ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရသ

အိမ်မှာ မလွတ်လပ်တော့သော အခါ-လူငယ်တို့အတွက် ရွေးချယ်စရာ

diz_admin

October 1, 2021

မျှော်လင့်ချက်ဖြင့် ပြန်လာကြသည်။ သို့သော် ထိုမျှော်လင့်ချက်ကို ပြိုပျက်သွားပြီဟု သေချာသွားသောအခါ တကျော့ပြန် ခရီးပြန်ထွက်ရပြန်သည်။ အချို့က စီးပွားရေးကြောင့်၊ အချို့က မတည်ငြိမ်သော ဝန်းကျင်ကြောင့်။ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှ အသက် ၂၀ ကျော်အရွယ် ကိုကောင်းဆက် (အမည်လွှဲ) ကတော့ စီးပွားရေးကြောင့် အပြင် မတည်ငြိမ်သော ဝန်းကျင်ကြောင့်လည်း ပါသည်။ စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ဖူးသော ကိုကောင်းဆက်ကို ထင်သလို ဖမ်းဆီးမှုများမှ ရှောင်ရှားနိုင်ရန် မိဘများက ဖိအားပေးခဲ့သည်။ ထိုကြောင့် ထိုင်းနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်ရန် အကြောင်းဖန်လာသည်။ “ကျွန်တော့်အိမ်က အန္တရာယ်ကင်းအောင်ဆိုပြီး သွားဖို့ ပြောလွန်းလို့ လာခဲ့ရတာ”ဟု ကိုကောင်းဆက်က ပြောသည်။ စစ်အာဏာမသိမ်းမီက ပိုမိုပွင့်လင်းလာသော အခွင့်အလမ်းများကြောင့် အမျိုးမျိုးသော မျှော်လင့်ချက်များဖြင့် ပြည်တော်ပြန်လာကြသော ရွှေ့ပြောင်း […]

ကိုဗစ် ကိုင်လှုပ်လိုက်သော အသုဘဓလေ့

diz_admin

September 25, 2021

ကိုဗစ်ကပ်ဘေးက ထားဝယ်ဒေသရဲ့ အသုဘဓလေ့တွေကို ပြောင်းလဲပစ်လိုက်တယ်လို့ ဆိုရမှာပါ။ ကိုဗစ်ရောဂါနဲ့ သေဆုံးကြပေမယ့် ကျန်ရစ်သူမိသားစုတွေမှာတော့ အသုဘနဲ့စပ်ဆိုင်တဲ့ ဓလေ့ထုံးတမ်းတွေကို ဘာတစ်ခုမှ လုပ်ခွင့်မရကြတော့ပါဘူး။ အရင်ကဆိုရင် လူတစ်ယောက်ဆုံးပါးပြီဆိုတာနဲ့ အလောင်းကိုရေချိုးပေးပြီး ဒေသက သိစင်လို့ ခေါ်တဲ့ ကုတင်တွေ ခြင်ထောင်တွေပြင်ဆင်။ ပြီးရင် အလောင်းကိုတင်ပြီး ရေခဲအုံ အစသဖြင့် လုပ်ရတာတွေက အများကြီး။ နောက်တော့ အလောင်းထည့်တဲ့ အအေးပုံးတွေ ပေါ်လာပြီး ရေခဲတင်စရာမလိုတော့ဘူးပေါ့။ နောက်ပြီး ဧည့်သည်များများ နားခိုလို့ရအောင် အိမ်ရှေ့မှာ တာလပတ်အမိုးဆောက်သူဆောက်ပေါ့။ ထားဝယ်ဒေသမှာက လူတစ်ယောက်သေဆုံးရင် အလောင်းကိုနေအိမ်မှာ အနည်းဆုံး ၂ ရက်ကနေ ၅ ရက်လောက်အထိ ထားပြီး ဆွေမျိုးသားချင်းတွေ၊ အသိမိတ်ဆွေတွေက အသုဘရှုလေ့ရှိတာကိုး။ အချို့ကလည်း သေဆုံးသူရဲ့ အဝေးရောက်သားသမီးတွေကို စောင့်ပြီးမှ သင်္ဂြိုဟ်လိုတဲ့အတွက် အဲဒီအချိန်ထက်လည်း ပိုထားလေ့ရှိတယ်။ […]

