အမှောင်ထဲမှ မင်းသားများ (၁၉၇၀)
diz_admin
November 21, 2022အခန်း(၂၆) ၁၉၇၁ အောက်တိုဘာ (၁၅)ရက်။ မော်လမြိုင်၊ ရွှေမြိုင်သီရိရှိ ကြေးမုံ၏ ရုံးခန်း။ “ရော့…ကျွန်တော့်ကို ပစ်သတ်လိုက်ပါ…မမယု” ပစ္စတိုသေနတ်က ယုယုမော်ရှေ့ စားပွဲစွန်းသို့ လျောခနဲ ရောက်လာသည်။ “ဘာတွေဖြစ်နေတာလဲ..ကိုကြေး…ရှင့်ကို မယုက ဘာလို့ သတ်ရမှာလဲ” “ဘန်ကောက်မှာဖြစ်ခဲ့တဲ့ကိစ္စ…ကျွန်တော် ယောက်ျားမဆန်ဘူးလို့ ခံစားရတယ်..မမယုအပေါ် ကျွန်တော် တာဝန်မကျေခဲ့ဘူး” “သြော်..ဘန်ကောက်က ကိစ္စလား..အဟက်…ရှင်ယောက်ျားဆန်ပါတယ်..အဲ့ဒီညက ယောက်ျားဆန်လွန်းလို့လည်း မယုတို့နှစ်ယောက်ကြား ဟိုကိစ္စဖြစ်ခဲ့ကြတာမဟုတ်လား..ဘာကို ယောက်ျားမဆန်တာလဲ” ယုယုမော် ၏ လှောင်ရယ်သံကြောင့် ကြေးမုံ ပိုနေရခက်သွားသည်။ “အဲ့ဒီကိစ္စပဲလေ..အမှန်ဆို ကျွန်တော် မမယုကို တာဝန်ယူသင့်တာပေါ့..မဟုတ်ဘူးလား..အခုတော့ ကျွန်တော်က မြိုင့်ကို လက်ထပ်လိုက်တယ်..အဲ့ဒါလည်း ကလေးရှေ့ရေးအတွက်လည်း ပါလို့ပါ..မမယုရယ်” “ဟား….အသာလုပ်ပါ..ကိုယ်တော်ချောရဲ့..အဲ့ဒါက ရှင်ရော မယုရော အလိုတူအလိုပါဖြစ်ခဲ့တဲ့ကိစ္စလေ… ရှင့်မှာ ဘာတာဝန်တွေပိုရှိလို့ တာဝန်တွေယူချင်နေတာတုန်း…ရုပ်ရှင်ထဲက မင်းသားတွေ ပြောတဲ့စကားတွေ လာမပြောပါနဲ့လား” ကြေးမုံက […]


