ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရသ

အမှောင်ထဲမှ မင်းသားများ ၁၉၉၀

diz_admin

March 14, 2023

Princes in The Darkness 1990s အခန်း(၂၂) မန္တလေးရှိ ကိုနေဝင်းအိမ်သို့ ဗေဒါ ပြန်ရောက်ခဲ့ပြီ။ ကိုနေဝင်းက ပြန်မလာ‌သေး။ သူ့ဇနီးနှင့် ကလေးများသာ အိမ်မှာရှိနေ၏။ ယခုအချိန်တွင် သူကိုယ်တိုင်အန္တရာယ်ရှိနေသဖြင့် ကြားထဲမှ ကိုနေဝင်း၏ ဇနီးနှင့်ကလေးများ ထိခိုက်မည်ကို ဗေဒါမလိုလား။ ပြီးတော့ ဒီပြဿနာထဲတွင် ကိုနေဝင်းကိုယ်တိုင်ပါဝင်နေနိုင်သဖြင့် ကိုနေဝင်းအိမ်တွင် မနေပဲ ခြေရာဖျောက်ရန် ဗေဒါဆုံးဖြတ်လိုက်သည်။ ရှေးဉီးစွာ ဟန်းဖုန်းကို ပိတ်ချပစ်လိုက်၏။ ထို့နောက် ကားကို ကိုနေဝင်းအိမ်တွင်ထားခဲ့ကာ ကျောပိုးအိတ်ကိုလွယ်လျက် လမ်းလျှောက်ထွက်လာခဲ့လိုက်သည်။ ဟိုတယ်တစ်ခုခုတွင် တည်းခိုပြန်လျှင်လည်း တဖက်ရန်သူက ဘယ်သူမှန်းမသိသဖြင့် သူ့ကို ခြေရာခံမိသွားနိုင်၏။ ထို့ကြောင့် ဗေဒါ နှင့် ယခင်ကတည်းက ရင်းနှီးခဲ့ဖူးသော မလွန်ဆန်လှူအသင်းအကျိုးတော်ဆောင်ဆရာ‌တော် တစ်ပါး၏ ကျောင်းတိုက်သို့ ထွက်ခွာလာခဲ့သည်။ ဆရာတော်က ဗေဒါမိဘများလက်ထက်ကတည်းက စာသင်သားဘဝနှင့် […]

အမှောင်ထဲမှ မင်းသားများ ၁၉၉၀

diz_admin

March 13, 2023

Princes in The Darkness 1990s အခန်း(၂၁) ကျောက်စိမ်းကိုနေဝင်း အိမ် က မန္တ‌လေးမှာ။ စင်္ကာပူက ရောက်ရောက်ချင်း နားချိန်ပင်မရပဲ…ဗေဒါ မန္တလေးသို့ ကားဆက်မောင်းခဲ့ရသည်။ ဂျာနူးအား မေယုကြေးမုံနှင့်ကိစ္စကိုလည်း သူသေချာ မရှင်းပြလိုက်ရ။ ဧရာဆိုသည့် သတ္တဝါ မေယုကြေးမုံအား..။ “တောက်” ဗေဒါ ကားမောင်းနေရင်းမှ ဒေါသ ကထွက်လာသည်။ သို့‌သော် စိတ်ကို လျော့ချပြီး ကားကိုသာ ဂရုတစိုက်မောင်းခဲ့လိုက်တော့၏။ မိုးချုပ်မှောင်မဲကြီးတွင်မှ မန္တလေးသို့ ရောက်သွားသည်။ ကိုနေဝင်းအိမ်တွင် ကိုနေဝင်းက ညစာပြင်ဆင်ပြီး အသင့်စောင့်နေ၏။ ဗေဒါလာမည်ကိစ္စ မစ္စတာလုက ကြိုတင်ချိတ်ဆက်ပြီးပြီထင်။ ကိုနေဝင်းက ဝီစကီအကောင်းစားဖြင့် တည့်ခင်းသော်လည်း ဗေဒါမှာ နှစ်ပက်ခန့်သာ‌သောက်ပြီး ထမင်းစားကာ. သူ့အတွက် ပြင်ဆင်ပေးထား‌‌သောအခန်းတွင် ဝင်အိပ်လိုက်တော့၏။ စိတ်ပန်း၊လူပန်းဖြစ်လာသည်မဟုတ်လား။ မနက်မိုးလင်းတော့ ကိုနေဝင်းက သတင်းစာတစ်စောင်ကိုဖတ်ရင်း […]

