ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရသ

သစ်အိုပင်တို့အတွက် နှုတ်ဆက်တေး

diz_admin

October 31, 2020

တစ်နေ့က ထားဝယ်သား အဆိုတော်လည်းဖြစ်တဲ့ မိတ်ဆွေက ဖုန်းဆက်လာပါတယ်။ တိုင်းရင်းသားပန်းခြံထဲက သစ်ပင်ကြီးတွေကို ခုတ်လှဲနေတာ မြင်လို့မကောင်းလို့ လာကြည့်ပါဦး ဆိုပြီး ခေါ်ပါတယ်။ ဖုန်းထဲမှာ ကြားရတဲ့ သူ့အသံက စိတ်ထိခိုက်နေပုံပါပဲ။ ပန်းခြံကို ရောက်သွားတော့လည်း တကယ့်စိတ်ထိခိုက်ဖွယ်ရာမြင်ကွင်းကို တွေ့ရပါတယ်။ သစ်ခုတ်အလုပ်သမားတွေနဲ့ လက်ကိုင်လွှစက်တို့ရဲ့ လက်ချက်နဲ့ အပင်ကြီးတွေဟာ တုံးလုံးပတ်လက် လဲကျနေပါ ပြီ။ တချို့အပင်တွေဆိုရင် သားသတ် ဆိုင်က အသားတစ်တွေလို အပိုင်းပိုင်း အပြတ်ပြတ် ခုတ်ထစ်ဖြတ်တောက်ပြီးသွားကြပါပြီ။ ဟာလာဟင်းလင်းဖြစ်သွားတဲ့ ကွင်းပြင်မှာ အေးမြတဲ့အရိပ်တွေ ပျောက်ဆုံးသွား ပြီဖြစ်သလို မြို့ရဲ့ကျန်းမာရေးအတွက် အရေးပါတဲ့ အဆုတ်တွေပျက်စီးသွားသလိုမျိုးလည်း ခံစားရပါတယ်။ အဲဒီလိုမလုပ်ဖို့အတွက် တားမြစ်နိုင်တဲ့အခြေအနေက ကျွန်တော်တို့မှာ ရှိမနေပါဘူး။ ရှိနေခဲ့မယ်ဆိုရင်တောင် နောက်ကျသွားခဲ့ပါပြီ။ ခုတ်လှဲပြီးသွား ပြီဖြစ်လို့ ဘယ်လိုလူကမှ ပြန်ပြီး ထောင်မတ် ရှင်သန်လာအောင် […]

အိမ်ပြန်ချင်တယ်

diz_admin

October 30, 2020

ခြေထောက်သည်သာ အားကိုးရာ တစ်နေ့မှာ Dawei Watch သတင်းဌာနရဲ့ ရုံးဖုန်းဆီကို ဖုန်းခေါ်ဆိုမှုတစ်ခုဝင်လာခဲ့ပါတယ်။ ဖုန်းကို ကောက်ကိုင်လိုက်တဲ့အခါမှာ “ကျွန်တော်တို့ အိမ်ပြန်ချင်တယ်” ဆိုပြီး တစ်ဖက်က ပြောလာပါတယ်။ ကူညီနိုင်တာရှိရင် ကူညီပေးဖို့ ဖုန်းဆက်လာတာဖြစ်ပါတယ်။ အခုတော့ ကိုမျိုးမင်းစိုးအပါအဝင် လူငယ်လေးဦးဟာ ရန်ကုန်ကို ပြန်ဖို့ ထားဝယ်ကနေ ခြေလျင်ပဲ ထွက်ခွာသွား ကြပါပြီ။ “သွားလို့ရတဲ့နေရာအထိ ကျွန်တော် တို့သွားမယ်။ သွားလို့မရတော့တဲ့နေရာမှာ ကျွန်တော်တို့ရပ်နေမယ်” လို့ အဲဒီ လေးဦးထဲက တစ်ဦးဖြစ်တဲ့ ကိုမျိုးမင်းစိုး က ပြောပါတယ်။ သူတို့လေးဦးကတော့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်နဲ့ မှော်ဘီမြို့နယ်တွေက ဖြစ်ပါတယ်။ သုံးယောက်က အသက် ၂၀ ကျော် အရွယ်ဖြစ်ပြီး ကျန်တစ်ယောက်ကတော့ ၃၀ ဝန်းကျင်ပါ။ ကိုဗစ်ကပ်ဘေးကာလအတွင်း သူတို့ဟာ ရန်ကုန်မှာ […]

