စစ်အုပ်စု စီစဉ်ထားသလို ဖြစ်မလာသည့် လောင်းလုံးက ရွေးကောက်ပွဲ
Dawei Watch
January 25, 2026ရွေးကောက်ပွဲ အပိုင်း ၃ တွင်ပါဝင်သည့် လောင်းလုံးမြို့နယ် ရွေးကောက်ပွဲမှာ စစ်အုပ်စုက မူလစီစဉ်ထားသည့်အတိုင်း မဖြစ်လာဘဲ ဖြစ်သလိုသာ လုပ်လိုက်ရသော အခြေအနေမျိုး တွေ့ရသည်။ လောင်းလုံးမြို့နယ်တွင် ရပ်ကွက်လေးရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၄၁ အုပ်စု ရှိသည့်အနက် မြို့ပေါ် ၄ ရပ်ကွက်နှင့် မောင်းမကန်၊ စခန်းကြီး၊ ကမြောကင်း ကျေးရွာအုပ်စုတို့တွင်သာ ရွေးကောက်ပွဲ ကျင်းပမည်ဟု စစ်အုပ်စုက စီစဉ်ထားသည်။ သို့သော် အမှန်တကယ်ရွေးကောက်ပွဲပြုလုပ်သည့် ယနေ့တွင်မူ လောင်းလုံးမြို့ပေါ်တွင် မဲရုံမဖွင့်နိုင်တော့ဘဲ ၎င်းမဲရုံကို ထားဝယ်မြို့အနီး ကမြောကင်းရွာရှိ ထားဝယ်တက္ကသိုလ်သို့ ပြောင်းရွှေ့လိုက်ရသည်။ တော်လှန်ရေးတပ်တို့က ရွေးကောက်ပွဲ အကြိုနေ့ကတည်းက တိုက်ခိုက်မှုကြောင့် လုံခြုံရေးအခြေအနေအရ မြို့ပေါ်တွင် မဲပုံးမထောင်နိုင်တော့ခြင်းဖြစ်သည်။ ထိုသို့ မဲရုံရွှေ့လိုက်သဖြင့် မြို့ခံအချို့မှာ တကူးတကသွားရောက်မဲပေးစရာမလိုတော့ကြောင်း ပြောဆိုကြသည်။ “ထားဝယ်တက္ကသိုလ်ထဲ(မဲရုံ) ပြောင်းလိုက်တော့ တကူးတကမဲထည့်မယ့်သူကလွဲပြီး […]