အမှောင်ထဲမှ မင်းသားများ ၁၉၉၀

diz_admin

March 9, 2023

Princes in The Darkness 1990s အခန်း(၂၀) ဘဏ်ရှေ့တွင် အလုအယက်တန်းစီနေကြသော လူတန်းကြီးကို မြင်သည့်အခါ ဗေဒါစိတ်ထဲတွင် လိပ်ပြာမလုံတော့။ နောက်မှ သေချာပြန်စဉ်းစားပြီး…ထိုလူများအပြင်.ကိုယ့်ကိုယ်ကိုယ်လည်း ပြန်သနားလာမိ၏။ အဘယ်ကြောင့်ဆိုသော်..ဗေဒါသည် ဂျာနူးနှင့် ယူမည်ဟု စိတ်ကူးထားစဉ်က အာရှဓနနှင့် မေဖလားဝါးတို့တွင် သူ့ပိုင်ငွေများ ကို ထည့်ထားခဲ့သည်။ ယခုကိစ္စများ ဖြစ်လာစေမည့် လုပ်ငန်းတွင် သူကိုယ်တိုင် ပါဝင်ခဲ့သော်လည်း….ဘာဖြစ်လာမည်ကို သူမသိခဲ့။ မစ္စတာလုတို့ကလည်း ပေးမသိ။ သို့သော် သူပိုက်ဆံတွေ မဆုံးရှုံးနိုင်ဆိုတာကိုတော့ ဗေဒါ သိပါသည်။ လောလောဆယ်တွင်ပင် ထောက်လှမ်းရေးတပ်ကြပ်ကြီးက အကုန်ပြန်ထုတ်ပေးမည်ဟု ကမ်းလှမ်းနေသည် မဟုတ်ပါလား။ ထိုကာလများအတွင်း မစ္စတာလု တို့ သားအဖတတွေကတော့…အောင်ပွဲတစ်ခုနှယ်..ပျော်ရွှင်နေကြ၏။ ပြင်ပရှိ လူများကတော့ ဘဏ်များရှေ့တွင် နေပူစပ်ခါး အလုအယက်တိုးဝှေ့ကာ သူတို့၏ ကိုယ်ပိုင်ငွေများအတွက် ရင်ပူနေကြဆဲ။ ဗေဒါ […]

အမှောင်ထဲမှ မင်းသားများ ၁၉၉၀

diz_admin

February 25, 2023

Princes in The Darkness 1990s အခန်း(၁၉) သူတို့ခေါ်ဆောင်သွားရာ ထောက်လှမ်းရေးရုံးချုပ်သို့ ဗေဒါ လိုက်ပါသွားရ၏။ ရုံးချုပ်ရှိ ဧည့်ခန်းတစ်ခုထဲသို့ အရောက်တွင် ဗေဒါနှင့် ခင်မင်သော ဗိုလ်ကြီးရန်နိုင်မြင့် ကိုပါ တွေ့ရသည်။ ဗိုလ်ကြီးရန်နိုင်မြင့်ဘေးတွင်ထိုင်နေသူက ဗေဒါအား တန်ပြန်ထောက်မှဖမ်းဆီးစဉ်က လာရောက်ထုတ်ယူပေးသွားသော ဗိုလ်မှူး။ ဒီအတိုင်းဆို စစ်ထောက်လှမ်းရေး၏ ဌာနပေါင်းစုံပါဝင်နေသဖြင့် ဝန်ကြီးကိစ္စကို အော်ပရေးရှင်းကြီးတစ်ခု အနေဖြင့် သတ်မှတ်ထားကြောင်းလည်း ဗေဒါ ခန့်မှန်းမိလိုက်သည်။ “ကိုဗေဒါ…မတွေ့တာကြာပြီ..လာထိုင်ဗျာ” ဗေဒါက သူတို့ညွှန်ပြသည့် ဆက်တီဆိုဖာခုံတွင် ဝင်ထိုင်လိုက်သည်။ သူ့အား စစ်ထောက်လှမ်းရေးအရာရှိများက ဝန်းရံထိုင်လိုက်ကြ၏။ “ကိုဗေဒါနဲ့ အခုတလော အရမ်းရင်းနှီးနေတဲ့ ဝန်ကြီးရဲ့ ကိစ္စ အနံ့တွေ တအားထွက်နေတယ်ဗျ” ဗိုလ်ကြီးရန်နိုင်မြင့် က ပြောလိုက်သည်။ “အဲ့ဒီကိစ္စကို…ကျွန်တော်တို့ အက်စ်ဝမ်းကြီး က အထောက်အထားအပြည့်အစုံနဲ့ လိုချင်နေတယ်..သူ […]

