ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဆောင်းပါး

ကိုဗစ်ကာလ အောက်လမ်းက အိမ်အပြန်

diz_admin

July 27, 2020

အခုတလော ခိုးဝင်၊ ခိုးဝင်ဆိုတဲ့ ပြောဆိုသံတွေ ခပ်စိပ်စိပ်ရှိလာပါတယ်။ နယ်စပ်ဂိတ်ကို တရားမဝင် နည်းလမ်းနဲ့ ဖြတ်ကျော် ဝင်ရောက်လာသူတွေကို ပြောဆိုကြတဲ့ အသံတွေပါ။ ခိုးဝင်လာတာ အပြစ်လားလို့မေးရင် ဥပဒေရှုထောင့်ကနေ ကြည့်ရင်တော့ ပြစ်မှုမြောက်ပါတယ်။ ကိုဗစ်ကန့်သတ်ချက်ကြောင့် နယ်စပ်ဂိတ်တွေ ဖြတ်ခွင့်မရတဲ့အချိန်မှာ ကျောင်းဖွင့်ကာလ ကျောင်းတက်ဖို့ အချိန်မီပြန်လာတဲ့ ကျောင်းသားတစ်ယောက်ဆိုရင်ရော ပြစ်မှုမြောက်တယ်လို့ ကောက်ချက်ဆွဲ ကြမလား။ ထားဝယ်ဒေသ၊ ရေဖြူမြို့နယ်က ဆယ်တန်းကျောင်းသား မောင်ပိုင်ပိုင်ဆိုရင် ထိုင်းနိုင်ငံက မြို့တစ်ခုမှာ ဆီအုန်းခြံလုပ်သမားတစ်ဦးပါ။ မြန်မာပြည်မှာ ကျောင်းတွေ ပြန်ဖွင့်တော့မယ်ဆိုတော့ သူမြန်မာပြည်ထဲ ပြန်လာရတော့မှာပါ။ မြန်မာအစိုးရကတော့ ထိုင်းနိုင်ငံက အလုပ်သမားတွေ ပြန်ဖို့ကို လေကြောင်းလိုင်းတွေ စီစဉ်ပေးနေတာရှိပါတယ်။ ခက်တာက သူက ထိုင်းနိုင်ငံကို တရားမဝင်ရောက်လာတဲ့သူ။ လေကြောင်းကနေ ပြန်ဖို့ဆိုတာက တရားဝင်သမား တွေပဲသီးသန့်ပါ။ ဆိုတော့ မြန်မာအစိုးရ […]

လယ်ထွန်မင်္ဂလာ

diz_admin

July 27, 2020

“ယမထာ ရွှေကြိမ်လုံးရယ်နဲ့၊ ထွန်တုံးကိုတဲ့ ခြေတော်တင် နွား ကြန်စုံနှင်။ ပျိုးခင်းကိုဝင်၊ ကောင်းကင်က ရွှေပိန်ညင်းရယ်၊ မိုးခေါ်လို့ဆင်း။” မိုးဦးကျလျှင် ဘုရင်အဆက်ဆက် လယ်ထဲ ဆင်းကြသည်မှာ အထက်ပါ ကဗျာက သက်သေဖြစ်သည်။ မန္တလေး ရတနာပုံနန်းတည် မင်းတုန်းမင်းသည်လည်း မိုးဦးတွင် အောင်ပင်လယ်ကန် သရက်ကုန်းရွာ မြောက်ဘက် နှစ်ဧကခန့်ရှိသော လယ် ကွက်သို့ ဆင်းကာ လယ်ထွန်မင်္ဂလာ ကျင်းပလေ့ရှိသည်။ ယင်းလယ်တော်သို့ မင်းခမ်းမင်း နားဖြင့် ထွက်တော်မူ၍ ရတနာမကိုဋ် ဒုရင်တော်သုံးဆင့်တပ်ကို ဆင်မြန်း လျက် ထီးဖြူတော်နှစ်လက်ဖြန့်မိုးကာ လယ်ထွန်မင်္ဂလာသဘင်ကို ဆင်ယင် ကျင်းပလေသည်။ မင်းညီးမင်းသား မှူးမတ်တို့မှာမူကား ၎င်းတို့ဆိုင်ရာ အဆင်တန်ဆာများဖြင့် ဆင်ယင်ဝန်းရံ ကြရလေသည်။ ယင်းသို့ ဘုရင်တို့ လယ်ထွန်မင်္ဂလာ ကျင်းပကြသည်မှာ မြန်မာနိုင်ငံတစ်ခု တည်း မဟုတ်ပါ။ […]

ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာ ဗေဒင် ဟောကိန်း

diz_admin

July 27, 2020

၂၇-၇-၂၀၂၀ မှ ၂-၈-၂၀၂၀ ထိ တနင်္ဂနွေလာဘ်လာဘများ ရရှိမည်။ လူမျိုးကွဲတို့ ကူညီမစမည်။ ပညာရေးကိစ္စများ အောင်မြင်မည်။ မြေကိစ္စ၊ အမွေကိစ္စနှင့် ပတ်သက်၍ အဆင်ပြေမည်။ ခရီးတစ်ခု သွားရမည်။ ယခုလအတွင်း ဖုန်း မဝယ်ပါနှင့်။ သူခိုးသူဝှက်များ ဒုက္ခပေးတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် အခုချစ်လိုက် အခုမချစ်လိုက် ဖြစ်နေတတ်သည်။အကျိုးပေးသော အရောင်။ ။ အနီရောင်၊ အဖြူရောင်အကျိုးမပေးသော အရောင်။ ။ အဝါရောင်၊ အစိမ်းရောင်မသွားသင့်သော အရပ်။ ။ အရှေ့အရပ်ယတြာ။ ။သစ္စာပန်း ဘုရားပန်းကပ်လှူပါ။ တနင်္လာယခုတစ်ပတ်အတွင်း ယာဉ်ဝယ်ခြင်း၊ လဲခြင်း မပြုပါနှင့်။ မြေ ဝင်မည်။ ဘုရားဖူးခရီး သွားရ တတ်သည်။ ပညာရေးကိစ္စ အဆင်ပြေမည်။ မောင်နှမသားချင်းများနှင့် ပတ်သက်၍ စိတ်သောက ရောက်ရတတ်သည်။ ငွေကြေးကတော့ […]

သွားပိုးစား၊ သွားဖုံးရောင် ကာကွယ်နိုင်ဖို့

diz_admin

July 21, 2020

အဖြစ်များသော သွားနှင့် ခံတွင်း ရောဂါများဖြစ်တဲ့ သွားပိုးစားတာ၊ သွားဖုံးရောင်တာတွေဟာ သွားနဲ့သွားဖုံးမှာ ဘတ်တီးရီးယား ပိုးများဝင်ရောက်ရာကနေ ဖြစ်ပါတယ်။ ဘက်တီးရီးယား ပိုးတွေဟာ အစားအစာထဲက သကြားဓာတ်ကို အက်စစ်ဓာတ်အဖြစ် ပြောင်းလဲစေပြီး သွားထဲက ကယ်လ်ဆီယမ်နဲ့ ဖော့စဖိတ်ဓာတ်တို့ကို ပျော်ဝင်စေတယ်။ ဒါကြောင့် သွားမှာ အပေါက်များဖြစ်စေပြီး သွားကို ပျက်စီးစေပါတယ်။ သွားပိုးစားတာ၊ သွားဖုံးရောင်တာ တွေကနေတစ်ဆင့် သွားဖုံးမှာ ပြည်တည်တာ၊ မေးရိုးနဲ့ မျက်နှာရောင်ရမ်းတာတွေ ဖြစ်စေပြီး အချိန်မီကုသမှု မခံယူဘူးဆိုရင် အသက်သေစေနိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်။ အဲလိုမဖြစ်အောင် ဘာတွေလုပ်ဖို့ လိုပါသလဲ။ ၁) တစ်နေ့နှစ်ကြိမ် စနစ်မှန်မှန် သွားတိုက်တာ၊ အချိုများတဲ့ သရေစာတွေ လျှော့စားတာက သွားပိုးစားခြင်းနှင့် သွားဖုံးရောင်ရောဂါကို ထိရောက်စွာ ကာကွယ်နိုင်ပါတယ်။ ဖျားနာ၊ ချောင်းဆိုးတိုင်း ကိုဗစ်ဖြစ်သလား ၂) […]

