ဒွန်ရိုးဝါဒ ကန့်လန့်ကာဖွင့်ချိန်
Dawei Watch
January 15, 2026ဗင်နီဇွဲလားအပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်မှုတွေကနေ ဘာတွေ ရဖို့ ရည်မှန်းထားသလဲလို့ အမေးခံရတဲ့အခါမှာ ဒေါ်နယ်ထရမ့်ဟာ ဝေဝေဝါးဝါးပဲ အဖြေပေးလေ့ရှိပါတယ်။ အမေရိကန်နိုင်ငံထဲကို ရွှေ့ပြောင်းအခြေချသူတွေနဲ့ ရာဇဝတ်သားတွေ ဝင်မလာအောင် တားဆီးဖို့ ၊ အမေရိကန်နိုင်ငံထဲကို ဗင်နီဇွဲလားက မူးယစ်ဆေးဝါးတွေ စီးဝင်မလာအောင် ဖြတ်တောက်ဖို့ ၊ အခြားနိုင်ငံတော်တော်များများမှာလိုပဲ ဗင်နီဇွဲလားမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာကတည်းက နိုင်ငံပိုင်အဖြစ် သိမ်းယူထားတဲ့ ရေနံသယံဇာတတွေကို အမေရိကန်က ပြန်လည်ရယူဖို့ စတာတွေကိုပဲ ဒေါ်နယ်ထရမ့်က အကြောင်းပြခဲ့တာပါ။ ဗင်နီဇွဲလားမှာ အစိုးရအပြောင်းအလဲလုပ်မယ်ဆိုတဲ့ စကားကိုတော့ သူ မပြောခဲ့သလောက်ပါပဲ။ မူဆလင်ကမ္ဘာမှာ ‘ထာဝရမပြီးဆုံးနိုင်တဲ့ စစ်ပွဲတွေ’နဲ့ ဆယ်စုနှစ်များစွာကြာခဲ့ပြီးနောက်မှာ အမေရိကန်ရဲ့ နောက်ထပ်ပြည်ပဝင်ရောက်စွက်ဖက်မှုတစ်ခု ပေါ်လာမှာကို သူ့ကို ထောက်ခံသူတွေ စိုးရိမ်နေမှန်း ဒေါ်နယ်ထရမ့်က သိနေခဲ့လို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဇန်နဝါရီလ ၃ […]


