ထားဝယ်စီမံကိန်း လိမ်ညာ အလုပ်ခေါ်ပါသလား၊ ဝ၅၉ ၂၀၂၃၅၆၃ သို့ ဆက်စုံစမ်းပါ
diz_admin
March 11, 2020အထူးစီးပွားရေးဇုန်အတွက် လိမ်ညာ အလုပ်ခေါ်နေပါက တိုင်ကြားရမည့် ဖုန်းနံပါတ် ပါဝင်သည့် ဗီနိုင်းများကို ပြီးခဲ့သည့်လက စိုက်ထူလိုက်သည်။ အဆိုပါဗီနိုင်းတွင် အထူးစီးပွား ရေးဇုန်အတွင်းရှိ မြေယာနှင့်ပတ်သက်၍ လက်ရှိတွင် ITD ကုမ္ပဏီနှင့် စီမံခန့်ခွဲ မှုကော်မတီက ကနဦးစီမံကိန်းအကောင် အထည်ဖော်ရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်းဖော်ပြထားသည်။ထိုကြောင့် မြေယာကိစ္စ၊ အလုပ် အကိုင်ကိစ္စများကို မည်သည့်ကုမ္ပဏီ၊ လူပုဂ္ဂိုလ်ကိုမျှ လုပ်ကိုင်ခွင့်ပေးထားခြင်း မရှိကြောင်း အဆိုပါ ဗီနိုင်းတွင် ကြေညာထားသည်။ ထိုသို့ အလုပ်အကိုင်ကိစ္စ၊ မြေယာ ကိစ္စများအတွက်ဟု ဆိုကာ ဆက်သွယ် လာပါက ဆက်သွယ်အကြောင်းကြား ပေးရန် ဖုန်းနံပါတ်ကိုလည်း ဖော်ပြထားသည်။ လိမ်ညာအလုပ်ခေါ်မှုများအတွက် ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီ၏ ဝ၅၉-၂၀၂၃၅၆၃ ထံ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း ယင်းကော်မတီက ထုတ်ပြန်ထားသည်။ စီမံကိန်းနှင့် ပတ်သက်သည့် မြေယာ ရှင်းလင်းရေးလုပ်ငန်းများ လုပ်ကိုင်ရ […]