ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရသ

ပုံပြင်

diz_admin

February 18, 2021

“မေမေ ပုံပြောပြနော်။ သမီး မအိပ် ချင်သေးလို့” ဟော ထုံးစံအတိုင်း စလာပြီ။ ကြီးကောင်ဝင်လာတာတောင် ပုံပြင် နားထောင်ချင်စိတ် မပျောက်သေး။ “ပုံပြင်တော်တော်များများက သမီး နားထောင်ပြီးသား ဖြစ်နေပြီလေ။” “မေကလဲ ခါတိုင်းလိုပဲ လက်တန်း စဉ်းစားပြီး ဟိုစပ်ဒီစပ်ပြောပြလေ”“အေးပါ အေးပါ” ဟိုးတစ်ခါတုန်းက စိမ်းလန်းစိုပြည်ပြီး သီးပင်စားပင်တွေလည်း ပေါကြွယ်ဝတဲ့ တောင်ခြေရွာလေးတစ်ရွာ ရှိသတဲ့။ ရွာသူရွာသားတွေကလည်း ရှိသမျှနဲ့ ရောင့်ရဲတင်းတိမ်ကြပြီး ပျော်ပျော်ပါးပါး နေတတ်ကြသတဲ့။ တစ်ရက်တော့ တောင်ပေါ်တောနက်ထဲက ဘီလူးမိစ္ဆာတစ်ကောင်ဟာ ရွာထဲ ကို ဝင်လာ၊ ရွာလယ်ဇရပ်ကို ခြေကုပ် ယူပြီး လူသားကော တိရစ္ဆာန်ပါမကျန် ဖမ်းဆီးစားသောက်ဝါးမျို ဖို့ကြံသတဲ့။ ဘီလူးကြီးက ဝရဇိန် လက်နက်ငါးမျိုး ကိုပါ ပိုင်ဆိုင်တာ သိကြတော့ ရွာသား တွေဟာ အင်မတန် […]

အလွမ်းရောင်သက် ဇေတဝန်

diz_admin

February 11, 2021

မြိတ်မြို့မှ တောင်ဘက်သို့ ရေမိုင် ၁၀ မိုင်ခန့်မျှ တနင်္သာရီမြစ်ကြောင်း အတိုင်း စက်လှေလေးစီးပြီး ဆန်တက်၍ သွားလိုက်သည်နှင့် မြစ်ပြင်ကို ဝန်းရံ ပိတ်ဆို့ကာ ဆင်ကြီးတစ်ကောင် မာန်စွယ် ကိုချလျက် ဝပ်စင်းခယနေသည့်ဟန် သဏ္ဌာန်ရှိသော “ဆင်ဒင်(ဆင်တင်)တောင်တန်းကြီး” ကို အဝေးကပင် လှပစွာ မြင်ရပေမည်။ ထိုဆင်ဒင်တောင်တန်းအရှေ့သို့ မရောက်မီ-(တနင်္သာရီ မြစ်ဖျားအထက် သို့ မတက်ခင်မှာ) တွေ့မြင်ရမည့် တောင်စွယ်သည် တနင်္သာရီမြစ်ရေဆုံ/ မြစ်ခွဲ အမှတ်အသားပြ “ဇေတဝန်” တောင်တန်းပင်ဖြစ်သည်။ အရှေ့အနောက်၊ လေးဘက်လေးတန် ဝဲယာ အုတ်လှေကားကြီးများက တောင်ပေါ်သို့ တက်ရောက်ရန် အဝေးကပင် ဆွဲဆောင်နေသည်။ လှေကား တစ်ထစ်ချင်းကို တက်ရင်း ကျေးလက် ရှုခင်းများကို ကြည့်ရသည်က တကယ့်ကို သာယာကြည်နူးဖွယ်ဖြစ်သည်။စိမ်းလန်းသာယာသော ရှုခင်းပသာဒများ စွာခြံရံလျက်- တနင်္သာရီပြည်နှင့် ပုဂံခေတ် […]