ဘုရားကြီးထဲက အိုဘားမား

diz_admin

August 31, 2021

“ဆုတံဆိပ်တွေလား..၊ တစ်ခုမှ မရှိ တော့ဘူးကွ၊ မက်လည်း မမက်မော အားလုံး ပေးပစ်လိုက်ပြီ..”သူ့အသံက တစ်ခုခုကို သရော်ချင် စိတ်တွေ..၊ ဘဝကို ဟားတိုက်ပစ်လိုက် ချင်စိတ်တွေနှင့်အတူ ရောပြွမ်းထွက် ကျလာ၏..။ ထားဝယ်ဘုရားကြီးဝင်းရှိ နောင်တော်ကြီးစေတီ၏ ဆည်းလည်းသံလေးများကလည်း သူ့အခံဓာတ်ကို ထောက်ပံ့တိုးဆွပေးနေ သယောင်ယောင်..၊ ကလူကျီစယ်နေသယောင်ယောင်..။ သူ့အမည်ကို “ဦးစိန်ဝင်း” ဟု မိတ်ဆက်လျှင် မည်သူမျှ အရေးတယူ မရှိနိုင်..။ သို့သော်… “ဒါ မြန်မာ့ဘောလုံး ရွှေခေတ်ရဲ့ မဟာတံတိုင်းကြီးလေ..၊ ဘားမားစိန်ဝင်းကွ” ဆိုလျှင် တခုတ်တရ ရှိကြကြည့်ကြ မိတ်ဆက်ကြလိမ့်မည် ထင်ပါသည်။ ယင်းဆည်းလည်းသံများကို မရိုး မအီ ဆယ်စုနှစ်ချီ လာထိုင်နားထောင်နေတတ်သော..၊ အသားညိုညစ်ညစ် ပိန် ပိန်ရှည်ရှည် တောသားဂိုက်ပေါက်နေသော အဖိုးအိုကြီးတစ်ဦးကို ဘုရားဖူးများ နှင့်တကွ သူ့အကြောင်း အတွင်းကျကျ […]

ကြွေလွင့်သွားသော တနင်္သာရီတိုင်းသား စာပေအနုပညာရှင်များ

diz_admin

August 26, 2021

ကိုဗစ်တတိယလှိုင်းတွင် နိုင်ငံကျော် အနုပညာရှင်ကြီးများ ကြွေလွင့်နေကြသည်။ အထူးသဖြင့် သက်ကြီးဝါးကြီး အနုပညာရှင်၊ အတတ်ပညာရှင်များ ကြွေလွင့်သွားခဲ့ကြသည်။ ယင်းအတို့အထဲတွင် တနင်္သာရီတိုင်းသား အနုပညာရှင်များလည်းပါဝင်ပေသည်။ စေ့ငုမိသမျှ တနင်္သာရီတိုင်းသား စာပေအနုပညာရှင်လေးဦး ကြွေလွင့်သွားပြီဖြစ်သည်။ ၎င်းတို့လေးဦးအား ကွယ်လွန်သွားသည့်ရက်စွဲအလိုက် မှတ်တမ်းတင် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဦးကိုကိုကြီး ထားဝယ်ရိုးရာယဉ်ကျေးမှုအဖွဲ့ကိုတည်ထောင်ခဲ့သူဖြစ်သော ဦးကိုကိုကြီးသည် ကိုဗစ်ရောဂါကူးစက်ခံရပြီး ဩဂုတ်လ ၂၁ ရက်တွင် ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၈၁ နှစ်ရှိပြီဖြစ်သည်။ ဦးကိုကိုကြီးသည် ထားဝယ်ရိုးရာအကကို နိုင်ငံတော်အဆင့်အခမ်းအနားများတွင် တင်ဆက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ၁၉၈၉ ခုနှစ် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင်ပြုလုပ်သော ထိုင်း-မြန်မာနယ်စပ်အစည်းအဝေးတွင် ထားဝယ်ရိုးရာအကဖြင့် စတင်တင်ဖျော်ဖြေခွင့်ရခဲ့သည်။ ယင်းအချိန်မှစပြီး ယနေ့အချိန်အထိ ပြည်ထောင်စုနေ့အခမ်းအနားတွင် ထားဝယ်ရိုးရာအကဖြင့် ဖျော်ဖြေခွင့်ရရှိခဲ့သည်။ ဦးကိုကိုကြီးသည် ထားဝယ်ရိုးရာအကအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူပြီး ထားဝယ်ရိုးရာအကများကိုလည်း ဆန်းသစ်တီထွင်ခဲ့ပေသည်။ ရှေးဆရာကြီးများရေးသားခဲ့သည့် […]

