ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

Fact Check

တွေ့သမျှ နှိပ်ချင်နေတုန်းလား.. မနှိပ်ခင် ဒါအရင်ဖတ်ပါ..

Dawei Watch

November 29, 2025

လူမှုကွန်ရက် ပလက်ဖောင်းမျိုးစုံကို မဖြစ်မနေ အသုံးပြုနေရတဲ့ ဒီနေ့ခေတ်မှာ ရည်ရွယ်ချက်မျိုးစုံနဲ့ အန္တရာယ်ရှိနိုင်တဲ့ လင့်ခ်(Link) တွေဟာ မိမိဆီကို တစ်နေ့မဟုတ် တစ်နေ့ တစ်နည်းနည်းနဲ့ ရောက်ရှိလာနိုင်ပါတယ်။ အဲဒီလို လင့်ခ်တွေရောက်ရှိလာရာကနေ နောက်ဆက်တွဲအနေနဲ့ မိမိအတွက် ဂုဏ်သိက္ခာ ၊ ငွေရေးကြေးရေး ၊ လူမှုရေး စတဲ့ အပိုင်းတွေမှာ ထိခိုက်မှုတွေ ကြုံရနိုင်ပါတယ်။ လက်တွေ့မှာလည်း ရည်ရွယ်ချက်ရှိရှိနဲ့ ပေးပို့ခံရတဲ့ လင့်ခ်တွေ ကြောင့် လူမှုကွန်ရက် အကောင့်တွေခိုးယူခံရသူတွေရှိနေပြီး နောက်ဆက်တွဲ ပြဿနာတွေလည်း ဖြေရှင်းနေကြရပါတယ်။ ဒါကြောင့် Myanmar Factchecking Network အဖွဲ့ဝင် ဖြစ်တဲ့ Dawei Watch က ဒီဂျစ်တယ်ဘေးကင်းလုံခြုံရေး အသိပညာပေးနေတဲ့ နွေဦးလုံခြုံရေးအဖွဲ့ကို ဆက်သွယ်ပြီး ကိုယ့်ဆီရောက်လာနိုင်တဲ့ အန္တရာယ်ရှိနိုင်တဲ့ လင့်ခ်တွေအကြောင်း နဲ့ အဲဒီလင့်ခ်တွေကို […]

သရက်ချောင်းမှာ စစ်အာဏာရှင်တပ် အိမ်တွေမီးရှို့တာကို တော်လှန်ရေးအဖွဲ့တွေလက်ချက်လို့ သတင်းအမှားဖြန့်

Dawei Watch

November 27, 2025

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မင်းဒပ်ရွာမှာ နိုဝင်ဘာလ ၂၃ ရက်က နေအိမ် ၆၁ လုံးကို စစ်အာဏာရှင်တပ်က မီးရှို့ခဲ့တယ်လို့ နေအိမ်မီးရှို့ခံခဲ့ရတဲ့ ကာယကံရှင်တွေနဲ့ ဒေသခံတွေကို ပြောပါတယ်။ အဲဒီဖြစ်စဥ်အပေါ် စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုက မင်းဒပ်ရွာက နေအိမ်တစ်ရာလောက်ကို မီးရှို့တာဟာ KNU နဲ့ PDF ဖြစ်တယ်လို့ နိုဝင်ဘာလ ၂၅ ရက်မှာ ရေးသားဖြန့်ချိခဲ့ပါတယ်။ Subscribers ပြုလုပ်သူ သုံးသောင်းခြောက်ထောင်ကျော်ရှိတဲ့ နေပြည်တော် အမည်နဲ့ တယ်လီဂရမ်ချန်နယ်က ဖြန့်ချိထားတာပါ။ အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။ လင့်ခ် – https://archive.ph/WtGM8 အဲဒီချန်နယ်ရဲ့ ဖော်ပြချက်ကို Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့ ပုံမှားရိုက်သတင်းဖြန့်ချိမှုအဖြစ် စိစစ်တွေ့ရှိရပါတယ်။ မင်းဒပ်ရွာဝန်းကျင်တွင် […]