Pro ဘာဂါနဲ့ ကော်ဖီဆိုင်ခွဲသစ်

diz_admin

July 20, 2020

ကိုဗစ်ကာလမှာ အိမ်တွင်းအောင်းနေရာက အပြင်ကို အသီးသီးထွက်လာကြတဲ့ မိတ်ဆွေများကို ဇူလိုင်လ ၁၅ ရက်နေ့က အသစ်ထပ်မံဖွင့်လှစ်လိုက်တဲ့ Pro ဘာဂါနဲ့ ကော်ဖီဆိုင်ခွဲနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အစားအသောက်ဆန်းဆန်းလေးတွေ ကြိုက်တဲ့မိတ်ဆွေတွေအတွက် ဘာဂါ၊ ပီဇာ၊ ကော်ဖီနဲ့ Pepsi အချိုရည်အပြင် အခြားအရသာကောင်းတဲ့ အစားအသောက်တွေကို အချိန်မြန်မြန်နဲ့ရရှိနိုင်ပါတယ်။ ဆိုင်သစ်ဖွင့်ပွဲ အထိမ်းအမှတ်အနေနဲ့ ဘာဂါ ဆယ်လုံးဝယ်ရင် တစ်လုံးလည်း လက်ဆောင်ပေးနေပါတယ်။ ဆိုင်ရဲ့အသစ်ဖန်တီးထားတဲ့ စားစရာတစ်ခုကတော့ Pro ပီဇာပါပဲ။ ဆိုင်ကတော့ အရသာထူးမယ်လို့ ညွှန်းထားပါတယ်။ ဆိုင်အသစ်လေးကတော့ သေသေသပ်သပ်နဲ့ သန့်သန့်ရှင်းရှင်းလေးရှိအောင် ပြင်ဆင်ထားပြီး ထိုင်ချင်စဖွယ်ခုံလေးတွေအပြင် အပျင်းပြေဖတ်ဖို့ စာအုပ်လေးတွေလည်း ချပေးထားပါသေးတယ်။ တတိယမြောက်ဆိုင်ခွဲဖြစ်တဲ့ ဒီဆိုင်လေးကို နိဗ္ဗာန်လမ်းနှင့်ဗဟိုစည်လမ်းထောင့်၊ မြို့တွင်းလမ်း၊ ထားဝယ်မြို့မှာ ထပ်ဖွင့်ထားပြီး ထားဝယ်တက္ကသိုလ်ဝင်းထဲနဲ့ ရွှေတောင်စားလမ်းတွေမှာလည်း ဆိုင်ခွဲတွေ ရှိပါတယ်။ အိမ်ပို့စနစ်နဲ့ […]

ဆလုံတို့၏ နောက်ဆုံးခံတပ်အတွင်းမှ တာဆာကီ၏ ခြေလှမ်းများ

diz_admin

July 20, 2020

ဘုတ်ပြင်းမြို့နယ်၊ ဆလုံတိုင်းရင်းသားများနေထိုင်သည့် လငန်းရွာပေါ် ခြေချမိလိုက်သည် ဆိုသည်နှင့် ယခင် သုံးလနဲ့စာလျှင် မြင်ကွင်းတချို့က ပြောင်းလဲနေသည်ကို သတိထားလိုက်မိသည်။ လွန်ခဲ့သည့်သုံးလက သားဖွား ဆရာမတစ်ဦးတလေမျှ မရှိခဲ့သည့် လငန်းရွာတွင် ယခုတော့ တစ်ထပ်တိုက် ဆေးခန်းလေးတစ်ခု ဆောက်လုပ်ပြီးစီး လုနီးနေသည်။ ရွာပေါ်တွင် ဆယ်ပေပတ်လည်ခန့်ရှိ ဆိုလာပြားကြီးတစ်ခုဖြင့် ဆလုံနေအိမ်အချို့ကို လျှပ်စစ်မီးပေး ထားသည်။ ထိုမျှမကပါ။ ကလေးငယ်များ ကစားရန် သံဖရိန်ဖြင့် ပြုလုပ်ထားသည့် လျှောတစ်ခုကိုလည်း ထားပေးထားသေးသည်။ သို့သော် ဆလုံမော်ကင်းကလေးများက ယင်းလျှောပေါ်တွင် မတွေ့ရ။ အားလုံးမှာ သူတို့ ဆော့ကစားနေကြ သဘာဝသဲခုံပေါ်တွင်သာ ထိုင်ကစားနေသည်။ “ရွာကနောက်ဆို ဒီထက်မကတိုး တက်လာဖို့ပဲ ရှိတယ်” ဟု ယင်းရွာတွင် နှစ်ပေါင်းသုံးဆယ်ခန့် နေထိုင်လာသည့် ကျေးရွာတာဝန်ခံ ဦးသိန်းဇံက ပြောသည်။ ဆလုံ သင်္ချိုင်းနေရာ […]

