ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဆောင်းပါး

အာဏာသိမ်းဂယက်မှာပါသွားတဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲနေ့

diz_admin

December 17, 2022

ကမ္ဘာ့ဖလား ဗိုလ်လုပွဲနေ့ရောက်တော့မယ်။ လေးနှစ်တစ်ကြိမ်ပဲ ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ပြိုင်ပွဲ ဒီလိုပွဲမျိုးဆို ဦးသိန်းဖေတို့ အလွတ်မခံ။ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားမှာတော့ အုပ်စုပွဲစဉ်ကစလို့ ဖိုင်နယ်ပွဲအထိ တစ်ပွဲမှမကြည့်ရသေးတဲ့ ဦးသိန်းဖေက “ဗိုလ်လုပွဲတော့ ရအောင်ကြည့်မယ်လို့ အားခဲထားတယ်” လို့ဆိုပါတယ်။ တကယ်တော့ ကမ္ဘာဖလားဘောလုံးပွဲဆိုတာက ကျား၊မ မရွေး၊ အသက်အရွယ်မရွေး စိတ်ဝင်စားကြတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ ဘောလုံးပွဲစိတ်မဝင်စားပါဘူး ဆိုသူတွေတောင် ကမ္ဘာ့ဖလားဗိုလ်လုပွဲနေမှာတော့ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့အတူ စုပြီးဘောလုံးပွဲကြည့်ရင်း ပျော်ပါဖူးကြသည်ပင်။ ဒါကြောင့်လည်း ကမ္ဘာ့ဖလား ဗိုလ်လုပွဲနေ့ဆိုရင် ဘီယာဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ဟိုတယ်၊ ဘား စတဲ့ လူအများဆုံနိုင်တဲ့နေရာတွေမှာ အထူးအစီအစဉ်တွေနဲ့ ‌ဘောလုံးပွဲကြည့်ကြဖို့ အပြိုင်အဆိုင် ကြော်ငြာလေ့ရှိကြပါတယ်။ ဘောလုံးပွဲဝါသနာပါသူရော၊ ‌ဘောလုံးပွဲအကြောင်း ဘာမှမသိဘူးဆိုသူရော ဒီနေရာတွေကိုသွားပြီး မိတ်ဆွေတွေနဲ့အတူ ဘောပွဲကြည့်ရင်း အော်ကြဟစ်ကြ ပျော်စရာကောင်းတဲ့ […]

ဘတ်ငွေရှားလာတဲ့ အမျိုးသားထု

diz_admin

December 16, 2022

ထားဝယ်မြို့က သုံးဘီးသမား ကိုမင်းမင်းတစ်ယောက် လူသူရှင်းတဲ့ လမ်းဘေးတစ်နေရာမှာ သုံးဘီးကို ရပ်လိုက်ပါတယ်။ ဒါက ညနေစောင်းချိန်တိုင်း မပျက်မကွက် လုပ်လေ့ရှိတဲ့ ကိုမင်းမင်းရဲ့ ဘတ်ငွေပြောင်းရေး လုပ်ငန်းစဉ်အတွက်ပါ။ ဘတ်ငွေဆိုတာက အမျိုးသားတွေနဲ့ ရင်းနှီးတဲ့ အသုံးအနှုန်းတစ်ခုပါပဲ။ မရင်းနှီးတဲ့သူတွေက ထိုင်းနိုင်ငံသုံးငွေကြေးလို့ ထင်နိုင်ကြပေမဲ့ အမျိုးသားတွေကြားမှာတော့ ဘတ်ငွေလို့ပြောလိုက်ရင် တိတ်တိတ်ကလေး ဖယ်ထားတဲ့ ကိုယ်ပိုင်ငွေကြေးဆိုတာ သိကြပါတယ်။ ကိုမင်းမင်းတစ်ယောက် သုံးဘီးရပ်ပြီးတာနဲ့ အိတ်ကပ်ထဲက ငွေစက္ကူတွေကိုရေတွက်ပြီး အချို့ကိုတော့ သေးသေးလေးတွေဖြစ်အောင် ခေါက်ချိုးနေတာက ငွေပဒေသာပင်လုပ်တဲ့ သူထက်တောင် ပိုကျွမ်းကျင်နေပါသေးတယ်။ သေချာခေါက်ထားတဲ့ ငွေစက္ကူတွေကို သုံးဘီးအမိုးပေါ်က ဇစ်တပ်ထားတဲ့ အိတ်တွေ၊ ပိုက်ဆံအိတ်ထဲက အိတ်သေးသေးလေးတွေထဲ ထည့်တော့တာပဲ။ ဒါက သူ့အတွက် ဘတ်ငွေထွက်အောင် နေ့စဉ်လုပ်နေရတဲ့ အလုပ်တစ်ခုဖြစ်ပြီး တစ်နေ့တာဝင်ငွေကို အိမ်ကမိန်းမ မသိအောင် သေးသေးလေးတွေဖြစ်အောင် ခေါက်ပြီးမှ […]

