စစ်ကောင်စီလက်ထက် အားကိုးရာမဲ့နေသည့် MoU လုပ်သားများ
Dawei Watch
January 21, 2024ဗိုက်ခွဲပြီး ကလေးမွေးထားသည်မှာ လပိုင်းသာရှိသေးသည့် မသူဇာတစ်ယောက် အုန်းပင်တက်သည့်အလုပ်ကို ခက်ခက်ခဲခဲ လုပ်ကိုင်နေရသည်။ ထိုင်းနိုင်ငံ စမွတ်စွန်ခရမ်ရှိ အုန်းတောအတွင်း အသက် ၂၈နှစ်အရွယ် မသူဇာက အမျိုးသားများပင် လုပ်ကိုင်ရခက်ခဲသည့် အလုပ်ကို လုပ်နေရသည်။ အုန်းရည်ခံထားသည့် ခွက်များကို တက်ယူနေရခြင်းဖြစ်သည်။ သူမအဖို့ မကျွမ်းကျင်သည့် အလုပ်ကို လုပ်နေရသဖြင့် အဆင်ချောနေသည်တော့ မဟုတ်ပေ။ အုန်းပင်ပေါ်မှ အောက်ကို အမြဲတမ်း ချော်ကျလေ့ရှိပြီး အမျိုးသမီးတစ်ဦး မပြောအပ်သည့်နေရာတွင် အမြဲတမ်းဒဏ်ရာရလေ့ရှိသည်။ မွေးရပ်တွင် ကျန်ရစ်ခဲ့သည့် ၇ လအရွယ်သမီးနှင့် ကျန်းမာရေးမကောင်းသည့် ခင်ပွန်းသည်တို့ကို ထောက်ပံ့နိုင်ရန် MoU စနစ် ဟု လူသိများသည့် ထိုင်းနိုင်ငံသို့ တရားဝင်နည်းလမ်းဖြင့် လာရောက်လုပ်ကိုင်သော်လည်း စာချုပ်ပါအလုပ်အတိုင်း မလုပ်ရဘဲ အခက်အခဲများစွာ ကြုံနေရခြင်း ဖြစ်သည်။ နှစ်နိုင်ငံအစိုးရနားလည်မှုစာချွန်လွှာ MoU စနစ်ဖြင့် […]