လယ်သမားတို့ရဲ့ ရန်သူအသစ် ရွှေခရု

diz_admin

July 20, 2020

ထားဝယ်ဒေသကထွက်တဲ့ စပါးတွေ ဈေးကွက်မဝင်ဘူး၊ တင်းတောင်းကြီးတွေ နဲ့ရောင်းနေရပါတယ်ဆိုပြီး ညည်းတွားနေ ကြတဲ့ လယ်သမားတွေရဲ့ ရန်သူအသစ် လာပြန်ပါပြီ။ စပါးပင်တွေကို ကိုက်ဖြတ် စားသောက်ဖို့ အဆင်သင့်စောင့်နေတဲ့ မျိုးစိတ်တစ်ခုက ထားဝယ်ဒေသဘက်မှာ ရှိနေပါပြီ။ အဲဒီမျိုးစိတ်က ရွှေခရု ဒါမှမဟုတ် ထိုင်ဝမ်ခရုလို့လည်း ခေါ်ပါတယ်။ သူက ပြည်ပကနေလာတဲ့ မျိုးစိတ်တစ်ခုပါ။ စပါးဖျက် အလွန်ကြမ်းတယ်လို့ သိရတယ်။ စပေါက်တာနဲ့ နုနုထွတ်ထွတ် ပျိုးပင်တွေ ကို ကိုက်ဖြတ်စားသောက်ပါတယ်။ လောင်းလုံးမြို့နယ် မင်းရပ်ကျေးရွာ က လယ်သမားအချို့ ၂၀၁၈ ခုနှစ်မှာ အဲဒီလိုနည်းနဲ့ ရွှေခရုဖျက်တာကို ခံခဲ့ရပါ တယ်။ ထားဝယ်မြစ်ကမ်းနဲ့နီးတဲ့ လယ်ဧက ၃၀ လောက် ရွှေခရုဖျက်တာကို ခံလိုက်ရတာပါ။ မိုးကြီး၊ ရေလျှံတာတွေ ကြောင့် ထားဝယ်မြစ်ရေလျှံထွက်ပြီး လယ်ထဲကို မြစ်ရေတွေနဲ့အတူ […]

မှိုဆိပ်သင့်ခြင်း အန္တရာယ်

diz_admin

July 14, 2020

မှိုများတွင် အန္တရာယ်ကင်းစွာ စားသုံးနိုင်သော မှိုအမျိုးအစားများရှိသကဲ့သို့ အဆိပ်ရှိသော မှိုများစွာ ရှိပါသည်။ အဆိပ်ရှိသော မှိုများအနက် အချို့မှာ ပြင်းထန်စွာ အဆိပ်သင့်စေ၍ အသက်ဆုံးရှုံးစေသည်အထိ ဖြစ်နိုင်ပါသည်။ အဆိပ်ရှိ မှိုများ၏ လက္ခဏာများမှာ၁) မှိုအခြေတွင် အခွက်ပါရှိခြင်း၊၂) မှိုပွင့်၏ အရိုးတံတွင် ခြေချင်းပါ ရှိခြင်း၊၃) မှိုထီးအရွက်တွင် အကြေးဖတ် များ ပြန့်ကျဲခြင်း၄) ထီးရွက်အောက် ပါးဟက်များ ဖြူခြင်း၅) မှိုထီးအရွက် အရောင်အဆင်း တောက်ပခြင်း၆) အစိမ်းရောင်မှိုမျိုးမှုန်များ ထုတ်လွှတ်ခြင်း မှိုဆိပ်သင့်ခြင်း လက္ခဏာများမှာမှိုစားပြီး မိနစ် ၂၀ မှ ၄ နာရီအတွင်း မူးဝေခြင်း၊ အော့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်းတို့ ဖြစ်ပွားနိုင်ပြီး ပြင်းထန်ပါက အသက်ဆုံးရှုံးနိုင်ပါသည်။ ထို့အပြင် ဦးနှောက်နှင့် အာရုံကြောထိခိုက်ပြီး စိတ်အာရုံခြောက်ခြားခြင်း၊ အလွန်အမင်း နိုးကြားလာခြင်းနှင့် […]