ကိုဗစ်ကာလ မိုင်ငါးရာခရီးကို တစ်ကိုယ်တော်စက်ဘီးစီးပြီး အိမ်ပြန်သူ

diz_admin

October 22, 2020

ကိုဗစ်ကာလ ရန်ကုန်မြို့မှာ နေထိုင်ဖို့ အခက်တွေ့လာတဲ့ တနင်္သာရီတိုင်းသား လူငယ်တစ်ယောက်ဟာ ငွေ ကျပ်တစ်သိန်းကျော်၊ စက်ဘီးအဟောင်း တစ်စီး၊ ဓာတ်မီးငယ်တစ်လုံး၊ ဖုန်း တစ်လုံး၊ အဝတ်ထုပ်တွေနဲ့ မိုင်းငါးရာ ကျော်ခရီးကိုနှင်ပြီး အိမ်ပြန်ဖို့ ထွက်လာ ခဲ့ပါတယ်။ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ် လှည်းတန်းကနေ တနင်္သာရီတိုင်း၊ မြိတ် ခရိုင်၊ ကျွန်းစုမြို့နယ်က သူ့မိဘတွေရှိရာ ရွာကို စက်ဘီးနဲ့သွားဖို့ ဆုံးဖြတ်ခဲ့ ပါတယ်။ ရန်ကုန်ကနေ ကျွန်းစုမြို့နယ် အထိဆိုရင် မိုင်ပေါင်းငါးရာကျော် ဝေးပါတယ်။ ခရီးသည်တင်မှန်လုံကားနဲ့သွား မယ်ဆိုရင်တောင် ၁၈ နာရီလောက် ကြာမြင့်တဲ့ ခရီးပါ။ ပြီးရင် သူ့ရဲ့ရွာကို ရောက်ဖို့အတွက်ဆို မြိတ်ကနေတစ်ဆင့် ကျွန်းစုမြို့နယ်ကို လှေနဲ့ကူးရဖို့ရှိပါ သေးတယ်။ အဲဒီခရီးရှည်ကို ဖြတ်သန်းဖို့အတွက် သူစီစဉ်ထားတာက စက်ဘီးနဲ့ နေ့၊ ည […]

ပြည်တော်ပြန်ခရီး မဝေး မနီး

diz_admin

October 7, 2020

အမှတ် (၁၀၆)၊ အော်စတင်လမ်း၊ ဝိတိုရိယတောင်ရပ်၊ ဝယ်လင်တန်မြို့။အိမ်နောက်ဧည့်ခန်းဆောင် မှန်ပြတင်းမှကြည့်သော် မြင်ရသည့် မြင်ကွင်းများကို ကျွန်တော် အမြဲလိုလို ငေးကြည့်ဖြစ်ပါသည်။ ပြတင်းမှန်၏ တူရူ တောင်ကုန်းမြင့်တွင်ရှိသော ဝိတိုရိယတက္ကသိုလ်၊ ကယ်ဘန်း ပရဝုဏ်ရှိ အဆောက်အအုံကြီးများ၊ ဘရွတ်ကလင်း လေရဟတ်ဟု သိကြပြီး လက်တံကြီးများ အမြဲအလုပ်ရှုပ် လျက်ရှိတတ်သည့် လျှပ်စစ်ထုတ်လေရဟတ်ကြီး၊ အဆောက်အအုံများအကြား သီးခြားထိုးထွက်လျက်ရှိသော စစ်ပွဲမှတ်တရ အဆောက်အအုံ ကြီးနှင့် များစွာသော ရောင်စုံ အိမ်ခေါင်မိုးများ၊ အဆောက်အအုံများ၊ ဝယ်လင်တန်၏ လေပြင်းကြောင့် တရစပ် ပုံပြောင်း ရွေ့လျားနေသော တိမ်များနှင့် အနှောင်အဖွဲ့ကင်းကင်းနှင့် လွတ်လပ်စွာ လိုရာကို ပျံသန်းနေကြသော ငှက်များ။ သည်မြင်ကွင်းများသည် ကျွန်တော် မြင်နေကျမြင်ကွင်းများပင်။ သို့သော် မကြာမီ သည်မြင်ကွင်းများသည် ကျွန်တော်၏ အတိတ်၌ ရေးရေးသာ ပေါ်တော့မည့် […]

