သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၅)
diz_admin
January 7, 2023<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၄) အပိုင်း-၇- (ကြွေလွင့်သွားသော ကြယ်ပွင့်များ) အခန်း-၆၅- (၁) ပဉ္စမအကြိမ်ညီလာခံနှင့် ဟွာဟင်စခန်းသစ်မှာ လူပြန်စုခြင်း ဒီလို ဒုက္ခသည်လျှောက်မှုကိစ္စတွေ အငြင်းပွားလို့ ကောင်းတုန်းမှာပဲ ပဉ္စမအကြိမ်ညီလာခံ ခေါ်ယူလာတဲ့အတွက် (၁၉၉၉ ခုနှစ် ဖေဖေါ်ဝါရီလဆန်းမှာ) ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မယ်စရိယန်းမြို့နယ်နဲ့ သံလွင်မြစ်ကြားရှိ ဇလားဒုက္ခသည် စခန်းဆီသွားဖို့ ကျနော်တို့ ပြင်ဆင်ရပါတယ်။ ကျနော်မှတ်မိသလောက်ဆိုရင် ကိုမင်းအောင်က ကိုယ်စားလှယ်အဖြစ် အရွေးမခံတော့ပါ။ ကျနော်ကတော့ တပ်ကိစ္စမလုပ်ပဲ သတင်းထောက်အလုပ်ချည်း နင်းကန်လုပ်နေလို့ ရဲဘော်တွေက ကျနော့်ကို ကိုယ်စားလှယ်အဖြစ် မရွေးတော့ပါ။ နောက်တခါ ကျဆုံး-နှုတ်ထွက် ဦးရေ အတော်များသွားတဲ့အတွက် တပ်ရင်း-(၁) လူဦးရေဟာ (၇၀)- ဝန်းကျင်လောက်ပဲကျန်ပါတယ်။ ဒါကြောင့် အရင်က ကိုယ်စားလှယ် (၁၀) ကျော် ခွဲတမ်းရနေရာကနေ အခုတော့ […]