ဒင်နာအချိန်ပြောင်းသွားတဲ့ ဦးရှင်ကြီးနဲ့ အလိုက်သိလွန်းတဲ့ ရွာရှင်နတ်များ

diz_admin

December 9, 2022

ဒင်နာကို ညဦးပိုင်းမှာ စားလေ့ရှိတဲ့ ရေငံတစ်ရိုး အပိုင်စိုးတဲ့ ဦးရှင်ကြီးဟာ အခုတော့ စားသောက်တဲ့အချိန် ပြောင်းလိုက်ရပါပြီ။ ‘ရိုးရာဖျက်ရင် နတ်ကိုင်တတ်တယ်’ ၊ ‘နတ်ကို မရိုမသေမလေးမစားလုပ်တယ်ဆိုရင် ဖမ်းစားတတ်တယ်’ ဆိုပေမယ့် ဦးရှင်ကြီးကတော့ ဒီစည်ကမ်းချက်တွေကို ဖြေလျှော့ပေးလိုက်ရပြီပေါ့လေ။ ကြယ်ရောင်၊ လရောင်အောက်မှာ သုံးဆောင်နေကျ စားတော်ပွဲဟာ အခုတော့ နေရောင်အောက်ကိုရောက်‌သွားခဲ့တာပါ။ ဦးရှင်ကြီးဟာ တန်ခိုးဣဒိပတ်နဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ဆိုပေမယ့် သူ့ကိုပင့်ဖိတ်ပြီး ဆွမ်းကပ်တဲ့ ဦးရှင်ကြီးတင်ပေးတဲ့ ဆရာသမားကိုတော့ သူမလွန်ဆန်နိုင်ရှာဘူးလေ။ ဦးရှင်ကြီးတင်တဲ့ဆရာသမားကလည်း ဦးရှင်ကြီးထက် ပိုကြောက်ရတဲ့သူတွေ ကြီးစိုးနေတဲ့အချိန်မို့ နေမဝင်ခင် ဒင်နာကျွေးဖို့အရေး အချိန်ပြောင်းလိုက်ရတာပါ။ အာဏာသိမ်းပြီးနောက်ပိုင်း နေဝင်မိုးချုပ်ပြီဆိုတာနဲ့ လမ်းမကြီးကနေ လမ်းကြိုလမ်းကြားမကျန် လူသူကင်းမဲ့နေလေ့ရှိပါတယ်။ လူတွေရဲ့ အကြောက်တရားကြီးစိုးလာကြတာနဲ့အတူ ညဘက် ကျေးရွာ၊ ရပ်ကွက်တွေရဲ့လမ်းတွေပေါ် လူသွား၊ လူလာ မရှိ၊ တိတ်ဆိတ်နေတာကိုး။ […]

၁၆ နှစ်ထားပါ နယူးဇီလန်

diz_admin

December 5, 2022

နိုဝင်ဘာ ၂၁။ နိုင်ငံ၏ အမြင့်ဆုံးသော တရားရုံးချုပ်၏ အဆုံးအဖြတ်ကို စိတ်လှုပ်ရှားစွာဖြင့် လူငယ် တစ်စု စောင့်နေကြသည်။ ထို အသက် ၁၈ နှစ် မပြည့်တတ်သေးသော လူငယ်အုပ်စု၏ အဆိုကို တရားရုံးချုပ်က အတည်ပြုပေးလျှင် အဆုံးအဖြတ် အမိန့်သည် နိုင်ငံ၏ သမိုင်းကို အလှည့်အပြောင်း ဖြစ်စေမည့် အမိန့်လည်း ဖြစ်နိုင်သည်။ ရုံးတော်၏ အဆုံးအဖြတ်ထွက်လာသောအခါ ထိုလူငယ်လေး တစ်စု အောင်ပွဲခံကြသည်။ ထိုလူငယ်လေး တစ်စုမျှသာတော့မဟုတ် သူတို့၏ ‘၁၆ နှစ်ထားပါ။ နယူးဇီလန် (Make it 16 NZ)’ လှုပ်ရှားမှုကို ထောက်ခံကြသော လွှတ်တော်အမတ်များ နှင့် ပြည်သူတို့ ပျော်ကြသည်။ ထိုလှုပ်ရှားမှုမှာ အသက်၁၆ နှစ်ပြည့် သူတိုင်းကို နိုင်ငံ၏ ရွေးကောက်ပွဲများတွင် တရားဝင် […]

