေသည့် စစ်မှုထမ်း အပတ်စဥ် ၇ သင်တန်းဆင်း ကိုဇေဇေအောင်နှင့် ကိုညီညီသက်တို့သည် ဇွန်လ ၉ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း၊ ရေးပြောက်ကျားတပ်ထံသို့ ဘက်ပြောင်းခိုလှုံကြောင်း အဆိုပါတပ်၏ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။ ရေးပြောက်ကျားတပ်နှင့် ဆက်သွယ်၍ MA သေနတ်တစ်လက်၊ ကျည်ဘောက်လေးခု ယူဆောင်ကာ ထွက်ပြေးခိုလှုံလာကြောင်း ၎င်းက ဆိုသည်။ ဘက်ပြောင်းခိုလှုံလာသူနှစ်ဦးသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသူများဖြစ်ပြီး ထိုင်းရဲ အဖမ်းခံရ၍ […]

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ ဗောဓိစခန်းကို တော်လှန်ရေးတပ်များသိမ်းပိုက်

Dawei Watch

June 10, 2025

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်၏ ဗောဓိစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ယနေ့ ဇွန်လ၁၀ရက်တွင် သိမ်းယူကြောင်း စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။ ထီးခီးနယ်စပ်ရှိ စစ်ကောင်စီတပ်ဗျူဟာစခန်းအနီးရှိ အဆိုပါတပ်စခန်းကို ဇွန်လ ၈ ရက်တွင် စတင်တိုက်ခိုက်နေခြင်းဖြစ်သည်။ စစ်ကောင်စီ၏ အမှတ် ၂၅ ခြေလျင်တပ်ရင်းအခြေပြုထားသည့် ဗောဓိတပ်စခန်းကို ယနေ့နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်အချို့က ဆိုသည်။ ဗောဓိစခန်းသိမ်းပိုက်မှုနှင့် ပတ်သက်၍ KNU နှင့် တော်လှန်ရေးတပ်များဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပေ။ ထိုင်း-မြန်မာ ထီးခီးနယ်စပ်တွင် စစ်ကောင်စီတပ်၏ ဗောဓိစခန်းနှင့် ငါးရံ့နီစခန်းနှစ်ခုသာကျန်ရှိပြီး လက်ရှိတွင် ဗောဓိစခန်းကိုပါ ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီ ဗောဓိစခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်များတိုက်ခိုက်

Dawei Watch

June 10, 2025

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်၏ ဗောဓိစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဇွန်လ ၈ ရက်ကစတင်ပြီး တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းအရင်းအမြစ်များ ထံမှ သိရသည်။ ထိုင်း-မြန်မာ ထီးခီးနယ်စပ်တွင် စစ်ကောင်စီတပ်၏ ဗောဓိစခန်းနှင့် ငါးရံ့နီစခန်းနှစ်ခုသာကျန်ရှိပြီး ယခု ဇွန်လတွင် ဗောဓိစခန်းကို ပူးပေါင်းတပ်များက တိုက်ခိုက်နေခြင်းဖြစ်သည်။ ဧပြီလ ၁၉ ရက်နှင့် မေလ ၉ ရက်တို့တွင် ထိုင်း-မြန်မာနယ်စပ်က ထီးထဗျူဟာစခန်းကုန်းနှင့် ထီးခီးနယ်စပ်စခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူခဲ့သည်။ နယ်စပ်တွင်ရှိသည့် စစ်ကောင်စီစခန်းအားလုံးကို သိမ်းယူထိန်းချုပ်နိုင်ရန် KNLA ဦးဆောင်မှုဖြင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ပူးပေါင်းတပ်တွင်ပါဝင်သည့် စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။ “ဗောဓိစခန်းက ဘယ်လောက်အရေးပါလဲဆို နယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ မနီးမဝေးမှာပဲ တည်ရှိတယ်။ တောင်ပိုင်း စစ်ဆင်ရေးမူအရ […]

တနင်္သာရီတိုင်းတွင် ကျောင်းအပ်သူတစ်သိန်းကိုးသောင်းကျော်ရှိဟုဆို

Dawei Watch

June 4, 2025

တနင်္သာရီတိုင်းတွင် ကျောင်းအပ်သူ တစ်သိန်းကိုးသောင်းကျော်ရှိကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၃၄ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၁၉ ကျောင်းတို့တွင် အပ်နှံထားသည့်အရေအတွက်ဖြစ်ကြောင်း အဆိုပါရုံးထံမှ သိရသည်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းအပ်သူ နှစ်သိန်းနှစ်သောင်းခန့်ရှိသော်လည်း ယခုပညာသင်နှစ်တွင် ဇွန်လ ၄ ရက် အထိ စာရင်းအရ ကျောင်းအပ်သူ တစ်သိန်းကိုးသောင်းစွန်းစွန်းသာရှိသဖြင့် ပြီးခဲ့သည့်နှစ်ကထက် သုံးသောင်းခန့် လျော့နည်း နေသေးသည်။ “ကျောင်းက အပ်နေကြတုန်းပဲရှိသေးတယ်။ ဇွန်လကုန်အထိ လက်ခံတယ်” ဟု တိုင်းပညာရေးမှူးရုံးက တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကိုဗစ်ကာလနှင့် နိုင်ငံရေးအခြေအနေကြောင့် ကျောင်းနားထားသည့် ကလေးများအတွက်ကိုမူ ကျောင်းပြင်ပ ပညာရေး ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း၎င်းက ဆိုသည်။ အာဏာသိမ်းပြီးနောက် နယ်မြေမအေးချမ်းသောကြောင့် နယ်ဒေသတွင် ကျောင်းများမဖွင့်သဖြင့် မြို့ပေါ်ကို မိသားစု အလိုက်ပြောင်းရွှေ့နေထိုင်ကာ အသက် […]

