အမှောင်ထဲမှ မင်းသားများ ၁၉၉၀
diz_admin
February 10, 2023Princes in The Darkness 1990s အခန်း(၁၁) ဝီစကီ၏ အနွေးဓာတ်က လည်ချောင်းမှတဆင့်..တကိုယ်လုံးဆီသို့ ပျံ့နှံ့သွားသည်။ ဗေဒါ က ပန်းသီးတစ်စိတ်ကို ကောက်ယူဝါးလိုက်၏။ ညနေပိုင်းတွင် သူ့ကို လာခေါ်မည်ဆိုသည့် ဗိုလ်ကြီးအေးမြင့် ရောက်မလာ။ သူ့ကို တကယ်ခေါ်သည်က ကကလှမ်းမှ တပ်မှူးဗိုလ်မှူးကြီး။ ဗိုလ်မှူးကြီးက သူ့အား ဘာမှ မပြောသေးပဲ..သူ့လက်ထဲမှ ဖိုင်တွဲများကိုသာလှန်ဖတ်နေသည်။ ဗေဒါက နောက်ထပ် ဝီစကီတစ်ခွက် ထပ်ငှဲ့ရန် ပြင်လိုက်၏။ “ကဲ..နောက်လဆန်းဆို…အလင်းဝင်အခမ်းအနားက စတော့မှာ..အချိန်သိပ်မရှိဘူး….မင်းတို့ ဘက်က ပေးစရာရှိတာ..ငါတို့ကို ပေးတော့” ဗိုလ်မှူးကြီးက ဖိုင်တွဲကို ရှေ့သို့ချလိုက်ပြီး ဗေဒါကို ကြည့်ကာ ပြောလိုက်ခြင်း။ “အဘပြောတာ..ကျွန်တော် နားမလည်ဘူးဗျ” ဗေဒါက သူ၏ တပည့်များခေါ်သည့်အတိုင်းပင် “အဘ”ဟု ခေါ်လိုက်သည်။ “လက်နက်တွေအချိန်မီဝယ်ရမယ်ကွ….အဲ့ဒီအတွက် လိုတဲ့ ဒေါ်လာတွေ ပေးတော့..ကျန်တာ […]


