ဇွန်ဘီတွေနေတဲ့ နိုင်ငံတော်
Dawei Watch
January 27, 2026အပိုင်း (၂) အသက်ငင်နေတဲ့ မြို့ လူ့အသိစိတ် မရှိတော့တဲ့ ဇွန်ဘီကောင်တွေဟာ ကျနော်တို့ မြို့တွင်း ထကြွသောင်းကြမ်းနေကြောင်း မီဒီယာတွေမှ ခေါင်းစည်းသတင်းဖြင့် ကြေညာနေခဲ့သည်။ ယခင်က ထိုမြို့တော်ကြီးသည်၏ လမ်းမများမှာ လူသွားလူလာပြည့်နှက်ခဲ့သော်လည်း ယခုအခါတွင် ဆိုင်ရှပ်တာများ အောက်ချထားလျက်၊ လမ်းမပေါ်တွင် ကြွေကျနေသော ကြော်ငြာစက္ကူများနှင့် ဖုန်မှုန့်များသာ လေတိုက်ရာအတိုင်း လိမ်လည်လှုပ်ရှားနေကြသည်။ ညမထွက်ရ အမိန့် ထုတ်ထားသည့် အားလျော်စွာ အခါအားလျော်စွာ ခွင့်ပြုသည့်နေ့မှတပါး လမ်းမများသည် လူသူ ကင်းမဲ့လျက် သရဲမြို့တော်ကြီးပမာ ခြောက်ကပ်လွန်းလှသည်။ တိုက်တာ အိမ်အိုကြီးများ၏ နံရံများပေါ်တွင် မပျက်သေးသည့် သွေးစများ၊ အရောင်ပျက်သွားသော ဆောင်ပုဒ်များ၊ အမိန့်ကြေညာစာရွက်များက မြို့တော်ကြီးတစ်ခုလုံးမှာ အသက်ရှူသံပါးပါးဖြင့် မျက်စိမဖွင့်ချင်တော့သည့် လူနာကြီးတစ်ယောက်လို တိတ်ဆိတ်စွာ အိပ်ပျော်နေသလိုပင်။ မြို့နှင့်အလှမ်းဝေးရာ တောကြိုတောင်ကြားအရပ်သို့ စောလျင်စွာ ထွက်ပြေးလွတ်မြောက်ခဲ့သည့် […]


