သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၂)
diz_admin
December 25, 2022<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၁) အပိုင်း-၅- (တနင်္သာရီရိုးမပေါ်က ခေတ်သစ်ကိုလံဘတ်များ) အခန်း-၅၂- (၁) မျောက်သားစားချင်ရင် အလှူရှင်မျက်နှာကိုမကြည့်နဲ့ “မျောက်သားစားချင်ရင် မျောက်မျက်နှာကို မကြည့်နဲ့” ဆိုတဲ့ ဆိုရိုးစကားကို စာဖတ်သူတွေ ကြားဖူးကြမယ် ထင်ပါတယ်။ ဒါပေမယ့် တောထဲမှာ ငတ်ပြတ်နေတဲ့ ကျနော်တို့ ကျိုးဖိုးတွေအဖို့ကတော့ မျောက်မျက်နှာ ကြည့်ရုံတင်မက၊ မျောက်တကောင်လုံးကို အသေချာကြည့်ပြီး စားနေကြသူတွေဆိုတော့ အဲဒီ ဆိုရိုးစကားက မမှန်တော့ပါဘူး။ ၁၉၉၄ နိုဝင်ဘာ သို့မဟုတ် ဒီဇင်ဘာလထဲမှာလို့ ထင်ပါတယ်။ ထောက်ပံ့ရေးတာဝန်နဲ့ ဟွာဟင်ဒေသက စခန်းသစ်ဆီ နိုင်ငံခြားသား NGO ဝန်ထမ်းတဦးကို ကျနော်ခေါ်သွားဖူးပါတယ်။ စခန်းသစ်တည်ဆောက်ကစ ABSDF အခြေအနေကို မျက်မြင်ကိုယ်တွေ့ သိချင်လို့ဆိုပြီး လိုက်ကြည့်သူကတော့ ဘန်ကောက်မြို့ ဆူခွန်ဗစ်လမ်းထဲမှာ ရုံးခန်းဖွင့်ထားတဲ့ နာမည်ကြီး NGO […]


