ကိုယ်ဝန်ဆောင်ချိန် ပါရာစီတမောသောက်သဖြင့် အော်တစ်ဇင် ဖြစ်နိုင်ဆိုသော ထရမ့်၏ပြောဆိုချက် ပညာရှင်များ လက်မခံ
Dawei Watch
September 23, 2025ကလေးများတွင် အော်တစ်ဇင်ဖြစ်ပွားမှုနှင့် ဆက်နွယ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ အက်စီတမိုင်နိုဖန် (ပါရာစီတမောဟု လူသိများသည်) ဆေးဝါးကို အသုံးပြုခြင်းအား ကန့်သတ်သင့်သည်ဟူသော ဒေါ်နယ်လ်ထရမ့်အစိုးရအဖွဲ့၏ အကြံပြုချက်ကို အခြေအမြစ် မရှိကြောင်းနှင့် မလိုအပ်သော စိုးရိမ်မှုများကို ဖြစ်ပေါ်စေကြောင်း ပညာရှင်များက ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင်ရှုတ်ချကြသည်။ အဆိုပါကြေညာချက်ကို အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က “ကျွန်တော်တို့ဟာ အော်တစ်ဇင်( Autism) တွေအတွက် အဖြေတစ်ခုကို ရှာတွေ့ပြီလို့ ထင်ပါတယ်” ဟု ရဲရဲဝံ့ဝံ့ ကြေညာခဲ့ခြင်းနှင့်အတူ မီးမောင်းထိုးကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်နှင့် ကမ္ဘာတစ်ဝန်းရှိ ကျွမ်းကျင်သူအများအပြားသည် ကိုယ်ဝန်ဆောင်စဉ် ပါရာစီတမောသောက်သုံးခြင်းက ကလေးများအတွက် အော်တစ်ဇင်ရောဂါ ရရှိနိုင်ခြေကို တိုးစေကြောင်း ခိုင်မာသည့် အထောက်အထားမရှိဟု ထောက်ပြပြီး အဆိုပါကြေညာချက်ကို အလျင်အမြန်ပင် ဝေဖန်ခဲ့ကြသည်။ ပညာရှင်အချို့က အေဘီစီသတင်းဌာနသို့ ယခုကိစ္စနှင့်စပ်လျဉ်း၍ “သိပ္ပံပညာကို […]