ကျနော်တို့ ရဲဘော်တွေ လေးစားတဲ့ ဆရာအောင်မြင့်

diz_admin

August 9, 2021

ခုတလော အိပ်ယာနိုးလို့ Facebook ကြည့်လိုက်ရင် ကိုယ်မိတ်ဆွေတွေ၊ ကိုယ်သိသူတွေထဲက ကြွေလွင့်သွားတဲ့ သတင်းတွေကို နေ့စဉ်လိုလို မြင်နေရလို့ အတော်စိတ်ဒုက္ခရောက်နေရပါတယ်။ ဒီဒုက္ခတွေထဲမှာ ဒီနေ့တော့ ကျနော်တို့ ရဲဘော်အားလုံးလေးစားရတဲ့ ဆရာအောင်မြင့် ကွယ်လွန် သွားပြီဖြစ်တဲ့အကြောင်း ထား၀ယ်က ရဲဘောတဦးက Tag လုပ်ပြီး သတင်းတင်ထားတ ာ တွေ့လိုက်ရပါတယ်။ လုံး၀ ထင်မထားခဲ့ပါဘူး။ ကျန်းမာရေးလိုက်စားတဲ့ ဆရာအောင်မြင့်၊ နေ့စဉ် လမ်းလျောက်လေ့ ကျင့်ခန်းမပြတ်လုပ်နေတဲ့ဆရာအောင်မြင့်က ဘာကြောင့် ချက်ခြင်းကြီး ကွယ်လွန်သွားရတာလဲ…။……. ထား၀ယ် အထက ၁ က ကာယနည်းပြဆရာဖြစ်တဲ့ ဆရာအောင်မြင့်ကို ထား၀ယ်က ကျောင်းသားအတော်များများသိပြီးသားဖြစ်ပေမယ့် ကျနော်က အမှတ် ၁ ကျောင်းသား မဟုတ်လို့ သူကို အဲဒီအချိန်က သိမနေခဲ့ပါဘူး။ ကျနော် သူ့ကို စတွေ့ဖူးတာက ၈ […]

အနာဂတ်မျိုးဆက်အတွက် ရဲဝံ့သောခြေလှမ်းများ

diz_admin

March 5, 2021

၂၀၂၀ တုန်းက ကိုဗစ်ကြောင့် မလွတ်မလပ်ဖြစ်ခဲ့တာတွေဟာ နှစ်ကုန်ပိုင်းမှာ ကာကွယ်ဆေးရမယ်ဆိုတဲ့ သတင်းနဲ့ ကိုဗစ်လူနာလျော့ကျလာတဲ့ သတင်းတွေကြောင့် အနည်းငယ်စိတ်သက်သာသွားရုံရှိသေးတယ်။ ၂၀၂၁ အစမှာပဲ မမျှော်လင့်တဲ့ အဖြစ်အပျက်ဆိုးက ရုတ်တရက် မုန်တိုင်းဝင်မွှေလိုက်သလို ပါပဲ။ ထိတ်လန့်စိုးရိမ်ရတာတွေ၊ နာကျင်ကြေကွဲရတာတွေအပြင် လူထုရဲ့ မယုံနိုင်စရာ စည်းလုံးညီညွတ်မှုတွေက တကယ် ကို တအံ့တသြဖြစ်စေခဲ့ပါတယ်။ အကြမ်းဖက်မှုတွေကြောင့် ဝမ်းနည်း ကြေကွဲရသလို ကိုယ်အထင်ကြီးလေးစား ခဲ့ရတဲ့ တချို့သော နိုင်ငံရေးသမား၊ စာရေးဆရာ၊ တတ်သိပညာရှင်တွေရဲ့ ဖောက်လွဲဖောက်ပြန် လုပ်ရပ်တွေကြောင့် ယူကျုံးမရ နှမြောတသ ဖြစ်ရပါတယ်။ အမှန်တရားရဲ့ ဘက်တော်သား ပြည်သူတွေအတွက် အားတက်ဂုဏ်ယူရသလို အရင်ကလို ပြန်ဖြစ်သွားမလား ဆိုတဲ့ စိုးရိမ်စိတ်ကလည်း ကွက်ကျား ပေါ်လာတတ်ပြန်တယ်။ တစ်ချိန်လုံး ခံစားချက်ပေါင်း များစွာနဲ့ လှုပ်ရှားရုန်းကန်နေတဲ့စိတ် ကြောင့် စာရေးဖို့ […]

စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့သစ်တော ပိုပြုန်းသွားနိုင်

diz_admin

March 3, 2021

စီးပွားရေး ပိတ်ဆို့မှု၊ ကုန်သွယ်ရေး ပိတ်ဆို့မှုများ၏ ဖိအားကြောင့် မြန်မာ့ တပ်မတော်သည် ပတ်ဝန်းကျင်ဆိုင်ရာ စံချိန်စံနှုန်းများမရှိသော နိုင်ငံများ၊ စီးပွားရေးလုပ်ငန်းများကို သစ်လုပ်ကွက်များ ပိုချပေးလာနိုင်ကြောင်း သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ရေးရာ ကျွမ်းကျင်သူများက ပြောဆိုလိုက်သည်။ မြန်မာစစ်တပ်၏ အာဏာသိမ်းမှု နှင့် နိုင်ငံခြားတိုင်းပြည်များနှင့် စီးပွားရေး လုပ်ငန်းများက မြန်မာပြည်အပေါ် ကုန်သွယ်ရေးသပိတ်မှောက်မှု မြင့်လာခြင်းတို့မှာ မြန်မာပြည်၏ သစ်တော ပြုန်းတီးမှုကို အားပေးရာရောက်နိုင်သည်။ တစ်နည်းဆိုသော် ထိုသို့သော အခြေအနေသည် ပတ်ဝန်းကျင်ဆိုင်ရာ လိုက်နာရမည့် စံချိန်စံညွှန်းမျိုး မရှိ သော၊ အလေးမထားသော ရင်းနှီးမြှုပ်နှံ သူများလက်သို့ မြန်မာ့သစ်တောများ ပြန်ရောက်သွားနိုင်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး အုပ်စုများက သတိပေး ကြပါသည်။ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အစိုးရကို မြန်မာ့တပ်မတော်က ယခုလအတွင်း […]

ရက်ရက်စက်စက် ပဲခွပ်နဲ့အခုတ်ခံခဲ့ရတဲ့ အိပ်မက်

diz_admin

February 18, 2021

ဗားရှင်း ၂ အိပ်ရာက နိုးလာတော့ ဖုန်းကို ဖွင့်ကြည့်တဲ့အခါမှာ သတင်းတွေဟာ စိတ်မကောင်းဖွယ်ရာတွေနဲ့ စောင့်ကြို နေတယ်။ ညတုန်းက နိုင်ငံတစ်ဝန်းမှာ ပေါ်ပေါက်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ဖေ့ဘုတ်လူမှုကွန်ရက်ပေါ် မှာ သူတစ်မျိုး၊ ငါတစ်မျိုး ရေးကြသားကြ၊ ဝေဖန်ကြ၊ သုံးသပ်ကြနဲ့။ ဘယ်လို ပဲ ဖြစ်ဖြစ် မြင်တွေ့ကြားသိရတာတွေကတော့ ထိတ်လန့်ဖွယ်ရာတွေပါပဲ။ စိုး တထိတ်ထိတ်နဲ့ အိပ်ရာဝင်ခဲ့ရပြီး အိပ်မက်တွေ အိပ်မက်ဆိုးတွေ မက်ခဲ့ရ၊ နိုးလာချိန်မှာလည်း သာယာချမ်းမြေ့ ဖွယ်ရာကို မတွေ့ရ။ ဒီလိုညတွေ အခုဆို ဘယ်နှညရှိခဲ့ပြီလဲ။ ဘယ်လောက်ကြာအောင် ရှည်လျားဦးမှာလဲ။ မှန်းဆနိုင်စွမ်း မရှိခဲ့။ စိတ်ညစ်ညူးစွာနဲ့ပဲ လက်ဖက်ရည် ဆိုင်ကိုထွက်လာရင်း “အိပ်မက်” ဆိုတဲ့ စကားလုံးဟာ အတွေးထဲကို ဝင်ရောက် လာတယ်။ လူတိုင်းမှာ အိပ်မက်ကိုယ်စီ […]