ရွှေကုက္ကိုနဲ့ တရုတ်သူလျှို
Dawei Watch
October 5, 2024အာရှတိုက်ရဲ့ လျှို့ဝှက်အသိရအခက်ဆုံးနေရာတွေထဲကတစ်ခုဟာ စစ်မီးတောက်လောင်နေတဲ့ မြန်မာပြည်တစ်နေရာမှာ နီယွန်မီးရောင်တွေနဲ့ လင်းထိန်နေလေရဲ့။ ဒုစရိုက်မြို့သစ် မွေးဖွားခြင်း မြဝတီမြို့နဲ့ ဆယ်မိုင်လောက်ဝေးတဲ့ လယ်ကွင်းတွေကြားမှာ စပါးပင်တွေအစား အထပ်မြင့်တိုက်တွေ ပေါက်လာတယ်။ မှောင်မည်းတိတ်ဆိတ်နေတဲ့ ရွာလမ်းကလေးတွေဟာ နီယွန်မီးရောင် လင်းထိန်နေတဲ့ မြို့ပြလမ်းမ ဖြစ်လာတယ်။ ၂၀၁၇ မတိုင်ခင်အထိ သောင်ရင်းမြစ်ကမ်းဘေးမှာ အိပ်မောကျနေခဲ့တဲ့ ရွာလေးဟာ မယုံနိုင်စရာ မြို့တစ်မြို့ဖြစ်လာခဲ့တယ်။ ဒုစရိုက်မှုတွေ မင်းမူနေတဲ့ မြို့။ ‘ရွှေကုက္ကို’ ။ ဒီနေရာဟာ ‘မြန်မာပြည်ရဲ့ မကာအို’ ၊ ‘လပ်စ်ဗီးဂတ်စ်ရဲ့ မြန်မာဗားရှင်း’လို့ အချို့က တင်စားကြတယ်။ ဒီနေရာဟာ ဘယ်လိုနေရာမျိုးလဲ။ အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျုရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Jason Tower ဒီလို ရှင်းပြပါတယ်။ “မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ အကျဉ်းထောင်လို ဒီတသီးတခြားနေရာတွေမှာ အလုပ်လုပ်ဖို့ လူတွေ […]