ပြည်သူ့ငွေများ ခိုးယူခံလိုက်ရခြင်း
Dawei Watch
June 6, 2024အာဏာသိမ်းပြီး ရက်ပေါင်း ၁၂၀၀ ကျော်လာချိန်တွင် ပြည်သူများမှာ ထမင်းနပ်မှန်အောင် မစားနိုင်ကြတော့။ အာဏာမသိမ်းခင်က ချောင်ချောင်လည်လည် နေနိုင်စားနိုင်ခဲ့သည့် အခြေခံပြည်သူများမှာ ယခုတွင်တော့ ထမင်းနပ်မှန်ဖို့ပင် မလွယ်တော့သည့် အခြေအနေကို ဆိုက်ရောက်လာနေသည်။ အချို့မှာ ယခင်ကဲ့သို့ အလုပ်ကိုယ်စီတော့ ရှိကြသည်။ အချို့မှာ ယင်းအချိန်တုန်းက ထက်ပင် လုပ်ခလစာပိုမိုရနေသော်လည်း ယခုထမင်းနပ်မမှန်တော့ပေ။ စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်ကြာလာချိန်တွင် အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၄၆၀၀ ခန့်အထိ ရောက်ရှိသွားခဲ့သည်။ အာဏာမသိမ်းခင်က တစ်ဒေါ်လာ ကျပ် ၁၃၀၀ ကျော်သာရှိသည်ဖြစ်ရာ ၃ နှစ်အတွင်း မြန်မာကျပ်ငွေတန်ဖိုးမှာ ၄ ဆနီးပါးခန့် တန်ဖိုးကျသွားခဲ့သည်။ ယင်းကြောင့် အာဏာမသိမ်းခင်က အခြေခံလုပ်ခလစာမှာ တစ်ရက် ၄၈၀၀ ကျပ် (၃ ဒသမ ၆ ကန်ဒေါ်လာ)ဖြစ်ပြီး […]