အမှောင်ထဲမှ မင်းသားများ ၁၉၉၀

diz_admin

February 19, 2023

Princes in The Darkness 1990s အခန်း(၁၈) ကမ္ဘာအေးဘုရားလမ်းကဖြတ်သွားတိုင်း ထိုခြံကျယ်ကြီးကို ဗေဒါ သတိထားမိနေသည်မှာ ကြာပြီ။ ခြံစည်းရိုးအမြင့်ကြီးများကာရံထားပြီး နောက်ဆုံးပေါ်ကားအချို့ ဝင်ထွက်နေသည်ကိုလည်း တွေ့ခဲ့ဖူးသည်။ အဝင်အဝရှိ လုံခြုံရေးဂိတ်တဲတွင် ဗေဒါက ဖိတ်စာကို ပြလိုက်၏။ ရှောရှာရှူရှူပင် ဝင်ခွင့်ပေးလိုက်သည်။ အလှူပြီးဆုံးချိန်လောက်မှ တမင်တကာ ရောက်လာသည်မို့ ခြံဝန်းထဲတွင် ကားများပင် သိပ်မရှိတော့။ ဝန်ကြီး၏ သားဖြစ်သူ ရေတပ်အရာရှိကြီး နှင့် သူ့တပည့်များ ကို ဗေဒါက အရင်သွားနှုတ်ဆက်လိုက်၏။ ဗေဒါက လောမိသားစု၏ ကုမ္ပဏီနာမည်ကိုပြောပြလိုက်သည့်အခါ သူတို့က ဖော်ဖော်ရွေရွေပင် ဆက်ဆံကြသည်။ အိမ်ထဲသို့ရောက်သောအခါ ဝန်ကြီးအား ဂါရဝပြုလိုကြောင်းခွင့်တောင်းလိုက်သဖြင့် အရှေ့ဆုံးဝိုင်းတွင် ဧည့်သည်များကို ဧည့်ခံနေသော ဝန်ကြီးကို သူ၏ ကိုယ်ရေးအရာရှိက ကပ်ပြောလိုက်၏။ ဝန်ကြီးက ဗေဒါကို တချက်လှမ်းကြည့်လိုက်သည်ကို […]

အမှောင်ထဲမှ မင်းသားများ ၁၉၉၀

diz_admin

February 18, 2023

Princes in The Darkness 1990s အခန်း(၁၇) “ဘဲကြီး…ပျောက်နေတာ သုံးရက်တောင်ရှိပြီမို့..မေယုတို့က စိတ်ပူလို့ ဒီမှာ လာလာစောင့်နေကြတာ..ဘယ်တွေ လျှောက်သွားနေတာလဲ” “ရုတ်တရက်အလုပ်ကိစ္စတစ်ခုရှိလို့…ခရီးထွက်သွားရလို့ပါ” “ကျွန်မလည်း ပြောပါတယ်..ကိုဗေဒါ..ဒီမှာ..ရှင့်ညီမ က မရဘူး..စိတ်ပူတယ်ချည်ပြောနေလို့” အနောက်တွင်ပါလာသော ရီတာက ခပ်ပြုံးပြုံးဖြင့် ဝင်ပြောလိုက်၏။ ဒီအတိုင်းဆိုလျှင် ရီတာ၏ နာမည်ကို စစ်ကြောရေးတွင် သူအသုံးချခဲ့သည်ကို မသိလောက်သေးဟု ဗေဒါ ယူဆလိုက်သည်။ “ကဲ..အိမ်ပေါ်တက်ကြပါဉီး…ဒီလှေကားမှာရပ်ပြောနေလို့မကောင်းဘူး” ဗေဒါက သူ့တိုက်ခန်းပေါ်သို့ ဉီးဆောင်ခေါ်သွားသည်။ “သုံးလေးရက်ပိတ်ထားတာဆိုတော့..အနံ့အသက်တော့ သိပ်မကောင်းဘူး” တိုက်ခန်းတံခါး ဖွင့်လိုက်ချိန်တွင် မေယုကြေးမုံ က နှာခေါင်းကို ရှုံ့ပွရှုံ့ပွလုပ်လိုက်ပြီး.. “အင်း..ဟုတ်တယ်နော်..လူပျိုသိုးနံ့ရတယ်” ဗေဒါက မေယုကြေးမုံကို တချက် ဘုကြည့်ကြည့်လိုက်၏။ ရီတာ ကတော့ ခွိ ခနဲ ရယ်လိုက်သည်။ “မရီတာကိုတော့ အားနာပါတယ်…ဒီကုတင်ပေါ်မှာပဲ ထိုင်ကြဉီး…ကျွန်တော် ရေလေး […]