ဆန္ဒပြသူတွေကိုတရုတ်အာဏာပိုင်တွေ ဘယ်လိုခြေရာခံပြီး ဖိနှိပ်နေသလဲ

Ba Maung

December 5, 2022

တရုတ်မှာ ဆန္ဒပြပွဲတွေ ရက်သတ္တပတ်ကြာ ပြုလုပ်ပြီးနောက် အာဏာပိုင်တွေဟာ ဦးဆောင်ဆန္ဒပြသူတွေကို နိုင်ငံတော်ပိုင် စောင့်ကြည့်ရေးကိရိယာ အစုံအလင်သုံးကာ ရှာဖွေဖော်ထုတ်နေပါတယ်။ တရုတ်နိုင်ငံရဲ့ တင်းကျပ်လွန်းတဲ့ ကိုဗစ် မူဝါဒတွေကို ဆန္ဒပြဖို့ တနင်္ဂနွေနေ့က ဘေကျင်းကို သွားခဲ့တဲ့ အသက် ၂၀ အရွယ် မစ္စတာဂျန်(အမည်လွှဲ) ဟာ သူ့မျက်နှာကို မမြင်သာအောင် သူဟာ သိုးမွေးခေါင်းစွပ်နဲ့ မျက်မှန်အကြီးကြီးတစ်လက်နဲ့ အကျအန ပြင်ဆင်သွားခဲ့ပါတယ်။ ရဲတွေသတိထားမိလောက်ချိန်မှာ အနီးနားက ချုံပုတ်တွေမှာ အနွေးထည်အသစ်တစ်ထည် ပြောင်းလဲဝတ်ဆင်ပြီး မျက်ခြေဖြတ်ပစ်ခဲ့ပါသေးတယ်။ ဒီလိုနဲ့ ရဲလက်က လွတ်လာတဲ့ ဒီလူငယ်ဟာ ထိုညမှာ အိမ်ကို ချောချောမွေ့မွေ့ ပြန်လာနိုင်ခဲ့တယ်။ ဒါပေမဲ့ သူ တကယ် မလွတ်မြောက်ခဲ့ပါဘူး။ နောက်တစ်ရက်မှာ အာဏာပိုင်တွေက သူ့ဖုန်းကနေတစ်ဆင့် ဆက်သွယ်လာပြီး ဆန္ဒပြပွဲ ပြုလုပ်ရာ နေရာတွေမှာ […]

ယမ်းငွေ့များကြား ဖူးပွင့်ခွင့်မရသည့် ပန်းကလေးများ

diz_admin

December 4, 2022

ကျောင်းစာသင်ခန်းနှင့် သုံးနှစ်ဝေးကွာသွားပြီဖြစ်သည့် လူမမယ်အရွယ် သားသမီးသုံးဦးအရေးကြောင့် မယု (အမည်လွှဲ) စားမဝင်၊ အိပ်မပျော်ဖြစ်နေရသည်။ ပညာမတတ်လျှင် မိဘများကဲ့သို့ပင် ဘဝကို ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲ ဖြတ်သန်းရမည်ကို တွေးပူကာ သောက ရောက်နေခြင်းဖြစ်သည်။ “ကလေးတွေရဲ့ဘဝ ကျွန်မတို့လိုဖြစ်လာမလား တွေးပြီး စားမဝင်အိပ်မပျော်ဖြစ်ရတယ်။ စာမတတ်ရင် ရွာမှာက ကျွဲလိုနွားလို ရုန်းကန်မှထမင်းစားရမှာကိုး” ဟု မယုက ပြောသည်။ တနင်္သာရီမြို့နယ် လယ်သစ်ရွာသူ အသက် ၃၈နှစ်အရွယ်ရှိ မယုတွင် ၇ တန်း၊ ၄ တန်းနှင့် သူငယ်တန်းနေ ကလေး သုံးဦးရှိသည်။ လက်ရှိတွင် ၎င်း၏ ကလေးငယ်များ ကျောင်းမတက်ရသည်မှာ ၃ နှစ်တင်းတင်း ပြည့်နေပြီဖြစ်သည်။ တနင်္သာရီတိုင်းတွင် ကျောင်းမတက်ကြရသည်မှာ မယု၏ ကလေးတို့သာမဟုတ်။ နိုင်ငံရေးပဋိပက္ခကြားတွင် ရင်သွေးများစွာ၏ လှပသည့်အနာဂတ်မှာ တစ်စတစ်စ […]

