စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်
diz_admin
March 26, 2022ကိုယ်ဝန်ရှိနေပြီဆိုတာကို သိတဲ့အချိန်မှာ ဒေါ်ချိုချိုက စစ်ဘေးရှောင်ဘဝ ရောက်ခဲ့ရလေပြီ။ ကိုယ်ဝန်ရှိမှန်း သိတဲ့အချိန်ကတည်းက ပြေးလွှားရှောင်ပုန်းနေရတဲ့သူမ မတ်လ ၁၃ ရက်နေ့မှာတော့ စစ်ဘေးရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေသူတွေရဲ့ အကူအညီနဲ့ သူမရဲ့ ဒုတိယမြောက် ရင်သွေးလေးကို ခဲရာခဲဆစ် မွေးဖွားသန့်စင်ခဲ့ရပါတယ်။ အိုးပစ်၊ အိမ်ပစ် ပြေးလွှားရှောင်ပုန်းနေရတဲ့ ဒီကာလမှာ ဒီကိုယ်ဝန်ကို အရပ်လက်သည်နဲ့ပဲ မီးဖွားဖို့ ဒေါ်ချိုချို စိတ်ပိုင်းဖြတ်ထားခဲ့တာပါ။ ပိုက်ဆံရှိရင်တောင်မှ ကိုယ်စားဖို့အတွက် ရွာပြင်ထွက်ပြီး ဈေးဝယ်လို့မရတဲ့ အခြေအနေမှာ ကျန်းမာရေး စောက်ရှောက်မှုခံယူပြီး ဆေးရုံ၊ ဆေးခန်းမှာ ကလေးမီးဖွားဖို့ဆိုတာ ဒေါ်ချိုချိုလို စစ်ဘေးရှောင်ရင်း ပြေးလွှားနေရတဲ့သူအတွက် ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ သူတွက်ဆထားပြီးသားပါ။ “ကျွန်မသမီး အကြီးမတုန်းကတော့ ဆေးဝါးတွေပြည့်ပြည့်စုံစုံနဲ့ မွေးခဲ့ရတာ။ အခုက ကျွန်မတို့မှာ ရွေးချယ်စရာ မရှိဘူး။ ပိုက်ဆံရှိရင်တောင်မှ သွားဝယ်စားလို့ မရဘူးလေ။ […]