အမှောင်ထဲမှ မင်းသားများ ၁၉၉၀

diz_admin

February 15, 2023

Princes in The Darkness 1990s အခန်း(၁၆) “ရပြီ…မြောက်ဥက္ကလာအဝိုင်းနားမှာ ဆလွန်းကားအဖြူရောင်နဲ့ ကျုပ် တပည့်စောင့်နေလိမ့်မယ်…သူ့ဆီမှာ သိန်းနှစ်ရာပါလာတယ်…ကျုပ်ကို သူ့ဆီပို့ပေးတာနဲ့….ခင်ဗျားတို့တောင်းတဲ့.ငွေရမယ်” သားငယ်က ဖုန်းဆက်ပြီးနောက် အသံတုန်တုန်ရင်ရင်ဖြင့် ပြောလိုက်သည်။ ဗေဒါက သားငယ်၏ မျက်လုံများကို စူးစူးစိုက်စိုက်ကြည့်လိုက်၏။ သားငယ်ပုံစံက လိမ်ညာသည့်ဟန်မရှိ။ “ဟုတ်ပြီလေ..ဒါဆိုလည်း” ဗေဒါက အပြင်တွင်ရပ်နေသော ကျားရွှင်တို့ကို အကျိုးအကြောင်းပြောပြလိုက်၏။ ကျားရွှင်တို့ကားပေါ်တွင် သားငယ်ကို တင်ပေးလိုက်ပြီး ဗေဒါက သူ့ကားဖြင့် ရှေ့မှ သွားသည်။ မြောက်ဥက္ကလာအဝိုင်းနားအရောက်တွင် သားငယ်ပြောသည့်အတိုင်း ဆလွန်းအဖြူရောင်ကားက အချက်ပြမီးကို ဖွင့်ကာရပ်ထား၏။ သိန်းနှစ်ရာလက်ထဲရပြီးသည်နှင့် သားငယ်ကို ကားပေါ်မှ ဆင်းခိုင်းကာ သူတို့ပြန်လာခဲ့ကြသည်။ ဗေဒါ့အတွက် မစ္စတာလု ခိုင်းသောအလုပ်တစ်ခု ပြီးမြောက်သွားခဲ့သဖြင့် ရင်ထဲ အပူတစ်ခုတော့ ကျသွား၏။ သို့သော်…သူနှလုံးသားမှ အပူကတော့ မကျသေး။ ဂျာနူးပေးသည့်အပူ။ […]

အမှောင်ထဲမှ မင်းသားများ ၁၉၉၀

diz_admin

February 14, 2023

Princes in The Darkness 1990s အခန်း(၁၅) ဗေဒါက ကားကူရှင်ကိုမှီကာ ဘောင်းဘီခါးပတ်ကို သေသေချာချာပြန်ပတ်လိုက်၏။ “အကို…ဂျာနူးကို ချစ်တယ်လို့ တခါမှ မပြောရသေးဘူးနော်” ဂျာနူး စကားကြောင့် ဗေဒါ ဘာ ပြန်ပြောရမည်မသိ။ “ကျွန်တော်..ဂျာနူးကို” “ရတယ်…ဆက်မပြောနဲ့တော့..အကို….ဂျာနူးကို.ချိတ်လေးသာ တစ်ချက်တပ်ပေးပါ…အလယ်ချိတ်နော်” ကိုယ်ဖြုတ်သောချိတ် ကိုယ်ပြန်တပ်ပေးရမည်။ ဒါက အမှန်တရား။ “အကို့ကို ဂျာနူး ပြောစရာကျန်သေးတယ်” ဗေဒါက ရှေ့ခန်းတွင် ဝင်ထိုင်လိုက်သော်လည်း ဂျာနူးက အနောက်ခန်းမှာပင်။ “ရှေ့ကို လာလေ.ဂျာနူး” “ရတယ်..အကို..ဂျာနူး နောက်ခန်းကပဲ စီးလိုက်ပါတော့မယ်” “အကို့ ကို ပြောစရာရှိတယ်ဆိုတာက..ဘာလဲ..ဂျာနူး” “အကိုနဲ့ ဂျာနူး တွေ့တာဟာ..ဒီတကြိမ်က နောက်ဆုံးပဲ.ဖြစ်သွားနိုင်တယ်.အကို..နောက်ဘယ်တော့ကြာမှ ပြန်တွေ့ရမယ်..မသိနိုင်ဘူး” “ဟင်..ဘာဖြစ်လို့လဲ” ဗေဒါက နောက်ကြည့်မှန်မှတဆင့် ဂျာနူးကို ကြည့်လိုက်သည်။ ဂျာနူးက တည်တည်ငြိမ်ငြိမ်ပင်။ “လောမိသားစု […]