စိတ်မရှည်ချင်စရာ ညောင်ခါးရှည်မှာ မပြောဝံ့ကြသည့် ခရီးသွားများ

diz_admin

November 18, 2022

နေပူပူ ကွင်းပြင်ကျယ်အတွင်း တန်းစီရပ်ထားသည့် ကားပေါ်တွင် ရန်ကုန်သွားမည့် ထားဝယ်သား ကိုကျော်တစ်ယောက် ချွေးအလိမ်းလိမ်းဖြင့် ထိုင်နေရင်း စိတ်မရှည်ဖြစ်နေသည်။ ကိုကျော် စီးလာသည့်ကား၏ အရှေ့ဘက်နှင့် အနောက်ဘက်တွင် ကားတန်းကြီးက မျက်စိတစ်ဆုံးပင်။ ထိုနေရာတွင် ခရီးသည်တင် ကားကြီး ကားအသေးမှအစ မြေတင်ကား ကုန်တင်ကားကြီးတွေအဆုံး နာရီပေါင်းများစွာ တန်းစီနေရခြင်းဖြစ်သည်။ ယင်းနေရာရောက်နေသည့် ကိုကျော်အပါအဝင် ခရီးသွားများမှာ အပေါ့အလေးသွားမည့် အိမ်သာဟူ၍ ဗလာနတ္ထိ၊ ထမင်းဆိုင် စားသောက်ဆိုင်ဆိုလျှင်လည်း ဝေလာဝေး။ သနပ်ခါးပါးကွက်ကျား လိမ်းထားသည့် ပျံကျဈေးသည်အချို့က ရေသန့်၊ကြက်ဉပြုတ်ကဲသို့ သရေစာ (အဆာပြေမု့န်များ) ရောင်းနေသည်ကိုသာတွေ့ရသည်။ ထိုအခြေအနေတွင် ခရီးသွားများအဖို့ လွင်တီးခေါင်ပြင်၌ ရပ်ထားသည့်ကားပေါ် ငုတ်တုတ်ထိုင်စောင့်နေရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ ယင်းနေရာကား တနင်္သာရီတိုင်း၊ မွန်နှင့်ကရင်ပြည်နယ်နေ ပြည်သူများ မဖြစ်မနေ ဖြတ်သန်းအသုံးပြုနေရသည့် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိနေပေသည်။ ထို့အပြင် […]

ရက်ပေါင်း ၆၄၀ အကြာ အာဏာဖီဆန်ရေးဒေါက်တိုင်များ

diz_admin

November 14, 2022

ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင်မြို့ရှိသစ်စက်လုပ်ငန်းခွင်တွင် ယောက်ျားများနှင့်အပြိုင် လုပ်ကိုင်နေသည့် အသက် ၃၀ နှစ်အရွယ် အသားဖြူဖြူ အမျိုးသမီးတစ်ဦး။ တစ်ချိန်က မြေဖြူခဲကိုင်ခဲ့သည့် သူ၏လက်တစ်စုံမှာ အခုတော့ လွှစက်များအကြားတွင် သစ်တုံးကြီးများကို ထမ်းမကာ ခပ်ကြမ်းကြမ်း လုပ်ကိုင်နေရသည်။ သူက လောင်းလုံးမြို့နယ်မှ ကျောင်းဆရာမ ဒေါ်နှင်းပွင့်ဖြစ်သည်။ ကျောင်းဆရာမ ဒေါ်နှင်းပွင့်သည် စစ်အာဏာသိမ်းမှုလက်မခံဘဲ အာဏာဖီဆန်ရေး CDM လုပ်ထားသူဖြစ်သည်။ သို့သော်ပြည်တွင်းတွင် CDM များကို စစ်တပ်က ဖမ်းဆီးနေမှု၊ အလုပ်အကိုင်ခက်ခဲမှု၊ ထိုင်စားရသဖြင့် အကြွေးတက်လာမှုတို့ကြောင့်  မွေးရပ်မြေထက် ပိုမိုလုံခြုံပြီး အလုပ်အကိုင်ပေါ့သည့် ထိုင်းနိုင်ငံကို သွားရောက်ရန် ဆုံးဖြတ်ခဲ့သည်ဟု ဒေါ်နှင်းပွင့်က ပြောသည်။ ယင်းကြောင့် CDM လုပ်ပြီး ၁၉ လ အကြာ လွန်ခဲ့သည့် သုံးလခန့်က တရားမဝင် လမ်းကြောင်းမှနေ ထိုင်းနိုင်ငံကို […]