ထားဝယ် စစ်ကြောရေးမှ အပြန်
diz_admin
November 23, 2021စစ်အာဏာသိမ်းပြီးတဲ့နောက် ပုံစံအမျိုးမျိုးတဲ့ အဖမ်းခံရတဲ့သူ ထားဝယ်ဒေသမှာ လူရာချီ ရှိပါတယ်။ အချို့က ရက်ပိုင်းနဲ့ ပြန်လွတ်လာကြသလို အချို့ကလည်း ဖမ်းဆီး တရားစွဲ၊ ထောင်ချခံရတာတွေ ရှိခဲ့ပါတယ်။ တရားစွဲဆိုတဲ့ အဆင့်မရောက်မီ၊ ထောင်ထဲမရောက်မီ ထုံးစံအတိုင်း စစ်ကြောရေး ကာလကို ဖြတ်သန်းရပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုမှာ ပါဝင်လို့ဆိုပြီး ဖမ်းဆီးထိန်းသိမ်းခံရသူတွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက စစ်ကြောရေးမှာ အမျိုးမျိုးသော နှိပ်စက်ညှင်းပန်းမှု တွေပြုလုပ်ခဲ့ကြတယ်လို့ ပြီးခဲ့တဲ့ လက လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လွတ်လာသူတွေက ရင်ဖွင့်ပါတယ်။ ဖမ်းဆီးခံရပြီးနောက် ထားဝယ်စစ်ကြောရေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ နှိပ်စက်ညှင်းပန်းခံခဲ့သူတွေထဲမှာ သရက်ချောင်းမြို့နယ်၊ ကျွဲမင်းကုန်းရွာက ပြင်ပကျောင်းဆရာ ကိုရန်ပိုင်ဦးလည်း ပါဝင်ပါတယ်။ ကိုရန်ပိုင်ဦးဟာ ထားဝယ်မြို့ပေါ်က ကွမ်းယာဆိုင်တစ်ခုမှာ ကွမ်းဝယ်နေတုန်း အိမ်စီးကား တစ်စီးထိုးရပ်လာပြီး အရပ်ဝတ်နဲ့ လူ ၇ ယောက်လောက်က […]