ကျွန်တော် ဖာဆွယ်
Dawei Watch
March 13, 2024နတ်မိမယ်လေးဦးက ထားဝယ်မြို့သစ်လမ်းကြားတစ်ခုအတွင်း ပန်းရောင်ခြယ်ထားသည့် ခြေတံရှည်အိမ်အရှေ့ ဖယောင်းတိုင် မီးရောင်အောက်တွင် ကျော့ကျော့မော့မော့ ထိုင်နေသည်။ မြို့သစ် ၄ လမ်းနှင့် ၆ လမ်းကြားရှိ အဆိုပါအိမ်အရှေ့ ဝါညစ်ညစ်မီးရောင်အောက်တွင် မိတ်ကပ်အဖွေးသားဖြင့် ထိုင်နေသည့် နတ်မိမယ် ၄ ဦးက အိမ်အဝင်လမ်းထိပ်ကို လည်တမျှော်မျှော်ပင်။ မီးကမ်း၊ မစံပယ်၊ မနွယ်၊ မနီလာ ဟု အမည်ရသည့် နတ်မိမယ် ၄ ဦးထဲတွင် သရက်ချောင်းမြို့နယ် —ရွာ ဇာတိ မီးကမ်းက အသက် ၁၆ နှစ်ကျော်ရုံလေးသာရှိပြီး အငယ်ဆုံး။ ကျန်သုံးဦးကတော့ နှစ်ဆယ်ကျော် သုံးဆယ်ပတ်လည် အရွယ်များ။ သူတို့ကိုမူ အသက် ၄၅ နှစ်အရွယ် ရဲတပ်ကြပ်ကြီးတစ်ဦး၏ဇနီးဖြစ်သူ မသီတာက ဂေါင်းအဖြစ် ထိန်းချုပ်ထားသည်။ သူတို့လေးယောက်တွင် ဖောက်သည်အများဆုံးရသူက မစံပယ်ဖြစ်ပြီး ကိုယ်လုံးကိုယ်ပေါက် […]