နှာခေါင်းစည်းဖြင့် စက်ဘီးစီးခြင်း

diz_admin

October 4, 2020

စက်ဘီးသည် ကတ္တရာလမ်းတစ်လျှောက် မှန်မှန်ကလေးပြေးနေပါသည်။ ဘေးဘီအား ကြည့်လိုက်လျှင် တောင်စွယ်တောင်တန်းများ၊ တောအုပ်များကို မြင်နေရ၏။ ထိုအရာများ၏ သည်ဘက်ဆီမှာမူ မြေကွက်လပ်များ။ အားလုံးသည် တရိပ်ရိပ်နှင့် ကျွန်တော့်နောက်ဘက်ဆီသို့ ပြေးလွှားနေကြသည်။ ချောင်းနားဆီသို့ ရောက်လာသောအခါ ဓနိပင်တန်းများကိုလည်း တွေ့ရပြန်သည်။ ချောင်းပေါ်တွင် ဖြန့်ခင်းထားသည့် ကွန်ကရစ်တံတားအား ကျော်ဖြတ် လိုက်ပြီးသောအခါ မြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရသည်။ ရှေ့သို့ မျှော်ကြည့်လိုက်လျှင် လမ်း၏တစ်ဘက်တစ်ချက်တွင် ထန်းပင်အစီအရီကိုလည်း တွေ့ရ၏။ မြင်ကွင်းများသည် လတ်လတ်ဆတ်ဆတ်ဖြင့် ရှိနေသည်ကိုတွေ့ရသည့်အခါ စိတ်ချမ်းမြေ့မှုအား ခံစားရပေသော်လည်း သဘာဝတရားကြီးအနေနှင့် ကျွန်တော်တို့လူသားများအပေါ်၌ မည်ကဲ့သို့ သဘောထားများ ရှိနေမည်နည်းဟူ၍ တွေးမိလိုက်လျှင် စိတ်ခံစားမှုသည် အုံ့မှိုင်း၍ သွား၏။ မြို့ထဲသို့ ဝင်တော့မည်ဖြစ်၍ စက်ဘီးကို လမ်းဘေးတွင် ရပ်လိုက်ပြီး ဘောင်းဘီအိတ်ထဲမှ နှာခေါင်းစည်းကို ဆွဲထုတ် လိုက်ပါသည်။ ပြီးလျှင် […]

မြောက်ကျွန်းအသည်း နောက်ဆုံးခွဲ

diz_admin

September 26, 2020

သဂုတ်လ ဆန်းပိုင်း။ညစာစားရန်ပြင်ဆင်နေကြရင်း နယူးဇီလန်ကလာသည့် ရေဒီယိုသတင်း ကြေညာချက်တစ်ခုကို ကြားလိုက်ကြသဖြင့် အားလုံးလိုလိုပင် စိတ်နည်းနည်းစီ ညစ်သွားခဲ့ကြသည်။ နယူးဇီလန်၏ အကြီးဆုံးမြို့ဖြစ်သော အော့ကလန်မြို့တွင် ကိုဗစ်ရောဂါကူးစက်ခံရသူတချို့ရှိလာခဲ့ပြီး ထိုသူများမှာ ပြည်ပခရီးသွား ရာဇဝင်မရှိ၊ ရောဂါပိုးရှိသူနှင့်ထိတွေ့ခဲ့ ခြင်းလည်းမရှိသဖြင့် ဒေသတွင်း ကူးစက်မှုဟု ယူဆရသည်တဲ့။ ရောဂါပိုးတွေ့ရှိသူများမှာလည်း အားလပ်ရက်များတွင် နိုင်ငံအနှံ့ ခရီး ထွက်ခဲ့ကြသည်တဲ့လေ။ ကောင်းရော။ ထိုညက စားခဲ့သောညစာမှာ ဘာအရသာ ရှိမှန်းပင်မသိ။ ညစာစားရင်း ပြောဖြစ်ခဲ့ ကြသည်များကလည်း စိတ်မချမ်းမြေ့စရာ ကိုဗစ်ရောဂါအကြောင်းများသာ။ ညစာစားပြီး၍ အခန်းသို့ပြန်ကာ အလုပ်လုပ်ရန် ကွန်ပျူတာဖွင့်လိုက်မိသည်နှင့် ဝိတိုရိယတက္ကသိုလ်က မိမိတို့ကျောင်းသားများထံ ပို့ထားသော လျှပ်ချောစာတစ် စောင်ရောက်နှင့်နေသည်။ ကိုဗစ်သတိပေးချက်နှင့် တက္ကသိုလ်ပရဝုဏ်အတွင်း လိုက်နာရမည့် စည်းကမ်းများတဲ့။ ဖုန်းထဲသို့လည်း ကိုဗစ်နှင့် ပတ်သက်သည့် သတိပေး သတင်းစကားတချို့ရောက်နှင့် နေသည်။ […]