လောင်းလုံးမှာ ကျေးရွာတွေကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ဖို့ မှားယွင်းတံဆိပ်ကပ်ပြီး လှုံ့ဆော်

Dawei Watch

October 26, 2025

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်က ကျေးရွာတချို့ကို PDF ရွာလို့ တံဆိပ်ကပ် စွပ်စွဲပြီး လေကြောင်းကနေ တိုက်ခိုက်ဖို့ လှုံ့ဆော်တာတွေ ရှိနေပါတယ်။ စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်တစ်ခုဖြစ်တဲ့ ‘အမဲလိုက်မုဆိုးကြီး သတင်းအမှန်’ ဆိုတဲ့ နာမည်နဲ့ ချန်နယ်က အောက်တိုဘာလ ၂၂ ရက်နဲ့ ၂၃ ရက်တွေမှာ သုံးကြိမ်တိတိ လှုံ့ဆော်ရေးသားဖြန့်ချိထားတာကို တွေ့ရပါတယ်။ လောင်းလုံးမြို့နယ်ထဲ သပြေရှောင်၊ စစ်ပြဲနဲ့ ကျောက်ဆင်ရွာတွေကို လေကြောင်း တိုက်ခိုက်ဖို့ အောက်တိုဘာလ ၂၂ ရက်မှာ လှုံ့ဆော်ထား ပါတယ်။ အောက်တိုဘာလ ၂၃ရက်မှာတော့ ကရင်ကြီး၊ ကမ်းပနီနဲ့ ပညစ်ရွာတွေကို လေကြောင်း တိုက်ခိုက်ဖို့ ထပ်မံလှုံ့ဆော်ထားတာကို တွေ့ရပါတယ်။ လေကြောင်းတိုက်ခိုက်ဖို့ လှုံ့ဆော်ထားတဲ့နေရာတွေမှာ စာသင်ကျောင်းလို အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေ ပါဝင်နေပြီး ကျေးရွာတချို့ကိုဆိုရင် တစ်ရွာလုံး PDF […]

ထားဝယ်မှာ တော်လှန်ရေးတပ်တစ်ခုရဲ့ခေါင်းဆောင်ကို PDF တပ်ရင်းကဖမ်းဆီးမှုအပေါ် ပုံမှားရိုက်သတင်းအမှားဖြန့်

Dawei Watch

October 19, 2025

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ မော်ဒန်ပန့် (Modern Punk) တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ကိုကြက်ဥကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်တပ်ရင်း (၁) က အောက်တိုဘာလ ၇ရက်မှာ ဖမ်းဆီးထိန်းသိမ်း ခဲ့ပါတယ်။ အဲဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီး စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက PDF အချင်းချင်း အဝေမတည့်မှုနဲ့ မိန်းမကိစ္စတွေကြောင့် ဖမ်းဆီးရခြင်းဖြစ်တယ်ဆိုပြီး ဖြန့်ချိနေတာ တွေ့ရပါတယ်။ အဲဒီလို ဖြန့်ချိမှုနဲ့ ပတ်သက်လို့ Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့ လိုရာဆွဲပုံဖော်ထားတဲ့ သတင်းအမှားဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။ Subscribers ပြုလုပ်သူ တစ်သိန်းရှစ်သောင်းကျော်ရှိတဲ့ မှိုင်းဝေ အမည်နဲ့ တယ်လီဂရမ်ချန်နယ်က ကိုကြက်ဥ ဖမ်းဆီးခံရ တာနဲ့ ပတ်သက်လို့ PDF အချင်းချင်းရဲ့ မိန်းမကိစ္စကြောင့် […]

