အမှောင်ထဲမှ မင်းသားများ ၁၉၉၀
diz_admin
January 4, 2023Princes in The Darkness 1990s အခန်း(၆) အမှောင်ထုသည် တငြိမ့်ငြိမ့်ဖြင့် ရွေ့လျားနေ၏။ ကားမောင်းလာသည့်အချိန်မှာ နှစ်နာရီနီးပါးပင် ရှိလုပြီဟု ဗေဒါ စိတ်ထဲမှ ခန့်မှန်းရင်း လိုက်ပါလာသည်။ ထောက်ကြံ့မှ နှစ်နာရီခရီးသွားရသော နေရာသည် မည်သည့်နေရာနည်း။ ဘယ်သောင်၊ ဘယ်ကမ်း၊ ဘယ်စခန်းဆီ သူ့ကို ခေါ်သွားကြမည်နည်း။ ဖြစ်ချင်ရာ ဖြစ်။ ဖြစ်သမျှ ရင်ဆိုင်နိုင်ရမည်။ စစ်ကြောရေးသို့ ပို့လျှင်လည်း ဘယ်နည်းနှင့်ဖြစ်ဖြစ် သူတောင့်ခံသွားမည်။ သူ့ကြောင့် မစ္စတာလု၏ ပစ္စည်းများ ပါသွားခဲ့ပြီးပြီမို့..နောက်ထပ် မစ္စတာလုကို ထပ်မံထိခိုက်မည့်ကိစ္စမျိုး သူမလုပ်နိုင်။ သူသာ ခေါင်းခံရင်ဆိုင်ဖို့ ဗေဒါ ဆုံးဖြတ်ချက်ချထား၏။ ကားရပ်သွားပြီ။ “ဖြည်းဖြည်း ဆင်း” လူတစ်ယောက်က သူ့လက်မောင်းကို တွဲကူပြီး ကားပေါ်မှ ဆင်းလိုက်သည်။ ခြေလှမ်းဆယ်လှမ်းခန့်လျှောက်လာပြီးနောက်.. “ရှေ့မှာ လှေကားငါးထစ်တက်ရမယ်..သတိထားတက်” […]


