တံငါရွာက ပုလင်းအိမ်
diz_admin
January 30, 2020ရွာအတွင်း ခြေချလိုက်မိသည်နှင့် ပထမဆုံး သတိထားမိသည်က ပုလင်းများဖြင့် ဆောက်ထားသည့် အိမ်ကလေး တစ်လုံးဖြစ်သည်။ ကျွန်းစုမြို့နယ်၊ ဝဲကျွန်းဆိုသည်က အိမ်ခြေ ၃၀၀ ကျော် လောက်ရှိသည့် တံငါရွာလေးတစ်ရွာ။ သည်ရွာကို ရောက် ရန် မြိတ်ကနေ အမြန်ရေယာဉ်ဖြင့် နှစ် နာရီခန့် မောင်းရသည်။ ပုလင်းအိမ်မှာ အိမ်တစ်လုံးဆို သည်ထက် ဘီယာနှင့် ယမကာများ ရောင်းချသည့် ဆိုင်တစ်ဆိုင်ဆိုတာက ပိုပြီးမှန်ပါလိမ့်မည်။ ဆိုင်လေးက အလျား ၂၅ ပေ၊ အကျယ် ၂၀ ပေနှင့် အမြင့် ၁၅ ပေခန့်ရှိကာ ပုလင်းများကို နံရံနှစ်ထပ်လုပ်ပြီး ခိုင်ခိုင် မာမာ ဆောက်လုပ်ထားသည်။ လက်ရှိအချိန်မှာတော့ ဆောက်လုပ် မှု လက်စသတ်နေသေးသည့် အချိန်ဖြစ် သည့်အတွက် ဆိုင်လေးတွင် ဘီယာနှင့် ယမကာများတော့ […]