ထားဝယ်နဲ့ တနင်္သာရီမှာ ရွာတွေကို လေယာဉ်နဲ့ဗုံးကြဲပြီး KNU ဂိတ်၊ စခန်းတွေကို တိုက်ခိုက်တာလို့ ဝါဒဖြန့်

Dawei Watch

October 16, 2025

ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် ထီးခီးဒေသနဲ့ တနင်္သာရီမြို့နယ်၊ တကူဒေသတွေကို စစ်အာဏာရှင်တပ်က အောက်တိုဘာလ ပထမအပတ်နဲ့ ဒုတိယအပတ်အတွင်း လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု ၁၄ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဂိတ်နဲ့ စခန်းအဆောက်အအုံတွေထိမှန်ပြီး ထိခိုက်သေဆုံးမှု များနေတယ်လို့ စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဖော်ပြနေကြပါတယ်။ အဲဒီလိုဖြန့်ချိမှုနဲ့ ပတ်သက်လို့ Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့ မြေပြင်အချက်အလက်တွေနဲ့ လွဲမှားစွာဖော်ပြနေတဲ့ ဖော်ပြချက်ဖြစ်တာလို့ စိစစ်တွေ့ရှိရပါတယ်။ ထီးခီးဒေသက KNU စခန်းကို ဗုံးကြဲခဲ့တာကြောင့် နှစ်ဆယ်ကျော်သေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့ နေပြည်တော် အမည်နဲ့ တယ်လီဂရမ်ချန်က အောက်တိုဘာ ၁၄ ရက်မှာ ဖြန့်ချိခဲ့ပါတယ်။ Suscriber ပြုလုပ်သူ […]

စစ်အာဏာရှင်ရဲ့ ‘သေနတ် တစ်ဖက်၊ မိုက်ခွက် တစ်ဖက်’ (အပိုင်း ၃)

Dawei Watch

October 11, 2025

တရုတ်ပြီးနောက် အမေရိကန်အလှည့်ကျလာပြန်သည်။ အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျူ (USIP) က ၂၀၂၃ ခုနှစ် နိုဝင်ဘာလ နှောင်းပိုင်းတွင် အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာ၏ အဆိုအရ စစ်အုပ်စု ပြုတ်ကျသွားပြီးနောက် နိုင်ငံသည် ပရမ်းပတာ မဖြစ်နိုင်ဘဲ တည်ငြိမ်ရေးအတွက် အထောက်အကူဖြစ်စေသည့် ထူးခြားသည့် လက္ခဏာများ ရှိနေကြောင်း ဖော်ပြထားသည်။ ထိုကြောင့် စစ်အုပ်စု ပြုတ်ကျသွားပြီး နိုင်ငံရေးယဉ်ကျေးမှု အသစ်သို့ သွားရန်ရှိကြောင်း ‘တော်လှန်ရေးအင်အားစုများ အောင်ပွဲခံခြင်းကို အဘယ်ကြောင့် မစိုးရိမ်သင့်သနည်း’ ဟု ရေးသားဖော်ပြခဲ့သည်[1]။ ယင်းကို ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြင်းပြင်းထန်ထန် တုံ့ပြန်ပြီး ပဋိပက္ခကို မီးထိုးပေးရာတွင် အနောက်နိုင်ငံများ ပါဝင်ပတ်သက်နေကြောင်း တရားခံရှာ အပြစ်ဖို့ခဲ့သည်။ “. . . အမေရိကန်အစိုးရဲ့ ကျောထောက်နောက်ခံပြုထားတဲ့ USIP […]

စစ်အာဏာရှင်ရဲ့ ‘သေနတ် တစ်ဖက်၊ မိုက်ခွက် တစ်ဖက်’ (အပိုင်း ၂)