လငပုပ်ဖမ်းတဲ့ ညများ

diz_admin

February 10, 2021

ကျွန်တော်တို့မြို့မှာ နည်းနည်းတော့ ထူးဆန်းနေတယ်။ လလည်းမသာ တိမ်လည်းမဖုံးပါဘဲ တစ်လမ်းလုံး၊ တစ်ရပ်ကွက်လုံး၊ တစ်မြို့ လုံး ယောကျာ်း၊ မိန်းမ ကလေးလူကြီး သံပုံးတွေ၊ ဒယ်အိုးတွေ၊ စတီးနဲ့လုပ်ထား တဲ့ ဝရန်ဒါတွေ၊ ပြောရရင် အသံထွက်တဲ့ အရာမှန်သမျှ နီးရာကောက်ပြီး တီးနေ ကြတယ်။မှတ်မှတ်ရရ ဖေဖော်ဝါရီလ ၃ ရက် ည ၈ နာရီကစပြီး အဲဒီလိုထူးဆန်းတဲ့ ဖြစ်ရပ်မျိုး ဖြစ်နေတာ ခုဆိုရင် နှစ်ညရှိ ပြီ။ ည ၈ နာရီထိုးတာနဲ့ တဝုန်းဝုန်း တဒိုင်းဒိုင်းနဲ့ တစ်ရပ်ကွက်လုံးညံနေတာ။ ရပ်ကွက်ထဲ နားမခံသာလို့ ဆိုင်ကယ်တစ်စီးနဲ့ လမ်းပေါ်ထွက်လိုက်တော့ “အမိဝေး”။ ပိုတောင်ဆိုးသေး။ ဆိုင်ကယ်တွေ ကားတွေမှန်သမျှ ဟွန်း အဆက်မပြတ်တီးပြီးကို အလျင်စလို သွားလာနေကြတာ တစ်မြို့လုံး မီးပဲ […]

အရ၊ အလျော့ ရခြင်းနှင့် လျော့ခြင်း

diz_admin

February 5, 2021

ချဲ့၍ ဆိုရသော် ကိုယ့်တွင် ရရှိ လာခြင်းနှင့် ကိုယ်ထံမှ ယုတ်လျော့ သွားခြင်းဖြစ်သည်။ သတ္တဝါဟူသမျှတို့ ၏ သဘာဝမှာ ကိုယ်က ရလျှင် ဝမ်းသာတတ်၊ ကျေနပ်တတ်ကြပြီး ကိုယ့်ဆီက လျော့သွားလျှင်မူ ဝမ်းနည်းတတ်၊ နှမြော တတ်ကြပါသည်။ ကိုယ်က ရလိုက်လေ ခြင်းဟု ခံစားမိပြီး အပျော်ကြီးပျော်ကြသူ တို့ကို တွေ့ဖူးပါလိမ့်မည်။ ထို့အတူ ကိုယ်က ပေးလိုက်ရလေခြင်းဟူ၍ တအုံ့ နွေးနွေးနှင့် စုတ်တသပ်သပ်ဖြစ်နေသူတို့ လည်း ရှိပါ၏။ ကျွန်တော်တို့သည် အချိန်နှင့်အမျှ တစ်ခုခုကို သိရန်ကိုသာ အားထုတ်နေ ကြသူများ ဖြစ်သည်။ သို့မဟုတ် တစ်ခုခုကို ရရှိရန် လုံးပမ်းနေကြသည်။ ထိုအချိန် မှာပင် ကျွန်တော်တို့ထံမှ ယုတ်လျော့သွားရမှုများလည်း အခြားတစ်ဖက်တွင် တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေပါသည်။ အမှန်တွင်မူ ရခြင်းနှင့် […]

