အမှောင်ထဲမှ မင်းသားများ (၁၉၇၀)
diz_admin
October 29, 2022အခန်း(၃) ကြည့်မြင်တိုင်ရဲစခန်း။ ဗားဂရာခြောက်အနီးတွင်တည်ရှိပြီး ရန်ကုန်မြို့၏ မှုခင်းအများဆုံးသော ရဲဌာနတစ်ခုလည်းဖြစ်သည်။ စခန်းမှူး ဦးမောင်မောင်ကြီး ၏ ရုံခန်းအတွင်းတွင် မိုးကျော်က စီးကရက်ကိုဖွာရင်း ခြေချိတ်ထိုင်နေသည်။ “မင်းတို့ လုပ်တာမဟုတ်ရင်..ဘယ်သူလုပ်တာလဲ..မိုးကျော်” “ကျွန်တော်မသိဘူးလို့ ပြောပြီးပြီလေ..ကိုမောင်ကြီး…ကျွန်တော့်ကောင်တွေကိုလည်း ခင်ဗျား စိတ်ကြိုက်စစ်ပြီးပြီပဲ” ဦးမောင်မောင်ကြီး က စားပွဲပေါ်တွင် ထိုင်နေရင်းမှ ထလာသည်။ “မင်းတို့ကိုပန်းဘဲတန်းမှာကတည်းက ငါ သေချာပြောတယ်.. မင်းတို့ လက်လွန်ခြေလွန်ဖြစ်ကြတဲ့အခါလည်း အလောင်းကို ပေါ်တင်ကြီးတော့ မထားနဲ့..လုပ်စရာရှိတာလုပ်ပြီးရင် တစ်ခါတည်းဖျောက်ပါလို့…အခု ငါ့နယ်မြေထဲ အဲ့ဒီလိုကြီးဖြစ်တော့မှ ငါက ဘယ်လို လုပ် ပေးရမလဲ…ဘာဖြစ်ဖြစ် မင်းလူတွေလုပ်တာလို့ တစ်ရပ်ကွက်လုံးက ပြောနေပြီ..မင်းဆီက တစ်ယောက် ယောက်တော့ ထိုးကျွေးပေး..ဟေ့ကောင်” မိုးကျော်က စီးကရက်ပြာကို ချွေလိုက်ပြီး သက်ပြင်းချလိုက်သည်။ “အလဟဿကျွန်တော့်လူတစ်ယောက် အဆုံးခံရမှာလား..ကျွန်တော်တို့..မသတ်ပါဘူးဆို” ထိုအချိန်တွင် ရုံးခန်းအတွင်းသို့ ဂါတ်စာရေးကြီးဝင်လာသည်။ “ညက […]


