အမှောင်ထဲမှ မင်းသားများ (၁၉၇၀)
diz_admin
November 12, 2022အခန်း(၁၇) “ထွန်းရင် မင်းစိတ်ကို ခဏလျော့ထားနော်” ကုန်းမြင့်သာ နိုင်ငံတော်ဧည့်ရိပ်သာ၏ ဘေးဘက်ရှိ အခန်းသို့ ဝင်ခါနီးတွင် စံဘက ခပ်တိုးတိုးသတိပေးလိုက်သည်။ သူတို့နှင့် မလှမ်းမကမ်းတွင် တပ်ထိန်းအရာရှိနှစ်ဦးရှိနေ၏။ ထွန်းရင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ “အခုချိန် တခုခုလုပ်လည်း ငါတို့ပဲ သေမှာနော်..ဟေ့ကောင်..လျော့ထား.လျော့ထား” အခန်းဝသို့ ရောက်သောအခါ တပ်ထိန်းတစ်ဦးက အထဲသို့ ဝင်ရန် ညွှန်ပြပြီး အပြင်မှာ နေရစ်ခဲ့သည်။ အထဲတွင် စီးကရက်ဖွာနေသောလူတစ်ယောက်။ အရပ်ခြောက်ပေကျော်ခန့်၊ မျက်မှန်အထူကြီးနှင့်။ တိုက်ပုံအင်္ကျီနှင့် ပုဆိုးကို သေသေသပ်သပ်ဝတ်ထားသည်။ “ကဲ..လာထိုင်ကြ” သုံးဦးသား ဝင်ထိုင်လိုက်၏။ “နံပါတ်ဝမ်းကြီးက ညနေပိုင်း ဒီမှာ ဧည့်ခံပွဲတစ်ခုလုပ်စရာရှိတယ်..အဲ့ဒါကြောင့် လုံခြုံရေးအရ ငါလုပ်စရာရှိတာတွေ ရှိလို့ ဒီကို ကြိုရောက်နေတာမို့ မင်းတို့ကို ဒီပဲ ချိန်းလိုက်ရတာ..အေး..မင်းတို့လည်း ရောက်ဖူးတာပေါ့ကွာ” စံဘက ခပ်ယဲ့ယဲ့ပြုံးပြလိုက်သည်။ […]