လမ်းလျှောက်သူ တစ်ယောက်ပြောချင်တာများ

diz_admin

January 30, 2021

ဖိုးကြာရိုးတစ်ယောက်ဖြင့် စာမရေး ဖြစ်တာကြာပါသော်ကောရယ်လို့များ မေးကြလိမ့်မယ်ထင်ရဲ့။ ကိုဗစ်ကြောင့် စိတ်လက်ကလေး သိပ်မကြည်တာရယ်နဲ့ လောကီရေးရာများကြောင့်မရေးဖြစ်တာပါပဲ။ အခုလည်း ရေးချင်စိတ်ကလေး များပေါ်လာပေတဲ့ အမြင်မတော်တာ လေးများကို ပြောရပြုရတဲ့ဟာမျိုး ရေးချင်နေလေတော့ စာရှုသူတွေ စာဖတ်ပြီး အကြည်ဓာတ်ကလေးများ ပျောက်သွား မှာကိုလည်းစိုးပါရဲ့။ သည်းခံ၍သာ ဖတ်တော်မူပါ။ ကိုဗစ်နှောင့်လို့ အရင်ကလိုဟိုဟို သည်သည် မသွားရတော့လည်း ကျန်းမာ ရေးအကြောင်းပြ စိတ်ပြေလက်ပျောက် ညနေတိုင်း ပုံမှန်လမ်းလျှောက်ဖြစ်နေမိ တာပ။ အိမ်ကအလုပ်လုပ် (Work from home) ဆိုတာကလည်း လွယ်မယောင်နဲ့ ခက်တယ်။ ကွန်ပျူတာနဲ့ မျက်နှာ တချိန်လုံး ညားနေရတဲ့အဖြစ်မျိုးမို့ အညောင်းအညာမိတာလည်းရှိ၊ ကြိုက်တဲ့အချိန် အလုပ်လုပ်လို့ရတယ်ဆိုပေသိ တချိန်လုံး ထိုင်နေမိတာကလည်း တစ်ရက်လည်းမဟုတ် နှစ်ရက်လည်းမဟုတ်။ ကြာလာတော့ ကျန်းမာရေး ထိမှာစိုးရ သမို့ ကိုယ်စိတ်နှစ်ဖြာ […]

နည်းပညာအန္တရာယ် ဘယ်လိုကာကွယ်ကြမလဲ

diz_admin

January 24, 2021

အချိန်ကာလရဲ့ ရွေ့လျားပြောင်းလဲမှုဟာ နာရီလက်တံတွေနဲ့အတူ တအိအိနဲ့ ရှေ့ကိုတွန်းရွေ့သွားစမြဲ။ အခုလည်း မတည်မြဲမှုနိယာမအတိုင်း သက္ကရာဇ် အသစ်ဖြစ်တဲ့ ၂၀၂၁ ကိုရောက်လာခဲ့ပြန်ပြီ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုရဲ့အစကို သမင်လည်ပြန် ငေးကြည့်ယင်း မတူကွဲပြားတဲ့ လူနေမှုဘဝပုံစံတွေကို ပြန်လည် တွေးဆနေမိတယ်။ အခုလက်ရှိ လူနေမှု ပုံစံဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကနဲ့ များစွာ ကွာခြားသွားတာပါလားလို့ တိတ်တဆိတ် အံ့သြမိရင်း လက်ထဲက စမတ်ဖုန်းကို ငေးကြည့်မိပြန်တယ်။ အိုင်တီခေတ်ရောက်ပြီလို့ ကြွေးကြော်ခဲ့ကြတဲ့အတိုင်း စမတ်ဖုန်းတွေ ကိုယ်စီနဲ့။ ဖုန်းလေးတစ်လုံးသာရှိရင် ဘာမဆို သိနိုင်တွေ့နိုင်တဲ့ အနေအထားမှာ စမတ်ဖုန်းဟာ ဖန်ဆင်းရှင်ဖြစ်လို့ နေရှာတယ်။ စမတ်ဖုန်းလေးမှ မကိုင်ရင်၊ ဖေ့ဘုတ်လေးမှ မသုံးရင် လူရာမဝင် လူစဉ်မမီတဲ့ အနေအထား ရောက်မှန်းမသိ ရောက်လာခဲ့ပါတယ်။ တစ်ချိန်က ငွေကြေး တတ်နိုင်သူတွေလောက်သာ သုံးနိုင်တဲ့၊ […]

