ဆူးကိုနင်း၍ ကမ်းသောလက်များ
Dawei Watch
July 12, 2023တော တောင်တွေထဲ ပင်ပန်းဆင်းရဲမှုဒဏ်တွေ၊ စိတ်ဓာတ်ကျစရာတွေ အကြိမ်ကြိမ်ကြုံရပေမယ့် ကိုယ်လွတ်ရုန်း မထွက်သွားရက်သူတွေ ရှိနေပါတယ်။ သူ့တို့ ဘဝနဲ့နှိုင်းစာရင်၊ သူတို့ကြုံနေရတဲ့ အခက်အခဲတွေနဲ့နှိုင်းစာရင် စစ်ဘေးရှာင်ပြည်သူတွေရဲ့ ဒုက္ခတွေက ပိုပြီးကြီးမားကြောင့် ခံယူထားလို့ပါပဲ။ နေအိမ်မီးရှို့ခံရလို့ အိုးအိမ်မဲ့သွားတဲ့သူတွေ၊ သတ်ဖြတ်ခံရလို့ မိသားစု မစုံတော့တဲ့သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို နည်းပါးသက်သာဖို့အတွက် သူ့ခွန်အားနဲ့ နိုင်သလောက်သယ်ကူညီဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ပြောလာသူက ကိုယောနသံဖြစ်ပါတယ်။ “ကျွန်တော်တို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ရဲ့ ရည်မှန်းချက်ကလည်း စစ်ဘေးရှောင်တွေရဲ့ ဆင်းရဲဒုက္ခတွေ နည်းပါး သက်သာရေးဆိုတာရှိတယ်။ အဲဒါကြောင့်လည်း သူတို့ရဲ့ ဆင်းရဲဒုက္ခတွေ နည်းပါးရေးအတွက် ကူညီပေးနေတာ ဖြစ်တယ်” လို့ သူက ပြောပါတယ်။ ကိုယောနသံလိုပဲ တနင်္သာရီတိုင်းထဲက စစ်ဘေးရှောင်ပြည်သူတွေကို အနေအစားဆင်းရဲ ခက်ခဲပင်ပန်းမှုများစွာ ကြားထဲကနေ ကူညီနေသူတွေ ရှိနေပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီဖို့ ရည်ရွယ်ချက်နဲ့ […]


