မဖိတ်ခေါ်ဘဲ ရောက်လာသော ဧည့်ဆိုး
diz_admin
March 30, 2020စာဖတ်သူတွေ ဒီစာကို ဖတ်နေတဲ့ အချိန်မှာ ကျွန်တော်ဟာ သွားလာဆက် သွယ်မှု ကန့်သတ်ဖြတ်တောက်ထား လိုက်ပြီး ပိတ်ချ (Lockdown) လိုက်ပြီ ဖြစ်တဲ့ ဝယ်လင်တန်မြို့ထဲက အိမ်လေး ထဲမှာ အိမ်တွင်း အကျယ်ချုပ်ဘ၀ရောက် နေပါပြီ။ စည်ကားလှတဲ့ မြို့တော် ဝယ်လင် တန်ရဲ့ လမ်းတွေပေါ်မှာ လမ်းဘေးထိုးရပ် ထားတဲ့ကားတွေ၊ ကင်းလှည့်နေတဲ့ ရဲကားတွေ၊ လူနာတင်ယာဉ်တချို့တလေ ကလွဲရင် လူသူလေးပါး စည်စည်ကား ကား တွေ့ရမှာ မဟုတ်ပါဘူး။ ကျွန်တော့် လိုပဲ နယူးဇီလန် နိုင်ငံသားတွေ အားလုံး လည်းပဲ အိမ်ထဲမှာပဲ တတ်နိုင်သမျှ နေကြရတော့မှာပါ။ ဒါဟာ နယူးဇီလန်အတွက် နိုင်ငံ တော် အရေးပေါ် အခြေအနေပါ။ အစိုးရ က ဒီလို လေးပတ် ပိတ်ချဖို့ […]