မိုးများရေရှား တနင်္သာရီတိုင်းမှာ အဖြေမရှိသေးပါ

diz_admin

January 20, 2021

ကမ္ဘာကြီး ပူနွေးလာမှုရဲ့နောက်ထပ်ရိုက်ခတ်မှုကတော့ ရေအရင်းအမြစ်တွေ ရှားပါးလာပြီး ရေခန်းခြောက်မှုတွေ ပိုဖြစ်လာတဲ့ ပြဿနာပါပဲ။ ကမ္ဘာ့ အပူချိန် ၁.၅ ဒီဂရီ ပိုပူလာ တယ်ဆိုတာ ဂြိုလ်ကမ္ဘာဟာ တကယ့် မဖြတ်ရတဲ့ အန္တရာယ်စည်းကို ကျော်နေပြီဆိုတာကို ပြတာပါ။ အပူချိန်တွေ ထပ်တိုးလာနေတာဟာ ဆိုးလာတဲ့ အခြေအနေကနေ ကြောက်လန့်စရာကောင်းတဲ့ အနေအထားကို တဖြည်းဖြည်း ရွေ့လာနေတာပါ။ ကမ္ဘာ့ အပူချိန်မြင့်တက်မှုကြောင့် ရေခဲတောင်တွေ အရည်ပျော်ခြင်း၊ မြေအောက်ရေ ခန်းခြောက်ခြင်းတွေ အလျင်အမြန်ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံလည်း ရေရှားပါးမှု အန္တရာယ်က တဖြည်းဖြည်း ဖြစ်ပေါ်လာနေပါပြီ။ ပြီးခဲ့တဲ့ နွေရာသီက မြန်မာနိုင်ငံ ဒေသအချို့မှာ အပူချိန် စံချိန်တင်မှုတွေ ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှာ နွေရာသီရေရှားပါးမှုကြောင့် တောထဲမှာနေတဲ့ သမင်လေးတွေ၊ မျောက်တွေဟာ ရေပြတ်လပ်တဲ့ ပြဿနာတွေ ကြုံခဲ့ကြပါတယ်။ မိုးများရေရှား […]

ထားဝယ်၊ မြိတ်၊ ကော့သောင်း ကမ်းရိုးတန်းကောက်ကြောင်း

diz_admin

January 17, 2021

ထားဝယ်ကို ရောက်စက ဒီကလူ တွေဆီကနေ ကြားနာရတာ တစ်ခုရှိပါတယ်။ ထားဝယ်က ဆိုရှယ်လစ်ယဉ် ကျေးမှုဆန်တယ်။ မြိတ်နဲ့ ကော့သောင်း က အရင်းရှင်စနစ်ဆန်တယ်။ ဆိုလိုတာက ထားဝယ်မှာက လူတန်းစားကွာခြားမှု သိပ်မရှိဘူး။ ချမ်းသာတဲ့သူနဲ့ ဆင်းရဲတဲ့သူ သိပ်မကွာဘူး။ တအားကြီး ချမ်းသာတဲ့သူလည်း ရှိမနေသလို ဆင်းရဲလွန်းတဲ့သူလည်း မရှိဘူး။ ယေဘုယျအားဖြင့် အဲဒီလို မှတ်ယူနိုင်တယ်။ ပြီးတော့ လက်ဖက်ရည်ဆိုင် ဆိုပါတော့၊ သူဌေးလည်း ဒီဆိုင်မှာ ထိုင်၊ ဆင်းရဲသားလည်း ဒီဆိုင်မှာ ထိုင်ပဲ။ အဲဒီလို။ သူတို့ပြောတာကို မှတ်ထားပြီး ရာသီဥတုသာယာတဲ့တစ်ရက်မှာ ကျွန်တော်ဟာ ထားဝယ်ကနေ ကော့သောင်း ကို သွားမယ့်ကားပေါ် တက်လိုက်သွားခဲ့ပါတယ်။ ပြီးတော့ စိတ်အာရုံထဲမှာ ပန်းချီ ကားတစ်ချပ်ကို စုတ်ချက်ကြမ်းကြမ်းနဲ့ ရေးခြယ်နေမိပါတယ်။ အလုပ်တာဝန်တစ်ခုနဲ့ ထားဝယ်ကို […]