Dawei Watch

October 11, 2025

ကိုလိုနီနယ်ချဲ့ခေတ်တွင် ဗြိတိသျှ မျက်နှာဖြူနှင့် ၎င်းတို့ အိန္ဒိယမှ ခေါ်ဆောင်လာသော ကုန်သည် လယ်လုပ်လူတန်းစားတို့မှာ မြန်မာမျိုးချစ် ဝါဒီများအတွက် အဓိက ရန်သူများဖြစ်ခဲ့သည်။ လွတ်လပ်ရေး ရပြီးချိန်တွင်လည်း ကွန်မြူနစ်များ၊ တိုင်းရင်းသား လက်နက်ကိုင်များကြောင့် တိုင်းပြည် မတည်မငြိမ်ဖြစ်နေသည်။ ကိုလိုနီအကြွင်းအကျန် ဂုတ်သွေးစုပ် စီးပွားရေးသမားများက တိုင်းပြည် အရင်းအမြစ်များကို လက်ဝါးကြီးအုပ်ထားပြီး လူအများစု မြန်မာများမှာ ဆင်းရဲ ကျပ်တည်းရနေရသည်။ ထိုသို့ အစဉ်တစ်စိုက်ပုံဖော်သည်။ ထိုသို့ဖြင့် မြန်မာစစ်တပ်က ၁၉၆၂ အလုံးစုံ အာဏာသိမ်းပြီးချိန်တွင် အများအားဖြင့် နိုင်ငံခြားသားများ၊ မြန်မာတိုင်းရင်းသားမဟုတ်သူများ၏ ပိုင်ဆိုင်မှုများကို ပြည်သူပိုင် အမည်ခံကာ သိမ်းယူသည်။ ယင်းမှာ မြန်မာနိုင်ငံ ကိုလိုနီလက်အောက် ကျရောက်စဉ်နှင့် ကိုလိုနီအလွန်ကာလတွင် ပြည်ပနိုင်ငံများနှင့် ပြည်ပ စီးပွားရေးလုပ်ငန်းများကြောင့် အောက်ကျ နောက်ကျ ဆင်းရဲရခြင်းအတွက် စိတ်ဒဏ်ရာတစ်စိတ်တစ်ပိုင်း၏ […]

စစ်အာဏာရှင်ရဲ့ ‘သေနတ် တစ်ဖက်၊ မိုက်ခွက် တစ်ဖက်’

Dawei Watch

October 10, 2025

ယခုဆောင်းပါးမှာ မြန်မာ စစ်အာဏာရှင်တို့ သမိုင်းတစ်လျှောက် ပြည်သူလူထုကို ဦးနှောက်ဆေး လှည့်ဖျားရန် မည်သည့်နည်းများ အသုံးပြုခဲ့သည်ကို သုတေသနပြု ထုတ်ဝေထားသော ဝင်္ကန္တ မုသား သို့မဟုတ် မြန်မာ စစ်အာဏာရှင်၏ ဝါဒဖြန့်ဖဲချပ်များ စာတမ်းမှ ထုတ်နုတ်တင်ဆက်ခြင်း ဖြစ်ပါသည်။ တီမိုပြုစုတင်ပြသည့် ယင်းသုတသန စာတမ်းကို ၂၀၂၃ ခုနှစ်တွင် The Red Flag အဖွဲ့က ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ “စကားလုံးတွေ သုံးတာလည်း ကောင်းပါတယ်။ ဒါပေမဲ့ လက်နက်ကိုင် စစ်သားတွေက ပိုကောင်းတယ်လေ” မူဆိုလီနီအီတလီ အာဏာရှင် အာဏာရှင်တို့မှာ ‘သေနတ် တစ်ဖက်၊ မိုက်ခွက် တစ်ဖက်’ ကိုင်ထားရသည်။ တစ်ဖက်က လိမ်လည်လှည့်ဖျားသည်၊ အခြားတစ်ဖက်က လက်နက်ကိုင် အကြမ်းဖက်သည်။ လောကကြီးအကြောင်း ၎င်းတို့ မြင်စေချင်သလို လူထုက မြင်လာအောင်၊ […]