ကြိုးတန်းပေါ်က နန်းဆက်
Dawei Watch
July 6, 2025ကမ္ဘာပေါ်က ဝင်ငွေအလယ်အလတ်အဆင့်တိုင်းပြည်တွေထဲမှာ စစ်အာဏာသိမ်းမှုတွေ ပုံမှန်ဖြစ်နေတဲ့ တစ်ခုတည်းသော တိုင်းပြည်ဟာ ထိုင်းနိုင်ငံပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရေးလောကကို လူတစ်ယောက်နဲ့ သူ့မိသားစုရဲ့ နာမည်က ၂၅ နှစ်ကြာ လွှမ်းမိုးလာခဲ့ပါတယ်။ သက်ဆင်နဲ့ သူ့ရဲ့ ရှင်နာဝပ်မိသားစုပါပဲ။ လက်ရှိဖြစ်ပေါ်နေတဲ့ ထိုင်းနိုင်ငံရေး မတည်ငြိမ်မှုတွေကြားမှာ ရှင်နာဝပ်မိသားစုဝင် ထိုင်းဝန်ကြီးချုပ် တစ်ယောက်ဟာ နောက်တစ်ကြိမ် အာဏာလက်လွှတ်ရမယ့် အနေအထားမျိုး ရောက်လာခဲ့ပါတယ်။ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။ ရှင်နာဝပ်နန်းဆက်ရဲ့ နေဝင်ချိန် စနေပြီလား။ ကြိုးတန်းပေါ်က နန်းဆက် ဇူလိုင်လ ၁ ရက်နေ့မှာ ထိုင်းနိုင်ငံရဲ့ အခြေခံဥပဒေခုံရုံးက ဝန်ကြီးချုပ်ပေထုန်တန်ရှင်နာဝပ်ကို ရာထူးကနေ ဆိုင်းငံ့လိုက်ပါတယ်။ လက်ရှိဖိအားပေါင်းစုံအောက်မှာ အာဏာဆက်မြဲဖို့ ရုန်းကန်နေရတဲ့ ပေထုန်တန်ရဲ့ အစိုးရအတွက် ဧရာမထိုးနှက်ချက်တစ်ခု ဖြစ်ပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ပေထုန်တန်တို့အကြားက အငြင်းပွားနယ်စပ်အရေး ဖုန်းပြောဆိုမှုအသံဖိုင် […]


