ပြည်တော်ပြန်အမျိုးသမီးတို့၏ ရှေ့ခရီး
diz_admin
September 6, 2020မစုသက်လှိုင်တစ်ယောက် ၁၅ နှစ် သမီးအရွယ်တွင် အမေဖြစ်သူနှင့် ထိုင်း သို့ ပါသွားသည်။အမေက ပန်းရန်၊ အအေးခန်း အလုပ်ရုံများတွင် လုပ်ကိုင်ချိန် မစုသက် လှိုင်က အိမ်ခန်းတွင် ထမင်းချက်၊ အိမ်မှုကိစ္စလုပ်ရင်း နှစ်နှစ်ခန့်ကြာလာ သည့်အခါ သူလည်း အလုပ် စရှာသည်။ သူ ၁၈ နှစ်အရောက်တွင် အလုပ် စရသည်။ ပုစွန်အခွံနွှာ၊ ပုစွန်ကျောရိုး ခွဲကာ သန့်ရှင်းရေးလုပ်ရသော အအေး ခန်းစက်ရုံတွင် အလုပ်ရခြင်း ဖြစ်သည်။ တစ်လလျှင် ဘတ် ၄၀ဝ၀ မှ ၅၀ဝ၀ ကြား ရသည်။ “ကီလိုစားဆိုတော့ ကိုယ်လုပ်နိုင် သလောက် (ပိုက်ဆံ)ရတယ်။ ကျွမ်းကျင်သူတွေဆို ပိုရတယ်”မစုသက်လှိုင် က ပြောသည်။ သူလည်း မကြာမီ ကျွမ်းကျင်လာ ပြီး အခြားအလုပ်သမများကဲ့သို့ […]


