သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၀)
diz_admin
January 2, 2023<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၉) အပိုင်း-၆- (မင်းသမီးခစန်းခွာစစ်နှင့် နောက်ဆက်တွဲပြသာနာများ) အခန်း-၆၀- (၁) ဒုက္ခသည်စခန်းရဲ့ အခြားတဘက် မျက်နှာမှာ ဖုမဝမ်စခန်းမှာ သီတင်း ၂-ပတ်လောက်ကြာပြီး နည်းနည်းတည်ငြိမ်လာတဲ့ အခါမှာတော့ နယ်စပ် တောထဲက ကျနော်တို့တပ်တွေနဲ့ ဆက်သွယ်ရေး၊ ဘန်ကောက်မှာရောက်နေတဲ့ ကိုမင်းအောင်နဲ့ ဆက်သွယ်ရေး ကိစ္စတွေကို ဆောင်ရွက်ခဲ့ပါတယ်။ အခု ကျနော်တို့ ရောက်နေတဲ့ ဖုမဝမ် ဒုက္ခသည်စခန်းဟာ နယ်စပ်နဲ့ ၅-ကီလိုလောက်ပဲ ဝေးပြီး နယ်စပ် တောင်ကျောဆီ တက်သွားတဲ့ ကားလမ်းကို ဒီစခန်းထဲကနေ လှမ်းမြင်နေရပါတယ်။ ဒီနေရာဟာ မင်းသမီးစခန်းရဲ့ အောက်ဘက် ၂၀-ကီလို အကွာလောက်မှာရှိတဲ့ ဘောယက္ခ KNU နယ်စပ်ဂိတ်စခန်းနဲ့ သိပ်မဝေးဘူးလို့ သိရပါတယ်။ အဲဒီစခန်းဘက်ကနေ KNU အဖွဲ့ဝင် မိသားစုတွေနဲ့အတူ ရှေ့ပိုင်းမှာ […]