တနင်္သာရီတိုင်းစစ်ကောင်စီ ကုန်ပစ္စည်းများဆက်တိုက်ဖမ်းဆီး

Dawei Watch

May 20, 2025

တနင်္သာရီတိုင်းစစ်ကောင်စီသည် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုသည့်အဖွဲ့ကို ဖွဲ့စည်းကာ ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေသည်။ အဆိုပါအဖွဲ့ ကို ဖွဲ့စည်းပြီးနောက် ယခုလပိုင်းအတွင်း ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့တို့တွင် စက်သုံးဆီ၊ လူသုံးကုန်များအပါအဝင် ကုန်ပစ္စည်းများကို တရားမဝင်ကုန်ပစ္စည်းများဖြစ်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးနေခြင်း ဖြစ်ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ၃၀ ရက်က ထားဝယ်မြို့နယ်တွင် ဓာတ်ဆီ ဂါလန် ၃၀၀ နှင့် ဒီဇယ်ဆီ ဂါလန် ၁၅၀ တို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။ မေလ ၁ ရက်တွင်လည်း မြိတ်မြို့ အင်းလေမြိုင်စက်မှုဇုန်ရှိ ဂိုဒေါင်တစ်လုံးတွင် စားသောက်ကုန်ပစ္စည်းများကို ဝင်ရောက်ဖမ်းဆီးခဲ့သည်။ ယင်းအပြင် ကော့သောင်းမြို့ ရွှေဟင်္သာရပ်ကွက်ရှိ ဂိုဒေါင်တစ်လုံးရှိ လူသုံးကုန်ပစ္စည်းများ၊ အေးရိပ်ငြိမ်ရပ်ကွက် ကမ်းနားဆိပ်တွင် လုပ်ငန်းသုံးပစ္စည်းများလည်း မေလထဲတွင် ဆက်တိုက် ဖမ်းဆီးခဲ့သည်။ အထက်ပါ ဖမ်းဆီးမှုဖြစ်စဉ်များမှာ […]

ထိုင်း-မြန်မာနယ်စပ် ထီးခီးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်

Dawei Watch

May 9, 2025

စစ်ကောင်စီ၏ အခိုင်အမာတပ်စခန်းတစ်ခုဖြစ်သော တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်းရှိ ထိုင်း-မြန်မာနယ်စပ် ထီးခီးတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ယနေ့(မေ ၉) မနက် ၉ နာရီခန့်တွင် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကနဦးရရှိသည့် သတင်းများအရသိရသည်။ ယင်းထီးခီးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ဧပြီလနှောင်းပိုင်းမှစတင်ကာ ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့နံနက်တွင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ထီးခီးတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း အတည်ပြုပြောဆိုသည်။ လက်ရှိတွင်နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေဆဲဖြစ်သည့်အတွက် သုံ့ပန်းဖမ်းမိမှုအခြေအနေနှင့် ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးကြောင်း ၎င်းက ဆိုသည်။ စစ်ကောင်စီ၏ ထီးထဗျူဟာစခန်းကုန်းကို KNLA နှင့် ပူးပေါင်းတပ်များ က ဧပြီ ၁၉ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ယင်းစခန်းနှင့် ၅ မိုင်ကျော်သာဝေးသည့် ထီးခီးနယ်စပ်စခန်းကို ဆက်လက်သိမ်းပိုက်နိုင်ရန် ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်သည်။

ထီးခီးနယ်စပ်စခန်းကို KNLA နှင့် ပူးပေါင်းတပ်များ တိုက်ခိုက်၊ စစ်ကောင်စီတပ်သားများ ထိုင်းဘက်ထွက်ပြေး

Dawei Watch

May 7, 2025

ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီ၏ ထီးခီးနယ်စပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်- KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်များက ဧပြီလ ၂၁ ရက်ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု စစ်ရေးသတင်းအရင်းအမြစ်များထံက သိရသည်။ ဧပြီလ ၁၉ ရက်က ထီးခီးနယ်စပ်စခန်းနှင့် ၆ မိုင်ခန့်အကွာရှိ ထီးထဗျူဟာစခန်းကုန်းကို KNLA၊ KNDO နှင့် PDF ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းယူပြီးနောက် ဧပြီလ ၂၁ ရက်တွင် ထီးခီးနယ်စပ်စခန်းကိုပါ တစ်ဆက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။ ယခုမေလဆန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့် ထိုင်းဘက်ကို လက်နက်နှင့်အတူ ထွက်ပြေးသည်ဟု သတင်းရရှိကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစု၏ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ ကိုမင်းထက်က ပြောသည်။ “ထွက်ပြေးတဲ့သတင်းတွေတော့ ကြားရတယ်၊ ရဲတွေရော စစ်သားတွေရော ထွက်ပြေးတယ်ဆိုတာ ကြားရတယ်၊ နောက်ဆက်တွဲ သက်ဆိုင်ရာ နီးစပ်သူတွေကို […]