အသက်ကိုရင်း၍ ခရေပွင့်ကောက်ကြသူများ
diz_admin
February 21, 2023လူသူကင်းမဲ့နေသည့် ထားဝယ်မြို့အတွင်းလမ်းမပေါ်တွင် ကားတစ်စီးအရှိန်ပြင်းပြင်းဖြင့် ဒုန်းစိုင်းမောင်းနှင်နေသည်။ ကိုမျိုးသူ မောင်းလာသည့်ကားလေးပေါ်တွင် လူငယ် ၂ ဦး လိုက်ပါလာပြီး တစ်စုံတစ်ရာကို ကူနိုင်ရန်အတွက် အဆင်သင့်ပြင်ထားကြသည်။ “ခရေ ကောက်မယ်။ သုံး ငါး လုပ်ပါ” ယင်းမှာ လူနာသွားသယ်ရန် အဆင်သင့်ပြင်ခိုင်းခြင်းဖြစ်သည်။ စကားပြောစက်မှ ထွက်လာသည့် စကားဝှက်အသံ ကြားရသည့်အတွက် အရေးပေါ်လူနာ သယ်ဆောင်ပေးရန် ကိုမျိုးသူတို့ ထွက်ခွာလာခြင်းဖြစ်သည်။ အချိန်ကား ထားဝယ်မြို့လမ်းပေါ်၌ လူမဆိုထားနှင့် ခွေးတစ်ကောင် ကြောင်တမြီးပင် မထွက်ဝံ့သည့် ည ၁၁ နာရီဝန်းကျင်။ စစ်ကောင်စီက ည ၁၀ နာရီမှ နံနက် ၄ နာရီအထိကို ညမထွက်ရအမိန့်ထုတ်ထားသည့်အတွက် လမ်းမပေါ်တွင် လူသူမရှိ တိတ်ဆိတ်ခြောက်ကပ်နေသည်။ ယင်းအချိန်တွင် စစ်ကောင်စီတပ်က ကားများဖြင့်ကင်းလှည့်နေပြီး လမ်းပေါ်တွင်လူတွေ့ပါက ပစ်ခတ်ဖမ်းဆီးလေ့ ရှိသည်။ […]


